-->

စင်္ကာပူ နိုင်ငံမှာ မှီတင်းနေထိုင်ကြသော ရွှေမြန်မာ (ညီအကို မောင်နှမ) များ အား သတင်းပေး အပ်ပါတယ်ရှင်။
ကျွန်မ သွားရင်းလာရင်း ဘစ်ကား မှတ်တိုင်တစ်ခုရဲ့ ကြောငြာ ဆိုင်းဘုတ်မှာ တင်ထားတဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတု တော်မြတ် တစ်ဆူ ရဲ. ပုံတော်ကို ဖူးမြင် လိုက်ရ တာကြောင့် ပုံတော် အား အနီးကပ် ကြည်ညို ဖူးမျော်ပြီး ဓတ်ပုံရိုက် ယူခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်စိမ်း ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ် တစ်ဆူ ဖြစ်တယ်လို. ဆိုပါတယ်။ ဒါကြောင့် စင်္ကာပူမှာ နေထိုင်တဲ့ ရွှေညီအကို မောင်နှမ များ အားလုံး သွားရောက် ဖူးမျော် နိုင် ပါကြေင်း တိုက်တွန်းနိုးဆော် သတင်းကောင်း ပါးအပ် ပါတယ်ရှင်။
လိပ်စာကတော့
NEE ANN CITY CIVIC PLAZA
391 Orchard Rd 238873
Transport
Nearby Stations: Orchard
Bus Lines: 7, 14, 16, 65, 111, 123, 175, 502
ဖူးမျှော်နိုင်မဲ့ ရက်တွေကတော့
13 JAN 2012
8PM- 10 PM
14- 24 JAN 2012
10AM – 10PM
ဓတ်ပုံထဲမှာ ပါတဲ့ အတိုင်း ကူးယူဖော်ပြတာပါ။
Posted By - မေစိုး ( ရွှေမန္တလေး)
~~~~~~~~~~~~~~~~~~~~~~~~~~~~

WORLD’S LARGEST JADE BUDDHA
2.7 METERS TALL , WEIGHT 4TONGS
NEE ANN CITY CIVIC PLAZA
13 JAN 2012
8PM- 10 PM
14- 24 JAN 2012
10AM – 10PM
Address
391 Orchard Rd 238873
Transport
Nearby Stations: Orchard
Bus Lines: 7, 14, 16, 65, 111, 123, 175, 502
Posted By - မေစိုး (Shwe Mandalay)
ဆက်ဖတ်ရန်>>>
(Week end) လို.ခေါ်တဲ့ စနေ၊ တနင်္ဂနွေ ဆိုတာ ကျွန်မ တို.လို ရုံး တက် ၊ ရုံးဆင်း လုပ်ရတဲ့ ၀န်ထမ်းတွေ အတွက် ကတော့ မင်္ဂလာ နေ.တွေလို. ပြောရ မလားပဲနော်။ များသောအားဖြင့် ရုံးပိတ်ရက်တွေ မှာမှ ကိုယ်ရေး ကိုယ်တာ ကိစ္စလေး တွေနဲ့ လူမူ.ရေး ကိစ္စအ၀၀ ကို ဆောင်ရွက် ကြရတယ်လေ။ ကျွန်မ ကတော့ စနေ နေ.မှာ နေ.တစ်ဝက် ရုံးတက်ရ ပါသေးတယ်။ ဒီနေ. ရုံးဆင်းခါနီး (၁၂) နာရီလောက် မှာ ကျွန်မ အမ လိုခင်တဲ့ မမြခွာညို ဆီက ဖုံး ၀င်လာပါတယ်။ “ ဒီကနေ. ဆန်တိုဆာ ကျွန်းက Universal Studios theme park (ယူနီဗာဆယ် စတူဒီယို အပန်းဖြေ ဥယျာဉ်) မှာ ၀င်ကြေး ငါးဒေါ်လာ နဲ့ ညနေ(ရ) ခုနှစ်နာရီ မှစပြီး ည ကိုးနာရီ ထိ လည်ပတ်လို. ရကြောင်းကို ကြော်ငြာ မောင်းခတ်လိုက် ခြင်းပင် ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ “တို.အဖွဲ. တွေ သွားလည် ကြရအောင်” အမ လက်မှတ်ဝယ် ဖို.စာရင်းထဲ ထည့်လိုက်ပြီနော်၊ လိုက်ကို လိုက်ခဲ့ ရမယ် တဲ့လေ။
ကျွန်မ လိုက်ဖို. မလိုက်ဖို. စဉ်းစားပြီး ဖုန်းပြန်ဆက်ပါ မယ် အမ လို. ဖြေလိုက်ပါတယ်။ ဒါနဲ့ အမက စိတ်မရှည် တဲ့လေသံနဲ့ “ဟဲ့ ဘာမှ စဉ်းစားမနေနဲ့ ပုံမှန် ဆို Weekend တွေ မှာ ၀င်ကြေး 72$ လောက် ပေးရတာ” ခုဟာက ငါးဒေါ်လာနဲ့ ၀ယ်ကြည့်ရမှာ ဆိုပြီး နောက်တစ်ချီ ကြော်ငြာ မောင်းခတ် လိုက်ပြန်တော့ မိန်းကလေး တွေရဲ့ လျော့ဈေး ကြိုက်တဲ့ ထုံးစံအတိုင်း “ဒါဆို တန်တယ် အမ လိုက်ခဲ့မယ်လို.” ပြောလိုက်တာပေါ့။ အားလုံးသော သူငယ်ချင်းတွေ ကလည်း ကျွန်မ နည်း တူ ပဲမို. (Harbour Front MRT ) နားက vivo City မှာ ညနေ ၅ နာရီ နဲ့ ၅ နာရီခွဲ လောက် စုရပ်ထားပြီး လူစုလိုက်ကြပါတယ်။ အဲဒီကနေ တစ်ဆင့် LRT ရထား တစ် မှတ် တိုင် စီးပြီး ဆန်တိုဆာ ဆိုတဲ့ စင်္ကာပူရဲ့ နာမည်ကြီးတဲ့ ကျွန်းလေး ကို အလည် ရောက်ခဲ့ ကြပါတယ်။
ဆန်တိုဆာကျွန်း အ၀င်ဝ ရောက်တာနဲ့ ယူနီဗာဆယ် စတူဒီယို သို. ဆိုတဲ့ လမ်းညွန် မြားတွေ အတိုင်း သွားလိုက်ယုံပါပဲ ။ အနည်းငယ် လမ်းလျောက် လိုက်ရုံနဲ့ ကမ္ဘာလုံးပုံကြီးကို (သုံးဖက်မြင် ရုပ်လုံးကြွ) 3D Animation Computer Graphic Art နည်းပညာတွေ ပေါင်းစပ်ပြု လုပ်ထား တဲ့ Universal logo ကို တွေ. မြင်ရပါတယ်။ ကျွန်မတို.လို အမျိုး သမီးတွေ အတွက် ကတော့ စိတ်ကြိက် ဓတ်ပုံ ရိုက်စရာ ပေါ့။
Universal Studios ထဲကို မ၀င်ခင် လက်မှတ် ၀ယ်ရပါတယ်။ စတူဒီရို ထဲ မှာတော့ မိသားစု အပန်းဖြေ စရာတွေ၊ စိတ်လူပ်ရှား ဖွယ် အသည်းယား စရာဖွယ် ကောင်းတဲ့ အပျော်စီး roller coasters စီးနင်းစရာတွေ ၊ 3D, 4D ရုပ်ရှင်နဲ့ ရုပ်သံ အစီအစဉ် ပေါ် အခြေခံ ထားတဲ့ ဖျော်ဖြေတင် ဆက်မူ.တွေဟာ စိတ်ဝင်စားဖွယ် ကောင်းလှ ပါတယ်။
ဥပမာ- လေပြင်းတွေတိုက် အဆောက် အဦးတွေ ပြိုကျ ၊မီးတွေ ထတောက် တာတွေကို ဆက်တင်နဲ့ လုပ်ပြတာ။ ဒီလို စတန့် လှုပ်ရှားမှုတွေ ကို(3 D Effect Background) နဲ့ Animation လို့ခေါ်တဲ့ လှုပ်ရှားမှု. တွေထည့် ၊နောက်ခံ အသံတွေကို နည်းပညာ ဆော့ဖ်ဝဲလ်တွေ နဲ့ အသုံးပြုပြီး ထင်ယောင် ထင်မှား ခံစားနိုင် စေတာဟာ အတော်ကို သဏ္ဍာန်လုပ်၊ အဟုတ်ခံစား နေရ သလိုပါပဲ။
ဒီလို ဖျော်ဖြေမူ. တွေကို သူဇုန်နဲ့ သူ ဇုန်(၇) ခု ခွဲခြား ထားပါတယ်။ Hollywood Zone ၊ New York Zone ၊ Sci- Fi City Zone ၊ Ancient Egypt Zone ၊ The Lost World Zone ၊ Far Far Away Zone ၊ Madagascar Zone ဆိုပြီး ခွဲခြား ထားပါတယ်။ ကျွန်မ တို. သွားတဲ့ နေ. ည (9)နာရီ မှာတော့ (New Year ) ညမှာလို မီး ရူး မီးပန်းတွေ ကို တီးလုံး (Music) နဲ့ အတူ (15) မိနစ်လောက် ပစ်လွတ်ပြီး ဖျော်ဖြေ တင်ဆက် ပေးပါ သေးတယ်။
ဆန်တိုဆာကျွန်း ထဲမှာ ဆောက်လုပ်ထားတဲ့ ဒီUniversal Studios ကို ဧပြီ ၂၀၀၈ ခုနှစ် က စတင် ဆောက်လုပ် ခဲ့ပါသတဲ့။ အချိန် ကာ လ အားဖြင့် နှစ် နှစ် ကြာ ဆောက်လုပ်ပြီး မတ်လ ၂၀၁၀ မှာတော့ အကြို ဖွင့် လှစ်နိုင်ခဲ့ ပါတယ်။ 28 မေလ ၂၀၁၁ ခုနှစ် မှာ Universal Studios ဖွင့်ပွဲ အခမ်း အနား ကို ပြုလုပ်ခဲ့ ကြပါတယ် ။
အာရှ မှာတော့ ဂျပန် ပြီးရင် စင်္ကာပူက ဒုတိယမြောက် ဆောက်လုပ် ဖွင့်လှစ် နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ အရှေ့ တောင်အာရှမှာ တခုတည်းသော ယူနီဗာဆယ် စတူဒီယို ဖြစ်တာမို. ဖွင့်ပြီး (၉) လအတွင်းမှာ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ လာရောက် လည်ပတ်သူပေါင်း နှစ်သန်းလောက် ရှိတယ်လို. သိရပါတယ် ။
စင်္ကာပူ ဆိုတဲ့ ကျွန်းလေးလေးက သေးသေးလေး လို.သာပြောတယ်။ မိုးမျှော် အဆောက်အအုံ တွေ က (၂) နှစ် (၃)နှစ်အတွင်း ဟော တစ်ခု ဟောတစ်ခု ထိုးထိုးထောင်ထောင် ပေါ်ထွက်လာ လိုက်တာ။ ဟိုးအရင် စင်္ကာပူရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ မာလိုင်းရင်း ဆိုတဲ့ ခြေင်္သေ့နဲ့ ကျွန်း။ ခုတော့ ကာစီနိုတွေ ဖွင့်ထားတဲ့ Marina Bay Sands ဆိုတဲ့ မိုးလောက် မြင့်တဲ့ အဆောက်အဦး ပေါ်က သဘောင်္ကြီးဟာ စင်္ကာပူမြို.ရဲ့ ပြယုဒ် တစ်ခုဖြစ်လို. သွားပြန်ပါတယ်။ သဘာဝ သစ်တော တွေကို လည်း ဥယျာဉ် မြို.တာ် အဖြစ် အတွေး အခေါ်တွေ၊ နည်းပညာတွေ ၊ ထည့်ပြီး ဖန်တီး တည်ဆောက် လိုက်ပြန် ပါတယ်။ ဒါကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုရဲ့ အဓိက နေရာမှာ နည်းပညာက ဦးဆောင်လာတဲ့ အခြေအနေ တစ်ခုလို. ဆိုရ မလားနော်၊ သို.ပေမဲ့ နည်းပညာ သာရှိပြီး အဲဒီ နည်းပညာ ကို အသုံးချ နိုင်တဲ့ အခွင့် အလမ်း တွေ မရှိဘူး ဆိုလည်း ဒီနည်းပညာက အချီးအနှီး ဖြစ်မှာ အမှန်ပါပဲ။ ဒါကြောင့် ဘယ်လုပ်ငန်း မဆို တိုးတက် အောင် မြင်ဖို.ရာ အတွက် နည်းပညာ တွေ information တွေသာ အရေးကြီးတာ မဟုတ်ပါဘူး ၊ ကျွန်မ ကျောင်းတုံးက အတိုကောက် မှတ်သားခဲ့ ဘူးတဲ့ (8Ms) ဆိုတာ လုပ်ငန်းတိုင်း အရေးကြီးပါတယ် ဆိုတာလေးကို အပြင်စီး စာဖတ် ပရိသတ်တွေ အတွက် ကျွန်မ သိသလောက်လေး ဖောက်သည်ချ မိချင်ပါရဲ့။
1) Money - ငွေကြေး ဟာလည်း မရှိ မဖြစ်လိုအပ်တဲ့ စွမ်းအားစု တစ်ခုပါပဲ။ ငွေရှိမှ ကုန်ပစ္စည်းတွေ၊ နည်းပညာတွေ၊ လုပ်သား တွေ၊ ၀ယ်ယူ သုံးစွဲ နိုင်မှာ မဟုတ်ပါလား၊ ငွေမရှိရင် ဘာလုပ်ငန်းမှ လုပ်လို. မရနိုင်ပါဘူး။
2) Machinery - စက်မူ.ထွန်းကား တဲ့ခေတ်မို.စက်ပစ္စည်း ကရိယာ ကလည်း လုပ်ငန်း အတွက် မရှိမဖြစ် အရေးကြီး ပြန်ပါတယ်။
3) Man – လူတွေက လုပ်သားအင်အား တွေကို ထုတ်လုပ်ပေးပါတယ်။ ငွေလည်းရှိတယ်။ စက်ပစ္စည်း ကရိယာ တန်ဆာ ဗလာ တွေလည်း ရှိပေမဲ့ လူတွေရဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို သူ.နေရာနဲ့သူ အံဝင်ခွင်ကျ လုပ်နိုင်တဲ့ ကျွမ်းကျင် လုပ်သားတွေ မရှိဘူး ဆိုရင်လည်း အဲ ဒီလုပ်ငန်းဟာ ပြီးပြည့် စုံတဲ့ အရည်အသွေးကို မထုတ် လုပ်နိုင်ပါဘူး ။
4) Management - စီမံခန်.ခွဲမူ.ဆိုတာလည်း လုပ်ငန်းမှာ မရှိမဖြစ်လို အပ်ပါတယ်။ အလေ အလွင့် နည်းနိုင် သမျှ နည်းအောင် အဖက်ဖက်က စီမံခန်.ခွဲမူ.တွေ ရှိမှ လုပ်ငန်းဟာ အကျိုး အမြတ် ရှိနိုင်မှာပါ။
5) Material ဆိုတဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေရယ်
6) Method ဆိုတဲ့ ထဲမှာ နည်းလမ်းတွေ ၊ နည်းပညာ တွေ ၊ Information တွေ Technology တွေရယ်
7) Maintenance ပြုပြင် ထိန်းသိမ်းမု. ပြုလုပ်ခြင်းတွေရယ် ဆိုတာ လုပ်ငန်းတိုင်း၊ မရှိ မဖြစ် လိုအပ်တဲ့ စွမ်းအားစုတွေ ပါပဲ ။
8) နောက် ဆုံး အနေကတော့ Market ပေါ့ ၊
Universal Studios နဲ့ Marina Bay Sands ဆိုတာ စင်္ကာပူမှာ မကြာသေးခင်က ဖွင့်လှစ်လိုက်တယ် ဆိုပေမဲ့ ဈေးကွက် မှာတော့ ငုတ်တုတ်မမေ.ပဲ ၊ နိုင်ငံခြား ၀င်ငွေတွေ ၀င်လာ မဆဲ တစ်သဲသဲ ပါပဲ တဲ့လေ။
စင်္ကာပူနိုင်ငံ နိုင်ငံမှာ အဖိုးတန် တွင်းထွက် ပစ္စည်းတွေ များများမရှိ လှပါဘူး။ ခိုင်မာတဲ့ သမိုင်း အဆောက်အဦး တွေ များများ လည်း မရှိ လှပါဘူး။ သို.ပေမဲ့ ငွေကြေး ချမ်းသာတယ်။ ကာယ လုပ်သား၊ ဥာဏ လုပ်သား တွေ အများကြီး အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတယ်။ လူ.စွမ်းအား ရင်းမြစ်တွေ ရှိတယ်။ စက် ပစ္စည်း ကရိယာတွေ အသုံးပြုနိုင်တယ်။ နိုင်ငံ တစ်ကာ အဆင့် မှီအောင်လည်း အသစ်အသစ်တွေ ကို (create ) တီထွင်ကြံဆ နိုင် စွမ်း ရှိပါတယ်။ ဘွဲ့ လက်မှတ်ပေါ် က အင်ဂျင်နီ ယာ ပညာ၊ စီးပွားရေး ပညာ၊ စီမံခန်.ခွဲမူ. ပညာ ၊ ဆိုတာတွေ ကို စာရွက်ပေါ် မှာ သာ အသုံးချ ခွင့် ရတာ မဟုတ်ပဲ ၊ လုပ်ငန်းခွင်မှာ တကယ် အပီအပြင် အသုံးချ ဖို. အခွင့်အလမ်းတွေ ရှိတာကြောင့် ထိုသူတွေ အတွက်လည်း ရေကြည်ရာ မျက်နုရာ ရပ်ဝန်းလေး တစ်ခု ဖြစ်ခဲ့ရတယ်။ လက်ရှိ အခြေအနေအရ စင်္ကာပူ နိုင်ငံဟာ ကမ္ဘာ့အဆင့်မီ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပြီ ဆိုတာ ငြင်းစရာတော့ ရှိမယ် မထင်ပါဘူး ။
အရာကောင်းလျှင် တစ်ချက် ၊ အခါကောင်းလျှင် တစ်သက် (သို.မဟုတ်) အကြံကောင်း လျှင်တစ်သက် ဆိုသလို အချိန် အခါ အခွင့် အလမ်းကို အကြံကောင်း ဥာဏ်ကောင်းနဲ့ အမိဖမ်းလိုက်နိုင်ရင် တစ်သက်တာ ကြီးပွား အောင်မြင် စေနိုင်မှာပါ။
လူတိုင်း လူတိုင်း တူညီသော ချမ်းသာများ ကိုယ်စီ ကိုယ်စီ ခံစား နိုင်ကြပါစေ လို့ ဆုတောင်းရင်း………….
မေတ္တာဖြင့်
မေစိုး(Shwe Mandalay)
ဆက်ဖတ်ရန်>>>
မိုးကုတ် ၀ိပဿနာ မင်္ဂလာ ရိပ်သာ၊ မင်္ဂလာတိုက် ဆရာတော် ကမ္မဌာန စရိယ နယ်လှည့် ဓမ္မ ကထိက ဆရာတော် ဥုးသုမင်္ဂလ (ဒယ်အိုး ဆရာတော်) အား ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ စင်္ကာပူ နိုင်ငံသို. ပင့်ဆောင် ပူဇော်၍
ဓမ္မပူဇာ တရားပွဲ ကို dhammadownload မိသားစုမှ ကြီးမှုး၍ အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် တရား တော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်ရှင်။
တရားပွဲ ပထမနေ့
==============
နေ့ရက်။ ၁ အောက်တိုဘာ ၂၀၁၁ စနေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488
Bus Stop No. B15201 (one more stop after Pasir Panjang MRT)
Bus No - 10,30,30E, 51,143, 175, 176,188, 200
(Free shuttle bus service from Harbour Front MRT station exit A open car park between 5:00pm - 6:00pm)
တရားပွဲ ဒုတိယနေ့
==============
နေ့ရက်။ ၂ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT
တရားပွဲ အလှုရှင်များ စာရင်း
၁။ ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ သား ထွဋ်ဝင်းလျှံ (Alex Chen)၏ ၁၅နှစ်ပြည့်မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့ တရားပွဲခန်မအတွက် အလှုဒါနပြုပါမည်။
၂။ ဒေါက်တာသန်းနိုင်ဦး+ဒေါက်တာပပဝင်းစိုး၊ သား ထွဋ်ခေါင်းဦး(Raymond)၊ သမီး ရှင်မင်းသူ(Jessica) တို့ မိသားစုမှ အောက်တို ဘာလ (၂)ရက်နေ့ တရားပွဲ ခန်းမ အတွက် အလှု ဒါနပြုပါမည်။
၃။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့မှ S$၅၀၀
၎။ ကိုဇော်မိုးစံ (မြစိမ်းတောင်တရားစခန်း ဖြစ်မြောက်ရေး အဖွဲ့) မှ S$၅၀၀
တရားပွဲ လုပ်အားပေး အလှုရှင်များ
၁။ Dhammadownload မိသားစုများ
၂။ Lotus Foundation အဖွဲ့
၃။ ဗုဒ္ဓအလင်းရောင် အဖွဲ့
၎။ မြစိမ်းတောင်တရားစခန်း ဖြစ်မြောက်ရေး အဖွဲ့
၅။ မနီလာအောင်၊ ပန်းအလှပြင် မတင်တင်နွဲ့ နှင့် သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာအဖွဲ့
၆။ စင်္ကာပူ ဓမ္မမိတ်ဆွေများအဖွဲ့
၇။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့
တရားပွဲ အစီအစဉ် ကို dhammadownload မှ ကူးယူဖော်ပြပါသည်ရှင်။
အသေးစိတ် သိလိုပါက
http://www.dhammadownload.com/dhammadownload-news-SayaDaw-U-ThuMinGaLA-oct-2011.htm
တွင် ဖော်ပြထားပါသည်ရှင်။
...
ဆက်ဖတ်ရန်>>>

တစ်ခါတုန်းက ဗာရာဏသီ ပြည်မှာ ဘုရင် တစ်ပါးဟာ တရား အားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာ ဆင်ခြင်တော့ “မင်းအဖြစ် ထက် ရဟန်း တရားက မြတ်တယ်” ဆိုတာ သိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ် နေပါတယ်။ အမတ်တွေ ကိုလည်း တရားနဲ့ အညီစီရင်ဖို့ တခါတည်း မိန့်မှာ ထားပါတယ်။ ဒါပေမယ့် အမတ်တွေက လာဘ်ပေး လာဘ်ယူမှု. တွေလုပ်ပြီး တရား စီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့ သူကပဲ အနိုင်ရလေ့ ရှိပါတယ်။
အမှုတစ်ခုမှာတော့ ဘုရင်နဲ့အလွန်ရင်းနှီးတဲ့သူတစ်ယောက် မှန်ပါလျက်နဲ့တရားရှုံးသွား ပါတယ်။ အဲဒီ တရားရှုံး သွားတဲ့ ဘုရင့် မိတ်ဆွေက ဘုရင့်ဆီ ပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီးအမတ်တွေ တရားစီရင်တာ ငွေပေးနိုင်တဲ့သူကို အနိုင်ပေး နေတဲ့အကြောင်း လျှောက်ပြ လိုက်ပါတယ်။
နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့် စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။
ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ် ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။ ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကို ဆက်ရှုမှတ်လို့ မရတော့ပါဘူး။
ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော် ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှ မရှိဘူး။ ရဟန်း တရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ် လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)
မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ ကိုယ်ပါ။ သူ့တရားနဲ့ သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့ တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့ တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။
ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခ က်နေ တာလေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံး ရှာခဲ့ရတဲ့ အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။
တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီ အခါမျိုး မှာတော့ စွန့်ဖို့ ခက်နေရင် "သြော်… ဘုရင် ဖြစ်သူတောင် တရားနဲ့ ယှဉ်လာရင် မင်းအဖြစ် ကိုတောင် စွန့်သေးတာပဲ၊ ငါစွန့်ရမယ့် အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။
တရား စခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကို တစ်ပတ် ဆယ်ရက် စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။
အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းနှစ်မျိုးကို ပြထားပါတယ်။
၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ ထားခြင်းတစ်မျိုး။
၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။
ဒီနှောင်ဖွဲ့ခြင်း နှစ်မျိုးဟာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းတွေပဲလို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာက ပဲထားထား၊ မြင့်ရာကပဲ ထားထား နှောင်ဖွဲ့ခြင်းနှစ်မျိုးလုံး ကတော့ မကောင်းတာ အမှန်ပါပဲ။
နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲ ဆိုတာ ပြန်စိစစ် ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာ ပဲပါပါ နှစ်မျိုးလုံး ကတော့ တစ်ခုမှ မကောင်းပါဘူး။ ဒီနှောင်ဖွဲ့ခြင်းတွေ ကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။
တကယ် သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။
နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုး တာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။
တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုး ခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှု. ပါနေရင် နှစ်ဦးနှစ်ဖက် အကျိုး မရှိပါဘူး။ သူလည်း တရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ဝေး ရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ် မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေ မရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။
တချို့ကျတော့ တရားအတွက် ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေ ဖြစ်ပြီး မူရင်း ဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့လည်း ဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ် မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။
တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေး ပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီ သီလရှင် ဝတ်သွားတာမျိုးကျတော့လည်း အဆင်မပြေ လှပါဘူး။ နို့်တိုက် ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို စွန့်ရမှာပါ။ ရာထူး ဌာနန္တရ ငွေကြေး ဥစ္စာ ဇနီးခင်ပွန်း သားသမီး စသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။
ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရား အမြဲဟောတာရှိပါတယ်။ ကလေး ငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။
အားလုံး ကြားဖူးတဲ့ ထေရီကာ ဆိုတဲ့ အမျိုးသမီးလေး တရားရသွားတယ် ဆိုတာ မီးဖိုချောင် ထဲကပဲ တရား ရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက် တာလည်းတရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီ ဖျော်တာလည်း တရားပါပဲ။
ကိုယ့်ဝန်းကျင်မှာ အားကျအတုယူရမယ့်သူတွေအများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။
တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီးတစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။
ဆရာတော်ကြီးမိန့်တဲ့အထဲမှာ ထူးဆန်းတာတွေပါနေပါသတဲ့။ ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။
ဆရာတော်ကြီးက ချက်ချင်းဆို သလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ် ဖြစ်တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။
ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။
အဲဒီ ဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီး ဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲ ရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီး တွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရား အဆင့် တစ်ခုတော့ ရနေ လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။
ဒီခေတ်မှာ တကယ် ကျင့်ကြံ ပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှားမိအောင်နေတာ အကောင်းဆုံး ပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရ မသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန် မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကို ပြစ်မှားမှသာ မဟုတ်ပါဘူး။ ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။
စွန့်တဲ့ သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။ စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့ သူတွေကတော့ စွန့်နေကြတာပါပဲ။
လောကမှာ စွန့်တဲ့သူတွေက စွန့်ပြီး နှောင်ဖွဲ့တဲ့သူ တွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့ တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်း မသိတော့ပါဘူး။
တချို့ နှောင်ဖွဲ့မှု. တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာ တာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက် နစ်နာ ရတော့တာပါ။
စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ ယှဉ်လာရင်တော့ အားလုံး အားလုံးကို စွန့်ရမှာပါပဲ။ မစွန့် နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။
တစ်ခါတလေ ပုထုဇဉ် အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေက ဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ ယှဉ်လာရင် မင်းစည်းစိမ် တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့် အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။
မိတ်ဆွေလေးမျိုးရှိတဲ့ အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေ ဆိုတာရှိပါတယ်။ မြန်မာလို ပြောရရင် တော့ အကျိုးရှိအောင်ေ ပြာပြတတ်တဲ့ မိတ်ဆွေလို့ ခေါ်ပါတယ်။ အဲဒီ မိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…
၁။ မကောင်းမှု. အကုသိုလ် လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။
၂။ ကောင်းမှု. ကုသိုလ် လုပ်အောင် တိုက်တွန်း ပြောပြပေးရပါတယ်။
၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။
၎။ ချမ်းသာ ရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန် လမ်းကို ညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။
ကိုယ်က ဒီအင်္ဂါ လေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်း သင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာဖြစ်သလို နတ်ပြည် မဂ်ဖိုလ် ရကြောင်းတွေကိုလည်း ညွှန်ကြား ပြောပြ ပေးရမှာပါပဲ။
ကိုယ်တားတာ တိုက်တွန်း တာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူ ကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှ အတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။
စာရေးသူ စာရေးတဲ့ အခါ နိဗ္ဗာန်ကိုဦးတည်ရုံမကပါဘူး၊ ဒီသဘောလေး တွေကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူ ကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူ့က ရေးပြ ဟောပြ တာလေးတွေကိုလည်း တလှည့် နာချင်ပါသေးတယ်။
ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝ အတွေ့အကြုံတွေရယ်ကြောင့် ပိုလို့တောင် နာလို့ ကောင်းဦးမှာပါ။
ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာအကောင်းဆုံးပါပဲ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ထေရအပဒါန်ဝတ္ထုတော်ကြီး၊
အရှင်ဓမ္မဿာမီဘိဝံသ
ဆက်ဖတ်ရန်>>>
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ. (သောကြာနေ.) မှာ ကျွန်မ မိတ်ဆွေ တစ်ယောက် ရဲ့ မွေးနေ. မင်္ဂလာ ပါတီ ပွဲလေး ရှိပါတယ်။ ဒီမွေးနေ. လေးကို သွားဖို. အတွက် စိတ်ထဲမှာလည်း အလိုလို ပျော်နေမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမွေးနေ့ပါတီ ပွဲလေးကို အကြောင်းပြုပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ အားလုံး အဲဒီ ပွဲလေးမှာ ဆုံတွေ. ကြ ရတော့ မယ်လေ။ ကိုယ် ခင်မင် ရင်းနှီးရတဲ့၊မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ အတူ ခဏလေး ပဲ ဖြစ်ဖြစ် အချိန်ပေး ဆက်ဆံ ရတာ ကလည်း စိတ်ရဲ့ အင်အားတွေ ပြည့်ဝ လာစေတယ်လို. လည်း ထင်မိပါတယ်။
ကျွန်မ မိတ်ဆွေ အပေါင်အသင်းတွေ ထဲမှာ ဟာသဥာဏ် အပြည့် ရှိတဲ့သူ တစ်ဦးလည်း ပါဝင်ပါတယ်။ ဟာသဥာဏ် ဟာ စိတ်ဖိစီးမူ. သံသရာကို ဖြတ်တောက် ပေးသလို အကောင်းမြင် သဘောထား ကိုလည်း ဖိတ်ခေါ်ပေးပါတယ်။ ဘ၀မှာ လူတိုင်း အခက်အခဲ တွေ နဲ့ ကြုံတွေ. ကြရပါတယ်။ ဒီကြုံတွ. ရတဲ့ ပြသနာတွေကို စိတ်ညစ် ငြီးညူ နေမဲ့အစား၊ ရယ်မောစရာ အဖြစ် အသွင်ပြောင်း နိုင်ပြီး မြန်မြန် လေး ရယ်မော ပစ်လိုက် နိုင်တာ မကောင်း ပေဘူးလား၊ အဆိုလေး တစ်ခု ဖတ်ဖူးတယ်။ အလုပ်နဲ့ ဘ၀ကိုတော့ လေးလေးနက်နက် ခံယူချင် ခံယူပါ။ သင့်ကိုယ့်သင်တော့ ပေါ့ပေါ့ ပါးပါးလေး ခံယူ သင့်ပါတယ်တဲ့ ။ ဒါကြောင့် ဟာသဥာဏ် ရှိတဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကို များများ ပေါင်းဖို.လိုအပ် ပါတယ်။
မွေးနေ. ပါတီလေးကို သောကြာနေ. ညနေ ပိုင်းမှာ Bugis က Oriental House မှာ ကျင်းပခဲ့ပါတယ်။ ကျွန်မက ရုံး ဆင်းချိန် က (၆) နာရီပါ။ ရုံးကအပြန် တစ်ဆက်တည်း သွားလို.ရ တဲ့နေရာပါ။ နေ.တိုင်း နေ.တိုင်း အချိန် အကန့်အသတ် တွေကြားထဲ မောနေအောင် အလုပ်လုပ် နေရတော့ ၊ ကျွန်မရဲ့ ကိုယ်ပိုင် အချိန်လေး မှာ စိတ်ကို ပေါ့ပေါ့ ပါးပါး၊ လွတ်လွတ်လပ်လပ် ထားပြီး ကျွန်မ သူငယ်ချင်း တွေ နဲ့ တွေ.ချင် တာပေါ့။ ဒါနဲ့ အိမ်တစ်ခေါက်ပြန် ရေချိုး ၊ အ၀တ်စားလဲ ပြီး မွေးနေ. ပါတီ ပွဲလေးကို ထွက်ခဲ့ပါတယ်။ မွေးနေ.ရှင်ကလည်း (၆) နာရီ နောက်ပိုင်း ဘယ်အချိန်လာလာ ဆိုပြီး ပြောထားတော့ တော်တော်လေး ဟန်ကျသွားတာပေါ့ ။ ခင်မင်ရင်းနှီးသူမို. အချိန် အကန့် အသတ်နဲ့ ဆိုလည်း အရောက်တော့ သွားရမှာပေါ့လေ။
မွေးနေ. ပါတီလေးဟာ ရင်းနှီးတဲ့ လူတွေပဲ ဖိတ်ထားတာမို. ပွင့်ပွင့်လင်းလင်း နဲ့ ပျော်စရာပါပဲ ။ အစားသောက် က ကိုယ်ကြိုက်တာ ကိုယ်မှာစား ဆိုတော့ ပိုပြီးတောင် လွတ်လပ် ပါသေးတယ်။၊ ရင်းနှီးတဲ့ သူတွေ အချင်းချင်း မို. တစ်ယောက်နဲ့ တစ်ယောက် အသက်တွေ မေးကြတယ်။ မွေးနေ. ခုနှစ် သက္ကရာဇ်တွေ ပြော ကြပေါ့လေ။ ဒီလို ပြောရင်းနဲ့ နင်က ငါ့ထက် အသက် ဘယ်နှ နှစ်ကြီးတယ်။ ငါက နင့်ထက် ဘယ်နှနှစ် ငယ်တယ် စသဖြင့် ပြောကြတာပေါ့။ ဒီလိုသာ နိုင်းယှဉ် နေကြတာ အားလုံး ကွာလှ အထက်အောက် တစ်နှစ် ၊ နှနှစ်လောက် ပဲ ရှိကြပါတယ်။
ဒီလိုမွေးနေ. သက္ကရာဇ်တွေ တွက်နေကြတော့ ကျွန်မက “ငါ အသက် လေးဆယ်ကျော် တာနဲ့ သူများမွေးနေ. ဘယ်နေ့ ဆိုတာ လည်း မမေးတော့ဘူး၊ ငါ့မွေးနေ. ဘယ်နေ. ဆိုတာလည်း မေ့ပစ် လိုက်တော့မယ်။” လို. ပြောလိုက်တော့ မှ ဘယ်နှ ခုနှစ် မွေးတာလဲ တွက်ချက် မူ. ရပ်သွား ပါတော့တယ်။ ပြောသာ ပြောလိုက်တာ ဒီစကားဟာ ကိုယ့်ဘ၀ကိုယ် အရှိအတိုင်း လက်မခံချင်တဲ့ သဘောပါပဲ။
ဒီ အချက်လေးကို အကြောင်း ပြုပြီး ၊ ကျွန်မ ဖတ်ဖူးတဲ့ သရုပ်ဖော် ကာတွန်းလေးကို သတိရမိ သွားပါတယ်။ ဧည့်ခံပွဲ တစ်ခုမှာ အဘိုးကြီး၊ အဘွားကြီး စုံတွဲ နဲ့ လူလတ်ပိုင်း စုံတွဲ တို. တစ်စားပွဲထဲ ထိုင်နေကြ ပါတယ်။
အဘွားကြီးရဲ့ စိတ်ကူး ထဲမှာတော့ သူနဲ့ အတူ တစ်ဝိုင်းတည်း ထိုင်နေတဲ့ အမျိုး သမီးလေး ကိုကြည့်ပြီး ငါသာ သူ.လို အရွယ်လေး နဲ့ သူလို ကိုယ်လုံး ကိုယ်ပေါက် မျိုးလေး ရှိခဲ့ ရင် သိပ်ကောင်းမှာပဲ လို. စိတ်ကူး နေပါသတဲ့။
အမျိုးသမီး လေးရဲ့ စိတ်ထဲ မှာလည်း အဘွားကြီးကို ကြည့်ပြီး သူဝတ်ထားတဲ့ စိန်တွေ ရွှေတွေ သာ ငါမှာ ရှိရင် သိပ်ကောင်းမှာပဲ လို. စိတ်ကူး မိ နေပါသတဲ့
အဘိုးကြီး ကလည်း အမျိုးသားလေး ကို ကြည့်ပြီး သူ.လို မိန်းမ မျိုးလေး ငါ့မှာ ရှိရင် ဆိုပြီး စိတ်ကူး နေပြန်ပါရောတဲ့။
အမျိုးသားလေး ကလည်း အဘိုးကြီးကို ကြည့်ပြီး သူ.လို ပိုက်ဆံရှိ သဌေးကြီး ဖြစ်ရင် သိပ်ကောင်းမှာပဲ လို. စိတ်ကူးနေပါသတဲ့။
ဒီသရုပ်ဖော် ကာတွန်းလေးဟာ ကိုယ့်ဘ၀ကိုယ် အရှိ အတိုင်း လက်မခံချင်ကြပဲ ကိုယ့်မှာ မရှိတာတွေကို လိုချင် တပ်မက်နေတာ ကို ဆိုလို ထားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မ ပြောလိုက်တဲ့ စကား ဟာလည်း ဒီကာတွန်း လေးအတိုင်း ဖြစ်နေလို.ပါပဲ။ ဒါကြောင့် ငါလည်း ဒီကာတွန်း ထဲက အတိုင်းပါပဲလား လို. ကိုယ်ကိုယ် ကိုယ် ဆင်ခြင် မိလိုက်ပါတယ်။
ကိုယ့်ဘ၀ကို အရှိအတိုင်း လက်မခံချင် ကြပဲ ကိုယ့်မှာ မရှိတာတွေကို လိုချင် မက်မော နေကြတာ။ အမှန်စစ်စစ် ကိုယ်ဘ၀မှာ ရောက်နေတဲ့ နေရာကို သဘာဝ ကျကျ လက်ခံနိုင်မှ ဘ၀မှာ စိတ်ချမ်းသာမူ. ရမှာပါ။ ငါဒီနေရာမှာပဲ နေချင်တယ် ဆိုတဲ့ လိုချင်မူ.ကြောင့် စိတ်ညစ် ရတတ်ပါတယ်။ ငါဒီနေရာမှာ ရောက်နေတယ်။ ရှေ.ဆက်ပြီး ငါလိုချင်တဲ့ ဆီကို သွားနေရဦးမယ်။ မိမိ ရောက်နေတဲ့ လက်ရှိ အခြေအနေ လေးကို လက်ခံလိုက်ပါ။ အပြစ်ရှိတာတွေ အားနည်းချက်တွေကို မေ့ပစ်လိုက်ပါ။ အခြေအနေ တစ်ခုကို အကောင်းဖက် ကိုပြောင်းယူလိုက် ရင် စိတ်ချမ်းသာ ရမှာပါ။ အရှိကို အရှိအတိုင်း လက်ခံမူ.ဟာ စွမ်းရည်တစ်ခုပါပဲ။
မွေးနေ.ကို အကြောင်းပြုပြီး မွေးနေ.ရှင် အတွက် ဒီဆောင်းပါးလေး တပုဒ် အမှတ်တရ ရေးခဲ့ခြင်းပါ။ မွေးနေ. ပါတီပွဲနေ.မှာ ပြောချင်တာလေး တွေကို အခွင့် အခါ မသင့်တာနဲ့ မပြောခဲ့ရဘူး။
မွေးနေ. ဆိုတာ အမေ (မိခင်) ကမိမိကို လောကကြီးထဲ ရောက်အောင် မွေးထုတ် ပေးလိုက်တဲ့နေ. ပါ။ မိမိ မွေးနေ. ဟာ မိခင် အသက်စွန်. ရတဲ့ နေ.လေး တစ်ရက်ပါပဲ ။ ဒါကြောင့် မွေးနေ. မှာ မိခင်ကို အရင်ဆုံး ကန်တော့ သင့်ပါတယ်။ မွေးနေ.ရှင် တစ်ယောက်လည်း သူ.မွေးနေ.မှာ သူ.မိခင်ကို တော့ အရင်ဆုံး ကန်တော့မယ် ဆိုတာတော့ ကျွန်မ ယုံကြည်ပါတယ်.။
သို.ပေမဲ့ မွေးနေ.ရှင် သာမက ဆောင်းပါးလေး ဖတ်မိသူတိုင်း မိမိ မွေးနေ.ရောက်တိုင်း အမေ့ကို ကန်တော့ ဖို. မမေ.ကြစေရန် အတွက် သတိလေး ပေးလိုက်ပါရစေ။ မိခင် သက်ရှိထင်ရှား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမေ့ ကိုရည်စူးပြီး တနည်းနည်း နဲ့ ၀တ်ပြု နိုင်ကြ စေချင်ပါတယ် ။
တကယ်တော့ အမေနေ. ဆိုတာ မိမိ မွေးနေ.ပါပဲ။ မိမိ မွေးနေ.ဟာလည်း အမေနေ. ဆိုတဲ့ မင်္ဂလာ ရက်မြတ်လေးပဲ မဟုတ် ပေဘူးလား။
မေတ္တာဖြင့်
မေစိုး (Shwe Mandalay)
ခေတ္တ စင်္ကာပူ နိုင်ငံ
ဆက်ဖတ်ရန်>>>
တစ်ခါတုံးက ဘုရားအလောင်း ဟိရိတစ ရသေ့ဟာ ဟိမ၀န္ဆာ တော မှာ သီတင်းသုံး နေပါတယ်။ တရား ကျင့် ရင်း ဈာန် အဘိညာဉ် သမာ ပတ်တွေ လည်း ရထားပါတယ်။ တစ်နေ.တော့ ချဉ်စားမှီဝဲ ဖို. ဗာရာဏသီ ပြည်ကို ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာရင် ဆားဓတ် နည်းလာ ပြီး ဒူးခေါင်းတွေ ကြီးလာ ရတယ်လို. ဆိုပါတယ်။ ဒါကြောင့် တောထဲမှာ နေတဲ့ ရသေ.တွေဟာ ခန္ဓာကိုယ်မှာ ဆားဓတ် နည်း လာပြီ ဆိုရင် မြို.တက်ပြီး အလှူခံလေ. ရှိပါတယ်။
ဟရိတစ ရသေ.ဟာ မြို.ရောက်တော့ ဗာရာဏသီ မင်းရဲ့ နန်းတော် ကို သွားပြီး ချဉ်ဆား အလှူ ခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစ ရသေ. ကို မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်ထဲမှာ သိတင်းသုံးစေပါတယ်။
တစ်နေ.မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို. ကြုံလာပါတယ်။ ဒါကြောင့် စစ်ထွက်ခါနီးမှာ ဆရာရသေ.ကို ကောင်းကောင်းလုပ် ကျွေးဖို. မိဖုရားကို မှာခဲ့တယ်။
မိဖုရားက မင်း မှာတဲ့ အတိုင်း ဆွမ်း ဘောဇဉ်ကို ကောင်းကောင်းပြင်ပြီး ရေချိုး နံ့သာရည် လိမ်းပြီး စောင့်နေ လိုက်ပါတယ်။ ရသေ.ကို စောင့်ရင်းနဲ့ အမှတ်တမဲ့ ကုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ မိဖုရား အိပ်ပျော်နေစဉ်မှာပဲ ရသေ.က ဈာန် နဲ့ပြူတင်းပေါက်က ၀င် လာ ပါတယ်။ မိဖုရားက လျှော်တေ သင်္ကန်းသံကြားလို. အမှတ်တစ်မဲ့ အမြန်ထလိုက်တာ ၀တ်ထားတဲ့ ၀တ်ရုံက အောက်လျောကြ သွားပါတယ်။ ရသေ.က မိဖုရားရဲ့ ၀ိသဘာဂ အာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာ တည်နေတဲ့ ကုေ ဋ နှစ်သိန်းလောက် ရှိတဲ့ ကိလေသာ တွေဟာ တစ်ခါတည်း ထကြွလာတယ် လို. ဆိုပါတယ်။ ရထားတဲ့ ဈာန်လည်း ကိလေသာနဲ့ အတူ ကွယ်ပျောက် သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့ အထိ ရောက်သွားပါတယ်။
ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက တိုင်ကြပါတယ်။ ဒါပေမဲ့ မင်းက မယုံဘူးလို.ဆိုပါတယ်။ အမတ်တွေက တစ်ယောက် မက တိုင်လာတော့ မင်းက မိဖုရာကို “ သင်ရသေ.နဲ့ မှားယွင်းနေတယ် ဆိုတာ ဟုတ်သလား ” လို. မေးကြည့်ပါတယ်။ မိဖုရားကလည်း မှန်ပါတယ် လို. ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းက မယုံပြန်ပါဘူးတဲ့ ။ နောက်ဆုံး ရသေ.ကို တိုက်ရိုက် သွားမေးတော့ ဟုတ်ပါတယ် မင်းကြီးလို. ပြောလိုက်ပါတယ်။ ဒီတော့မှ မင်းက ယုံသွားပါတယ်။
ပြီးတော့ ဟရိတစ ရသေ.က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည် ယူပါတယ်။ ငါဟာ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ပြီ၊ ငါ့အမှားကို ငါကိုယ်တိုင်ပဲ တည်ဆောက် ယူလို.ရမယ်။ မင်းကြိးလည်း တည်ဆောက်ပေးလို. မရဘူး၊ မိဖုရားကြီးလည်း တည်ဆောင်ပေးလို. မရဘူး၊ ကိုယ့်အမှား ကိုယ် သိတဲ့ သူဟာ ပြုပြင်ယူဖို. မခဲယဉ်းပါဘူး။
ရသေ.က ၊ အဲဒီလို ဆင်ခြင်ပြီး မင်းကြီးကို “ မင်းကြီးရေ ငါ့ကိုခွင့်လွတ်ပါ ၊ငါဟာ မနေသင့်တဲ့ အရပ်မှာ နေခဲ့လို. လူတွေရဲ့ ပါးစပ်ဖျားမှာ ကဲ့ရဲ့ စရာ ဖြစ်ကုန်ပြီ ၊ မိန်းမနံ ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့ လို. ပြောပြီး တော ကို ပြန်ကြွ သွားပါတယ်။
ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ ၀တ္တုလေး တစ်ပုဒ်ကိုလည်း ခပ်ကျဉ်းကျဉ်း ထပ်ပြော လိုက်ပါရစေဦး။ အာရုံးနိုးတဲ့ အနေနဲ့ပေါ့ ။
ကဿပ ဘုရားရှင် လက်ထက်က ရဟန်းတစ်ပါး ရှိပါတယ်။ အဲ့ဒီ ရဟန်းက သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ.တော့ သူ.ကျောင်းကို အာဂန္တု ကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ.ရဲ့ ဆွမ်းကပ်နေကျ ဒကာက ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်နေတယ် ဆိုတာ သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ပင့်ခဲ့ဖို. ဖိတ်သွားပါတယ်။ အဲဒီ အချိန်မှာ ကျောင်းထိုင် ကိုယ်တော် ရဲ့ စိတ်ဟာ အာဂန္တု ရဟန်းကို မနာလို ၀န်တိုတဲ့ စိတ်တွေက တစ်ဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒီတော့ မနက်ဆွမ်းစား သွားခါနီးမှာ လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နိုးခဲ့ပါသတဲ့.။ အိမ်ရောက်တော့ ဒကာကို သင့်ကိုယ်တော်ကြီး အအိပ်ကြီးနေတယ် ၊ ခေါင်းလောင်း ထိုးနိုးတာတောင် မနိုးဘူးလို. မိန်.ပါတယ်။
ဒကာကတော့ ရိပ်မိလိုက်ပြီ။ ဒါကြောင့် အာဂန္တု ကိုယ်တော် အတွက် ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော် က ဒုတိယအကြိမ် မနာလို ၀န်တိုစိတ်တွေ ထပ်ဝင်လာပြန်ရော။ ဒီတော့ ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်ဟာ သူ.ဘ၀ရဲ့ တစ်သံသရာလုံးကို ဒုက္ဖပေးခဲ့ ပါတယ်။ သူတင်မကဘူး၊ ရွာ တစ်ရွာ မှာလူ ဖြစ်သွားရင် တစ်ရွာလုံး ဆင်းရဲ တဲ့ အထိပါ။
တကယ်လို.သာ ဒီရဟန်းဟာ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိပြီး ကိုယ့် စိတ်ကလေးကို အကောင်းဆုံး ဖြစ်အောင် ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇတ်လမ်းက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ခုတော့ ဇတ်လမ်းက မလှတော့ဘူး ဖြစ် သွားပါတယ်။
မင်္ဂလာ (၃၈) ပါးထဲမှာ စာရေးသူ စိတ်ဝင်စားတာက အတ္တ သမ္မာ ပဏိဓိ မင်္ဂလာပါ။ ဘာဖြစ်လို.လဲ ဆိုတော့ အဲဒီ အတ္တ သမ္မာ ပဏိဓိ မင်္ဂလာနဲ့ ဆန်.ကျင်ဘက် ဖြစ်ဖြစ်နေတတ်လို.ပါ ။
အတ္တ သမ္မာ ပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ ဘယ်လို ပယ်မလဲ ဆိုတော့ ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပါယ်တာနဲ့ ပွားများပြီး ပယ်တာပါ။
“ငါ့မှာ မကောင်းတဲ့ စိတ်တွေ ဖြစ်နေပြီ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဟာ ငါ့အောင်မြင်မူ.၊ ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ ငါ့အနာဂတ်ကို ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ ။ သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ မကြားဘူးသေးဘူး။ စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်း သတိကပ်ပြီး
“ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ ” ဆိုပြီး အချက်သုံးဆယ် လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့ အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို အသာလေး မှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေ တာလေးကို အာရုံ ညွတ်နိုင်သမျှ ညွတ်ပြီး သိနေဖို.လည်း အရေးကြီးပါတယ်။
သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီး ပယ်ပယ် ၊ ပယ်နိုင်ဖို.က အဓိကပါ။ ဥပမာ၊ လမ်းသွားရင်း မကောင်းတဲ့ စိတ် ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်း ရပ်ပစ်ပြီး ကိုယ် စွမ်းနိုင် သမျှ နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကို အသွားမှာပဲ ပယ်ပစ်နိုင်ဖို.ပါ။
ဒီလိုပါပဲ၊ ကားစီးရင်း ပဲဖြစ်ဖြစ်၊ ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။
အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ် အထုံတွေ များခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ နည်းနည်း ခက်ရင်ခက်မယ်။ ကျင့်ပါ များလာရင် အဆင်ပြေသွားပြီး အလေ့ အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု ဖြစ်နေပြီး မကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။
အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ၊ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း၊ စသည်တွေကို အတ္တသမ္မာပဏိဓိက လူသား တစ်ယောက် အတွက် များစွာ ပြဌန်း ထားပါတယ်။
ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး ၊ အလုပ်မရွေး၊ ရိယာပုထ် မရေါး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက် စမ်းပါ။ အောင်မြင် စေချင်လို.ပါ။
စာဖတ်သူ- စကားလေး တစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊ ကိုယ့်တိုးတက်မူ. ၊ ကိုယ့် အနာဂတ်ကို ၊ ကိုယ်တိုင်ဖျက်စီး ပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။ အကြားနဲ့ ပြောတာ မဟုတ်ဘူး၊ ကိုယ်တွေ. မို.လို. ပြောတာပါ။
အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)
ရေးသားသူ- ရဝေနွယ် (အင်းမ)
ဆက်ဖတ်ရန်>>>
ကျွန်မရဲ့ များလှစွာရှိတဲ့ သူငယ်ချင်း တွေထဲက ငယ်ငယ်က သူငယ်ချင်း ဝေေ၀ခိုင် နဲ့ ဘုရားမှာ အမှတ်မထင် ဆုံ ဖြစ်ခဲ့ ကြတယ်။ ရေကြည်ရာ မြက်နုရာဆီ တရွတ်တိုက် မျောပါရင်း ကျွန်မတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ.ခဲ့ ကြတာ ဆယ်နှစ်ကျော် လောက်ပင် ရှိမည်ထင်။ သူငယ်ချင်း နှစ်ယောက် အမှတ်မထင် တွေ. မိ ကြတဲ့ အခိုက် ကလေး မှာတော့ အေးအေး ဆေးဆး စကား ပြောချင်ကြ တာပေါ့ ။ ဒါနဲ့ ဝေနဲ့ ကျွန်မ အအေး ဆိုင်လေး မှာ ထိုင်ရင်း ကျွန်မတို. ဖြတ်သန်းခဲ့ ကြတဲ့ ဘ၀ အမော တွေကြားမှာ မနစ်အေင် ရုန်းကန် နေရတာ လေးတွေကို ရင်ဖွင့် ပြောဆို ဖြစ်ခဲ့ကြတာပေါ့။
ကျွန်မ သူငယ်ချင်း ဝေမှာ ဘယ်လောက်များ ပြောချင်နေ သည် မသိ၊ ကျွန်မ သူငယ်ချင်း ဝေပြော တဲ့ စကားတွေ ကိုသာ ကျွန်မ ခေါင်း တစ်ငြိမ့်ငြိမ့် နဲ့ နားထောင် နေမိ ပါတော့တယ်။ သူပြောတဲ့ အကြောင်း အရာ ကတော့ သူမ အိမ်ထောင်ရေး ကိစ္စ နဲ့ ပတ်သက်တဲ့ အကြောင်း လေးပါပဲ။ အိမ်ထောင်ရေး ကိစ္စ ဆိုလို. ၊ အိမ်ထောင်သည် "မေ "တို. နဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ အိမ်ထောင် မကျ သေးတဲ့ နောင်တစ်ချိန် အိမ်ထောင်ရှင် မ ဖြစ်မဲ့ ပျိုမေတို. အတွက်ပါ သက်ဆိုင်တာမို. ဒီစာလေးကို ကျွန်မ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်မ သူငယ်ချင်း ဝေဟာ အိမ်ထောင်ပြုပြီး အိမ်ထောင်သက် (ရ) နှစ်မှာ သူ. အမျိုးသား ဟာ နောက်အိမ်ထောင် ထပ်ပြု လိုက် ပါသတဲ့။ ထို အကြောင်းကို “ဝေ” မျက်ရည် တစ်စက် မကျအောင် ထိန်းထားပြီး သူမ ခံစားချက်ကို ကျွန်မအား သူငယ်ချင်း မို. ရင်ဖွင့် လိုက်ပေမဲ့ သူ.မ အတွင်း စိတ်ထဲမှာတော့ ကြိတ် ခံစား နေရမှာတော့ အသေအချာပင်။
ပုထုဇဉ် လူသားတိုင်း အတွက် ငြီးငွေ.လွယ်တဲ့ စိတ်ဖြစ် တတ်တာ ဓမ္မတာပါ၊ ဒါကြောင့် ဖန်တီးမူ. အသစ်အသစ် တွေကို မက်မောတယ်။ ရုပ်ဝတ္တု အသစ် အသစ် တွေကို မက်မော ပါတယ် ။ အဖော် အသစ်အသစ် တွေကို လို.လား ကြတယ်။ ရင်ခုန်သံ အသစ်အသစ် တွေကို မြတ်နိုးတွယ်တာ စွဲလန်း ကြတယ်။ (ဒါကြောင့် "ဝေ" အမျိုးသားဟာ မတော်တစ်ဆ မှောက်မှား မိရာက သူ.အပြစ်ကို ခံရင်း ကျွန်မ သူငယ်ချင်းကို ချစ်လျှက်နှင့် ကင်းကွာ နေရကြောင်း ကျွန်မ သိပါတယ် ) ။
ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ထောင်ပျက် မိန်းမ တို.ရဲ ထုံးစံ ဓမ္မတာ အတိုင်း သူ့အမျိုးသား ပြန်လာ နိုင်အောင် နည်း မျိုး စုံနဲ့ ကြိုးစား တော့ တာပေါ့၊ ဗေဒင်တွေမေး ၊ ပြီးတော့ ယတြာ တွေလုပ်လိုက်နဲ့ အမျိုးမျိုး နည်းလမ်းတွေနဲ့ ကြိုးစား ခဲ့ပါသတဲ့။ ဒီလိုနဲ့ မရတဲ့ အဆုံး
“ဝေ ”ကိုယ်တိုင် သွားပြီး သူ့မ ရဲ့ အမျိုးသား ဆီကို တောင်းပန်ပြီး အိမ်ပြန်လာဖို. ပြောခဲ့သတဲ့။ သို.ပေမဲ့ “ဝေ. ” အမျိုးသား ကတော့ “မောင်နှမ လိုပဲ နေပါရ စေတော့ ” ဆိုတဲ့ စကားလေး တစ်ခွန်းသာ ပြန် ပြောလိုက် ပါတယ်တဲ့ ။
နောက်ဆုံး ဘယ်လိုမှ မရတော့တဲ့ အဆုံး၊ ဝေ့သူငယ်ချင်း တစ်ယောက်က ဝေ.ကို အောက်လမ်းနည်း သုံးပါ့လား ဆိုပြီး အကြံ ပေးသတဲ့။ အဲ ဒီမှာ အောက်လမ်း ဆရာဆီခေါ် သွားသတဲ့။ ဒါနဲ့ မဟုတ် တစ်ယုတ် အောက်လမ်းနည်း ပေးတဲ့ ပုဂ္ဂိုလ်က နာမ်နိမ်အောင် အရင် လုပ်ရမယ် ဆိုပြီး မဟုတ်တရုပ် နည်းလမ်းတွေ ကို ညွန်ကြား လိုက်ပါသတဲ့ ၊ သူ.ကို နာမ် နိမ် လိုက်မှ ကံနိမ့်ပြီး ညည်းဆီ သေချာ ပေါက် ဂျွမ်း ပြန် ပြီး (ကျွမ်းပြန်ပြီး ) အိမ် ပြန်ရောက်လာ မတဲ့ လို. ဆိုသတဲ့။
ကျွန်မ သူငယ်ချင်းဟာ ထိုနည်း ကိုလည်း ကြားရော၊ အဲဒီ နေရာက နေ ချက်ခြင်း ထွက်လာပြီး၊ သူမကို ခေါ်သွားတဲ့ သူငယ်ချင်း ကိုပါ အပေါင်း အသင်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ် လိုက်ပါသတဲ့။ ကျွန်မ သူငယ်ချင်းဟာ စိတ်ပျက် အားငယ်ခြင်း တွေ ကြုံတွေ.ရတာ ကြောင့် ဖြေသိမ့်စရာ၊ ဖြေတွေးစရာ၊ အားကိုး စရာကို သူမ လိုက်ရှာ နေ ရင်း အမှားကြီး မှားတော့မလို. ။
စိတ်ပျက် အားလျော့ ခြင်း ဆိုတဲ့ အလွန်ဆိုး ၀ါးတဲ့ ခံစား ချက်ကြီးက ဘယ်ကလာလည်း ဆိုရင် ကျွန်မတို. သတ်မှတ် ထားတဲ့ ယောက်ျား၊ မိန်းမ ၊ သားလေး၊ သမီးလေး စတဲ့ ပညတ်တွေ ပေါ်မှာ ရူးသွပ် စွဲလန်းနေတာကြောင့် ဆိုတာ ကျွန်မ သူငယ်ချင်း “ဝေ ” တစ်ယောက် အသိတရားလေး ရလိုက်ပါတယ်။
နုပျိုတယ် ဆိုတာ အိုခြင်း ရဲ့ အစပါပဲ ။ လှပခြင်း ဟာလည်း အကျဉ်းတန် သွားရမြဲ၊ ဖြစ်တည်ခြင်း ဟာလည်း ပျက်စီးခြင်း တို. ရောက်မြဲ။ ပျက်ပြီး ပြန်ဖြစ်၊ ဖြစ်ပြီးရင်ပျက် ဆိုတဲ့ တရား လေးကို “ဝေ”နှလုံး သွင်း မိလိုက်တဲ့ အခါ စူးနစ် စွဲလန်း ခံစား နေတာတွေ ပြေလျော့ သွားခဲ့ ရပါသတဲ့။
စိတ်ပျက် အားလျော့ခြင်း ဆိုတဲ့ အလွန်ဆိုးဝါး တဲ့ ခံစားချက် နှလုံးသားကို နှိပ်စက်လာပြီ ဆိုကြပါစို. ။ ကျွန်မ တို.ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ရဲ့ တရားတော် မြတ်နှင့် ထိုတရားတော် တွေကို ပြန်လည် ညွန်ကြား ပြသပေးတော် မူသော သံတော်များရဲ့ ကျေးဇူး ကြောင့် “ဘယ်အရာမဆို၊ အကြာင်းနှင့် အကျိုး ယှဉ်၍ ဖြစ်ခြင်း ပျက်ခြင်း သဘောထားကို နှလုံးသွင်းရင်း စိတ်ပျက် အားလျော့ ခြင်း ဝေဒနာ ကို ကုစား နိုင်ကြ ပါသည် မဟုတ်ပါလား။ ဒါကြောင့် စိတ်ပျက်စရာ အားငယ်စရာ တွေမလို အပ်တော့ပါဘူး။ ဝေ.အတွက် ဖြေတွေး အားယူစရာ အင်အား အသင့်ရှိ နေပြီခဲ့ပါပြီလေ။
ကျွန်မ က “ဝေ” ရဲ့ စကားလေး နဲ့ အတူ ခိုင်မာ တဲ့ ဆုံးဖြတ်ချက်နဲ့ ဘ၀ကို တစ်ယောက်တည်း ခရီးသွားနေတဲ့ ဝေကို လေးစား မိပါ တော့တယ်။
အိမ်ထောင်ကျ ပြီဆို ကတည်းက အိမ်ထောင်ရေး ပြသနာ မျိုးစုံကိုတော့ တွေ.ရ၊ ကြုံရ မြဲပါ။ အိမ်ထောင်ရေး ခိုင်မြဲ ဖို.ရာ အိမ်ထောင်မူ. သုခ နံပါတ် (၁) အရာမှာ ရှိတယ်ဆိုတာ ကိုတော့ မည်သူမှ ငြင်းမည် မထင်ပါ။ အိမ်ထောင် ကွဲများ ဖြစ်ပေါ်လာတဲ့ ဇစ်မြစ်ဟာ အိမ်ထောင်ရေး သုခ ခံစားမူ. ပေါ်မှာ အများအားဖြင့် တည်နေတတ် ပါတယ်။ ဒါဟာ လက်ရှိ ခေတ်ပေါ် လူနေမူ. စနစ် အရလို. လည်း ဆိုလို. ရချင် ရမှာပေါ့ ။
ဘ၀ကို လိုက်လျော ညီထွေ နေတတ်ခြင်း ၊ တရား ဘာဝနာ ဘက်သို. ဦးစား ပေးလာခြင်း ၊လင်မယား အချစ်ထက် မိတ်ဆွေ လိုမောင်နှမလို ပြန်၍ ချစ်ခင် အားကိုးလာတတ်ခြင်း ကြောင့် အိမ်ထောင်ရေး ပြသနာများ အဖြစ်နည်း သွားတတ်ပါတယ်။
"ဝေ " နဲ့ လမ်းခွဲ ကာနီးမှာတော့ ဝေက အရွယ် အပိုင်းအခြားလေး နဲ့ ကျွန်မအား တန်ဖိုးရှိတဲ့ စကားလေး လက်ဆောင် ပေးခဲ့ပါတယ်။
(အသက် ၁၀ နှစ် မှ ၂၀ အရွယ်အထိ) ဟာ မြူးထူးပျော်ပါး ကစားတဲ့ အရွယ် ဖြစ်ပြီး အပျော်အပါး ၌ အမြင့်ဆုံး ဖြစ်ပါသတဲ့။
(အသက် ၂၀ နှစ် မှ ၃၀ အရွယ်အထိ) ဟာအဆင်း အလှဆုံး ဖြစ်ပြီး အလှအပ၌ အမြင့်ဆုံး ဖြစ်ပါသတဲ့။
(အသက် ၃၀ နှစ် မှ ၄၀ အရွယ်အထိ) ဟာခွန်အားဗလ အကောင်းဆုံး အရွယ် ဖြစ်ပြီး ခွန်အား ၌ အမြင့်ဆုံး ဖြစ်ပါသတဲ့။
(အသက် ၄၀ နှစ် မှ ၅၀ အရွယ်အထိ) ဟာ ဥာဏ် အကောင်းဆုံး အရွယ် ဖြစ်ပြီး ပညာ ၌ အမြင့်ဆုံး ဖြစ်ပါသတဲ့။
အထက်ပါ အဆိုကို ကြည့်ခြင်းအားဖြင့် အိမ်ထောင် သည်များ အဖို. အသက် (၃၀) နှင့် (၄၀) တွင် သတိကြီးစွာ ထားရမဲ့ အရွယ် ပင်ဖြစ်ပါတယ်။
အကြောင်းကတော့ အိမ်ထောင်ရေး မှာသော်လည်းကောင်း၊ လူမူ.ရေး မှာ သော်လည်းကောင်း၊ လူတော်တော် များများ သတိထား အားကိုးကြသည်မှာ အလှတရားနှင့် ခွန်အားသာ ဖြစ်နေတာ တွေ.ရသောကြောင့်ပင်။။
မှတ်ချက် ။ ဤဆောင်းပါးလေးကို ဖတ်ခြင်းအား ဖြင့် “မေ” တို. အိမ်ထောင်ရေး ပြသနာ ပေါ်ပေါက်ပါက အောက်လမ်း နည်း ကို အသုံးမပြု ခြင်း အားဖြင့်၊ မိမိ လင်ယောကျာ်း ၏ ဘုန်းကံနှင့် မိမိ သိက္ဖာကို ထိန်းသိမ်း နိုင်ကြ ပါစေ ။
ရေးသားသူ
မေတ္တာဖြင့်
မေစိုး (Shwe Mandalay)
ဆက်ဖတ်ရန်>>>
တစ်ခါတုန်းက လူသုံးယောက် လမ်းလျှောက် လာရင်း တောင်ကုန်းထိပ်မှာ မိတ်ဆွေ တစ်ယောက် ရပ်နေတာ ကို လှမ်းမြင် ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ ရှုခင်းတွေ ကြည့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။
ဒုတိယ တစ်ယောက်က“မဟုတ်ပါဘူး၊ တို့ကို စောင့်နေတာထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ တစ်ယောက် က “မဟုတ်ဘူး၊ လေကောင်း လေသန့် ရှုနေတာ ထင်တယ်”လို့ ပြောလိုက် ပါတယ်။
အဖြေ မညီကြဘဲ တောင်ကုန်းပေါ် သုံးယောက် တက်ခဲ့ကြပါတယ်။ တောင်ကုန်းပေါ်ရောက်တော့ ပထမ တစ်ယောက်က စပြီး မေးပါတယ်။
“ ရှုခင်းတွေ ကြည့်နေတာလား?”
“ မဟုတ်ပါဘူး”
ဒုတိယ တစ်ယောက် ထပ်မေးပြန်ပါတယ်
“တို့ကို စောင့်နေတာလား?”
“မဟုတ်ပါဘူး”
တတိယတစ်ယောက်က ထပ်မေးပြန်ပါတယ်
“ လေကောင်းလေသန့်ရှုနေတာလား?”
“မဟုတ်ပါဘူး”
ဒီတော့သုံးယောက်သားပြိုင်တူမေးလိုက်ပါတယ်။
“ဒါဖြင့် ဘာလုပ်နေတာလဲ?”
“ရပ်နေတာပါ”
(ဇင်ပုံဝတ္ထု)
သူပြောတဲ့ စကားလေးက ရိုးရိုးလေးပါပဲ၊ “ရပ်နေတာပါ”တဲ့။ ဖြတ်သွား ဖြတ်လာသူ လူအမျိုးမျိုး တွေ့ကြရင် လည်း ပုံဝတ္ထုထဲက သုံးယောက် နည်းတူ ထင်မြင်ချက်မျိုးစုံ ပေးနေကြဦးမှာပါ။ ရပ်နေတာကို သိသူက နည်းနည်း ရယ်ပါ။ ရပ်နေတာကို သိလိုက်သူဟာ နိဗ္ဗာန်ကို ဦးတည်နေသလို လက်ရှိမှာလည်း အကုသိုလ် ကင်း နေတာပါ။
မြတ်စွာဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ “အတိတ်ဟောင်းကိုလည်း မပြန်နဲ့၊ အနာဂတ် သစ်ကိုလည်း မကြံနဲ့၊ ဖြစ်ခိုက် ရုပ်နာမ် ပစ္စုပ္ပန်၊ အမှန်မလွတ်အောင် ရှုမှတ်ပါ”လို့ ဟောတော်မူထားပါတယ်။
tတိတ်ဆိုတာ ပြီးခဲ့ပြီးပါပြီ၊ ဘာမှလုပ်လို့ မရတော့ပါဘူး။ အနာဂတ် ဆိုတာလည်း ရောက်မလာ သေးတဲ့ အတွက် အသုံးချလို့ မရပြန်ပါဘူး။ တကယ် အလုပ်လုပ်ရမှာက ပစ္စုပ္ပန် တည့်တည့်ပါ။
စာရေးသူရဲ့ အသိ မိသားစုထဲက ချွေးမလေး တစ်ယောက်ဟာ စိတ်နေ စိတ်ထားလည်းကောင်း၊ ယောက္ခမ တွေ အပေါ်မှာ လည်းကောင်း၊ လုပ်ရည် ကိုင်ရည် လည်းရှိ၊ ဒါပေမယ့် အလုပ်တွေမှားပြီး အထဲကို ဝင်သွားရပါတယ်။ သမီး တစ်ယောက်လို ချစ်ရတဲ့ချွေးမ အထဲကို ဝင်သွားရတော့ အားလုံးက စိတ်မကောင်းကြပါဘူး။
အထူး သဖြင့်ထမင်းစားဝိုင်းမှာ တစ်ယောက် လိုနေတော့ ပိုသတိရ ကြပါတယ်။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ြုပီး ထမင်း ကိုလည်း ဆက်မစား နိုင်ကြတော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ရက်ဆက်တွေ များလာတော့ တူ တစ်ယောက် လုပ်တဲ့သူက “ဘုရားဟောအတိုင်း ပစ္စုပ္ပန်တည့်တည့် ရှုစားကြ တာပေါ့”လို့ ထပြောပါသတဲ့။ နောက်ရက်တွေ မှာလည်း ထမင်းဝိုင်း ထိုင်လိုက်တာနဲ့ “ပစ္စုပ္ပန်တည့်တည့်”လို့ သတိပေး စားကြပါသတဲ့။
တကယ်လည်း ဟုတ်ပါတယ်။ အတိတ်၊ အနာဂတ်က ဘာမှ လက်တွေ့ လုပ်လို့မရပါဘူး။ လောလောဆယ် ပစ္စုပ္ပန် တည့်တည့်မှာ ထမင်းစား နေတာဆိုတော့ ထမင်းစား နေတဲ့အချိန်ဟာ အရေးအကြီးဆုံးပါပဲ။
မနက် အိပ်ရာထ နိုးရင် နိုးတဲ့ အချိန်ဟာ အရေးအကြီးဆုံးပါ။ မျက်နှာသစ်ရင် မျက်နှာသစ် ချိန်ဟာ အရေးကြီး ဆုံးပါ၊ သွားတိုက်ရင် သွားတိုက်ချိန်ဟာ အရေးအကြီးဆုံးပါ။ ရေအိမ်ဝင်ရင် ရေအိမ် ဝင်ချိန်ဟာ အရေးအကြီးဆုံး ပါပဲ။ သတိကို ပစ္စုပ္ပန် တည့်တည့်မှာပဲ ထားတဲ့အတွက် အကုသိုလ် ကိလေသာ စိတ်တွေ ကင်းနေသလို ဘာသောက မှလည်း ဝင်မလာတော့ပါဘူး။ ဝိပဿနာ မှာတော့
သမ္ပဇညအမှတ်=အထွေထွေ အမှတ် လို့ခေါ်ပါတယ်။ တရား အားထုတ် ဖူးသူတိုင်း သိပါတယ်။ ဒီလိုပါပဲ ရနိုင်သလောက် လေ့ကျင့် ယူရမှာပါပဲ။
ဒါကြောင့် ပစ္စုပ္ပန် တည့်တည့်ကို လက်ကိုင် ယူထားရပါမယ်။ ဒါပေမယ့် အတိတ် အတွေးတွေ ကတော့ ဝင်နေမှာပါပဲ။ အတိတ် အတွေးတွေ ထဲမှာ ပုထုဇဉ် အားလျှော်စွာ မှားခဲ့တဲ့ အမှားတွေလည်း ပါမှာပါ။
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးရဲ့ ဝိပဿနာရှုနည်း ပထမတွဲ စာမျက်နှာ ၃၂ မှာ---
“လူတို့၏ ရှေ့အဖို့က သီလပျက်မှုသည် ပဉ္စာနန္တရိယကံ၊ ဘိက္ခုနီဒူသနကံ၊ အရိယူပဝါဒကံများ မဟုတ်လျှင် မဂ်ဖိုလ်ကို တားမြစ်တတ်သော အန္တရာယ် မဖြစ်သည် သာတည်း။ ပဉ္စာနန္တရိယကံ၊ ဘိက္ခနီဒူသနကံ၊ အရိယူပဝါဒကံ ဖြစ်လျှင်ကား လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ဤဘဝ၌ မဂ်ဖိုလ်ကို မရနိုင်တော့ပြီ”လို့ မိန့်မှာထားပါတယ်။
မြန်မာလို ရှင်းရှင်းပြောရရင်တော့ လူတစ်ယောက် အနေနဲ့ ရှေ့ပိုင်းမှာ သီလ မစင်ကြယ်ခဲ့ ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသနကံရယ် (ဘိက္ခုနီဒူသနကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့ ဘိက္ခုနီဆိုတာ မရှိတော့ပါဘူး၊ အဆက်ပြတ်သွားပါပြီ) အရိယူပ ဝါဒကံရယ် (အရိယူပဝါဒကံဆိုတာ အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ် အန္တရာယ်ကို မတားမြစ် ပါဘူးတဲ့။
ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက ပိုပြီး ခိုင်မာသွားအောင် ဝတ္ထုငါးပုဒ်နဲ့ ယောဂီတွေ ကို အားပေး ထားပါတယ်။ အားလုံး ကြားဖူးတဲ့ ဝတ္ထုတွေပါ။ အာရုံနှိုးတဲ့ အနေနဲ့ ခပ်ကျဉ်းကျဉ်း ပြန်ပြောပြရ အောင်ပါ။
၁။ သန္တတိ အမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီ ကောသလမင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ပေးထားပါတယ်။ ခုနှစ်ရက် ပတ်လုံး မူးပေတေ နေပါတယ်။ သူသိပ်ချစ်ရတဲ့ မိန်းကလေး ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရား ဆီက ဂါထာတစ်ပုဒ် နာကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။ သန္တတိ အမတ်ကြီးလည်း ရှေ့အဖို့မှာသီလမစင်ကြယ်ခဲ့ပါဘူး။
ဒီနေရာမှာ တစ်ခု သတိထားရမှာက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ်ရသွားတာတော့မဟုတ်ပါဘူး။ တရားနာစဉ်မှာပဲ ရုပ် နာမ်တွေကို ရှုမှတ်ပြီး ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အဆင့်ဆင့် ဖြစ်သွားတယ်ဆိုတာကို ဆရာတော် ဘုရားကြီးက သေချာမှာထားပါတယ်။ ဆိုလိုတာက ရှုမှတ်မှု မပါဘဲနဲ့ တရားထူးရသွားကြတာ မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူးရသွားကြတာပါ။
၂။ အရိယ ဆိုတဲ့ ဒကာ တစ်ယောက်ဟာ ငါးမျှားနေပါတယ်။ မြတ်စွာဘုရား ကြွလာတြာ မင်တော့ ငါးမျှားတံလေး ချထား လိုက်ပါတယ်။ မြတ်စွာဘုရားက “သင့်နာမည် ဘယ်လို ခေါ်သလဲ”လို့ မေးတော့ “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လိုသူ တစ်ပါးညှင်းဆဲတဲ့ သူကို အရိယလို့ မခေါ်ဘူး၊ အရိယာ ဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ် ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။ အရိယလည်း ရှေ့အဖို့မှာ သီလ မစင်ကြယ်ခဲ့ပါဘူး။
၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေပါတယ်။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး သောတာပန် တည်သွား ပါတယ်။ တစ်ယောက် ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက် လိုက်ပါတယ်။ သောတာပန် တည်သူခါးပိုက် နှိုက်လည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။
၎။ သရဏာနိ ဥပသကာလည်း မူးပေတေေ နပါတယ်။ သူလည်း မြတ်စွာဘုရား တရားနာကြားပြီး သောတာပန် တည်သွားပါတယ်။
၅။ အားလုံးသိတဲ့ လူသတ် ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို သတ်ပေးခဲ့ရပါတယ်။
သူလည်း အရှင် သာရိပုတ္တရာ ဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ် သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမ ယောင်ဆောင်ခတ်လို့ သေပြီး တုသိတာ နတ်ပြည်မှာ ဖြစ်ရပါတယ်။
ဆရာတော် ဘုရားကြီးက ဒီဝတ္ထု ငါးပုဒ်ကို သာဓကပြပြီး လူတွေအနေနဲ့ စောစောကကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မပြုပါဘူးတဲ့။
တရား အားထုတ်ရင် သီလဖြူစင်ဖို့ အဓိက လိုအပ်ပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီးက လူတွေ အနေနဲ့ ငါးပါးသီလပဲ ဖြစ်ဖြစ်၊ အာဇီဝဋ္ဌမက သီလပဲဖြစ်ဖြစ် ဆောက်တည်လိုက်ရင် သီလဝိသုဒ္ဓိ=သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ အာဇီဝဋ္ဌမက သီလထဲမှာ ဝိကာလဘောဇန=ညစာရှောင် ရတာမ ပါပါဘူး။ ကျန်းမာရေး အရ ညစာ မစားဘဲ မနေနိုင်သူတွေ အတွက် အထူး အားတက် အာရုံပြုစရာပါ။ ဆိုလိုတာက ညစာစားပြီးလည်း သီလဝိသုဒ္ဓိ= သီလ ဖြူစင်အောင် လုပ်လို့ရပါတယ်။ တရား အားထုတ်လို့လည်း ရပါတယ်။
နောက် ဆရာတော် ဘုရားကြီး ပြထားတာ ရှိပါသေးတယ်။ အထက်က ဝတ္ထုငါးပုဒ်နဲ့ စပ်ပြီး “ ဒီလိုမကောင်း မှုမျိုးတွေ နောင် ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆုံးဖြတ်လိုက်ရင်လည်း သီလဖြူစင်သူဖြစ်သွားပါတယ်တဲ့။
“ကဲ…. လူတစ်ယောက် သီလဖြူစင်ဖို့ အတွက် ဘယ်လောက် လွယ်သလဲ”
နောက်ဆုံး “ဒီလို မကောင်းမှု မျိုးတွေ နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ဆုံးဖြတ်လိုက် တာနဲ့ သီလဖြူစင် သူဖြစ်သွားပါပြီ။
ရဟန်းတော် တွေကျတော့ အဲဒီလို မရပါဘူး။ အပြစ် အာပတ်သင့်ရင် ဒေသနာ ကြားစရာ ရှိရင်ကြား၊ ပစ္စည်း စွန့်စရာ ရှိရင်စွန့်၊ ဝတ်ဆောက်တည် စရာရှိရင် ဆောက်တည် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်မှ သီလစင်ကြယ် တာပါ။
ဒါတင် မကပါဘူး။ သာမန်အပြစ် အာပတ်ကလေး ကအစ ရဟန်းတွေအနေနဲ့ ဈာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို တားမြစ်ပါတယ်။ ရဟန်းသီလနဲ့ လူသီလ သိပ်ကွာပါတယ်။ “လူသီလ”က ပြောခဲ့တဲ့ (၇)မျိုးကို မကျူးလွန်ရ သေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ် ပါဘူး။
နောက်ဆုံး လူတွေအနေနဲ့ သီလ ယူချိန် မရရင်တောင် “ဒီလို အကုသိုလ် မျိုးတွေ နောင် ဘယ်တော့မှ မပြု တော့ပါဘူး” လို့ဆင်ခြင် လိုက်တာနဲ့ သီလဖြူစင် သူဖြစ်သွားပြီဆိုတော့ လူတွေ အနေနဲ့ သီလ ဝိသုဒ္ဓိဖြစ်ဖို့ သိပ်လွယ် ပါတယ်။
တကယ်လို့များ “ဖွ… လွဲပါစေ၊ ဖယ်ပါစေ” ခုတင်ပေါ်မှာ သေရတော့ မယ်ဆိုရင် “ဒီလို အကုသိုလ် မျိုးတွေ နောင်ဘယ်တော့မှမ ပြုတော့ပါဘူး” လို့ဆင်ခြင် လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ အဲဒီသီလဖြူစင်မှုကို အခြေခံပြီး ကိုယ်ပွါးများအား ထုတ်နေကျ ကမ္မဋ္ဌာန်း လေးကို ပွားရင်း သေသွားရင် ကောင်းရာ သုဂတိကို ရောက်သွားနိုင်ပါတယ်။ ဒါကလည်း အားထုတ်တဲ့ အလေ့အကျင့်က နဂိုကတည်းက ရှိထားမှပါ။
ရဟန်းကျတော့ “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆင်ခြင်ရုံနဲ့ သီလ ဖြူစင်သူ မဖြစ်ပါဘူး။
ရဟန်း တစ်ပါးပါးနဲ့ ဒေသနာကြားပါမှ ပျောက်မှာပါ။ ဆိုလိုတာက အာပတ်သင့်ရင် တစ်ပါးတည်း သီလ ဖြူစင်သူ ဖြစ်အောင် လုပ်လို့ မရပါဘူး။ အနည်းဆုံး ရဟန်း တစ်ပါးပါးကို အကူအညီယူပြီး ဒေသနာကြားပါမှ သီလ ဖြူစင်သူဖြစ်မှာပါ။ လူနဲ့ ရဟန်းက အဲဒီလို ကွာတာပါ။
သီလ ဖြူစင်အောင် လုပ်ဖို့ လူနဲ့ရဟန်းမှာ လူကပိုလွယ်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း လုပ်လို့ ရသလို နောက်ဆုံးသေခါနီး ခုတင်ပေါ်မှာ သီလယူချိန် မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေေ နာင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ စိတ် အဓိဋ္ဌာန် ဆုံးဖြတ် လိုက်ရုံပါ။ သီလ ဖြူစင်သူဖြစ်သွားတာနဲ့ ကိုယ်အားထုတ် နေကျ သတိပဋ္ဌာန် တရားကို ဆက်အား ထုတ်သွားရုံပါပဲ။
ဒါတွေကို ထောက်ပြီး ဘာမှ အားငယ် စိတ်ဓါတ်ကျ နေစရာ မလိုပါဘူး။ သီလ ဖြူစင်အောင် လုပ်ပြီး ဆက် အားထုတ် သွားရုံပါပဲ။
ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်နေတဲ့ကာလမှာ အကုသိုလ်တွေ ကတော့ အာရုံတွေ တွေ့တိုင်း တွေးတိုင်း ဝင်လာနေမှာပါ။ ဝင်လာသမျှ အကုသိုလ်ကို ပယ်လို့ရတဲ့ နည်းတွေနဲ့ ပယ်သွားရမှာပါပဲ။
အကုသိုလ် ပယ်တဲ့ နေရာမှာတော့ ဆင်ခြင်းပြီး ပယ်တာရယ်၊ ပွါးများပြီး ပယ်တာရယ် ကတော့ အထင်ရှား ဆုံးပါပဲ။ အဲဒီနှစ်နည်းကို ရှေ့စာအုပ် တွေထဲမှာလည်း အသင့်အတင့် ရေးခဲ့ပြီးပါပြီ။ ဒီမှာတော့ ခပ်ကျဉ်းကျဉ်းပဲ ရေးပြရအောင်ပါ။
အကုသိုလ်စိတ် ရင်ထဲဝင်လာတဲ့အခါ “ဒီအကုသိုလ် တွေဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။ အပါယ် ငရဲကိုလည်း ကျစေတယ်။ ဘဝကိုလည်း ကမောက်ကမ ဖြစ်စေတယ်” စသည်ဖြင့် စိတ်ထဲကပဲ ဖြစ်ဖြစ်၊ အသံထွက်ပြီး ပဲဖြစ်ဖြစ် ဆင်ခြင်လိုက်ရင် ပျောက်သွားတာ များပါတယ်။ ဒါက ဆင်ခြင်ပြီး ပယ်တာပါ။
အကုသိုလ်စိတ် ဖြစ်လာရင် သတိနဲ့ သိလိုက်ဖို့ပါ။ ဥပမာ- ဣဿာ မစ္ဆရိယ စိတ်ဖြစ်ရင် အဲဒီ ဣဿာ မစ္ဆရိယ စိတ်ကလေးကို တည့်တည့် စိုက်ကြည့်ပြီး “ဣဿာ မစ္ဆရိယ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေး ဖြစ်နေတာလဲ” စသည်ဖြင့် သဘောလေးအထိ သိအောင် သတိကပ်ပြီး “ဣဿာ မစ္ဆရိယ စိတ်ဖြစ် တယ် ဖြစ်တယ်”ဆိုပြီး ရှုမှတ်ပစ်ရမှာပါ။
ဒီလိုပါပဲ မကောင်းတဲ့ အတွေး၊ အကုသိုလ် ဖြစ်စေတဲ့ အတွေးကို တွေးမိပြန်ရင်လည်း တွေးတာကို ချက်ခြင်း သိပြီး “တွေးတယ် တွေးတယ် တွေးတယ် တွေးတယ်”လို့ ရှုမှတ်ပစ်ရမှာပါ။ မနက်ဖြန် အားမှပဲ မှတ်မယ်လို့ လုပ်လို့မရပါဘူး။ ချက်ချင်းသိ ချက်ချင်း မှတ်တဲ့ အလေ့လေးကို စွဲနေအောင် လေ့ကျင့် ထုံထားရပါမယ်။ ထုံထားရင် စွဲသွားတာများပါတယ်။ စိတ်ကို ရှုတာ ဆိုတော့ စိတ္တာ နုပဿနာ သတိပဋ္ဌာန်ဖြစ်နေတာပါ။ ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက “စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်”လို့ လိုရင်း အဓိပ္ပါယ် ထိထိမိမိနဲ့ လင်္ကာ စီပေး ထားပါတယ်။ စိတ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း သိသိနေပါတဲ့။
ကျေးဇူးတော်ရှင် ယော ဆရာတော် ဘုရားကတော့ “ ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်း အပူစင်”လို့ မကြာခဏ မိန့်ကြား လေ့ရှိပါတယ်။ ရှေ့စိတ် ဖြစ်နေတာေ လးကို နောက်စိတ်က လိုက်လိုက် သိနေပါတဲ့။ အဲဒီလို သိသိနေရင် အပူတွေ ကင်းစင်ပြီး အေးချမ်း နေပါလိမ့်မယ်လို့ ဟောပြထားပါတယ်။
ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးကတော့ “ အသေးစိတ်ကို အရှင်စိတ်နဲ့ လိုက်မှတ်တာ”လို့ မိန့်ပေးပါတယ်။
ရှေ့ဖြစ် လိုက်တဲ့ အကုသိုလ်စိတ်က ဖြစ်ပြီးတာနဲ့ သေသွားပါပြီ ၊ နောက်က လိုက်မှတ်တဲ့ စိတ်က အရှင်စိတ် ဖြစ်သွားပါပြီ။ ဖြစ်တဲ့ အကုသိုလ် စိတ်နဲ့ မှတ်သိစိတ် တပြိုင်နက် မှတ်လို့ မရတော့ မိုးကုတ် ဆရာတော် ဘုရားကြီးက အသေစိတ် အရှင်စိတ်ဆိုပြီး ခွဲပြ ပေးထားပါတယ်။
ပဋ္ဌာန်း သဘော အရဆိုရင် ခုလို မှတ်လိုက်တာဟာ အကုသိုလ် ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းက အကုသိုလ်ပါ၊ မှတ်လိုက်တော့ ဘာဝနာ ကုသိုလ် ဖြစ်သွားပါတယ်။
ရှုမှတ်လိုက်လို့ အကုသိုလ် စိတ်က ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ ရပ်ချင်လည်း ရပ်သွားမယ်။ ဆက်ဖြစ်တာ မဖြစ်တာသူ့အလုပ်၊ မှတ်ရမှာ ကတော့ ကိုယ့်အလုပ်ပါ။ သူ့အလုပ်၊ ကိုယ့်အလုပ်ခွဲထားရမှာပါ။
ရေးပြရတာ သာလွယ်တာ ကျင့်သုံးဖို့ ကျတော့ ခက်နေပြန်ရော။ ခက်တာကို ခက်တဲ့ အတိုင်း ထားရင် တော့ ခက်ပြီးရင်း ခက်နေ တော့ မှာပါပဲ။ ဒီလိုပါပဲ လေ့ကျင့်ရင်းနဲ့ ခက်တာကို လွယ်အောင် လုပ်ယူရမှာပါပဲ။
ချမ်းမြေ့ ဆရာတော် ဘုရားကတော့ “ရေများရေနိုင် မီးများမီးနိုင်”လို့ မိန့်ထားပါတယ်။ ရှုမှတ်စိတ်က အားကောင်းရင် ရှုမှတ်စိတ်က နိုင်သွားမှာပါ။ အကုသိုလ် ဖြစ်တဲ့စိတ်က အားကောင်းရင် အကုသိုလ် စိတ်က နိုင်သွားမှာပါပဲ။ ဖြစ်တဲ့ အကုသိုလ် စိတ်ကို မရှုဘဲ ဒီအတိုင်း ထားရင် အကုသိုလ် စိတ်ကပဲ အမြဲနိုင်နေတော့မှာပါ။
ဒီနေရာမှာ လူနှစ်ယောက်ကို ခွဲခြားပစ်ရမှာပါ။ ပထမ တစ်ယောက်က ကိုယ့်ကိုယ်ကို အကုသိုလ်စိတ် ဖြစ်တာကို ဖြစ်မှန်းမသိဘဲ ဖြစ်ကြော ရှည်ပြီး ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူပါ။ ဒုတိယ တစ်ယောက် ကတော့ ပုထုဇဉ် အားလျော်စွာ မနှစ်သက်တဲ့ အာရုံကိုတွေ့ပြီး အကုသိုလ်တော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ဖတ်ဖူးထားတဲ့ အတိုင်း၊ နာကြား ဖူးထားတဲ့အတိုင်း ဖြစ်တဲ့ အကုသိုလ်ကို ဖြစ်တဲ့အတိုင်း ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့သူပါ။
ဒီတော့ဒီလူနှစ်ယောက်မှာ ကိုယ်ဟာဘယ်ထဲပါမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါပဲ။ လောလောဆယ် အကျိုးကတော့ အကုသိုလ် စိတ်ဖြစ်ပြီဆိုရင် ဖြစ်တဲ့သူကအရင်စိတ်ဆင်းရဲ ရတော့တာပါ။ ဒါတင်မကပါဘူး။ အကုသိုလ်စိတ်ဖြစ်တဲ့သူနဲ့ ဆက်နွယ် နေတဲ့ မိဘ ညီအစ်ကို မောင်နှမ မိတ်ဆွေ ဆရာသမား ရဟန်း စသည်တွေပါ အကုန် စိတ်ဆင်းရဲ ရတော့တာပါ။ ဖြစ်သူ တစ်ယောက် ထဲတင် စိတ်ဆင်းရဲရတာ မဟုတ်ပါဘူး။ ဆက်စပ် သူမှန်သမျှ အကုန်လိုက် လောင်တော့တာပါပဲ။ ဒါကြောင့် ပုထုဇဉ် အားလျှော်စွာ ဖြစ်ဦးတော့ ဖြစ်တာနဲ့ ချက်ချင်းသိပြီး ရှုမှတ် ပစ်တဲ့သူထဲမှာ ပါအောင် ကြိုးစားရမှာပါ။
တစ်ခါတလေ စာရေးသူက ယောဆရာတော် ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ် ဆိုတာက ဆရာတော်ကို ကိုယ်မေးချင် တာမေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူ မသိ စေချင်လို့ပါ။
တစ်ခါ မှာတော့ နောက်မှာလည်း လူရှိ မရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား…. တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိ ပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲ ရပါတယ်ဘုရား။ ဘယ်လို ပယ်ရပါမလဲ”လို့ မေးတော့ ဆရာတော် ဘုရားက….
“ ဖြစ်တဲ့ အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ် ကိလေသာရှိလို့ အလုပ်လုပ် စရာရှိနေတာ၊ အကုသိုလ် ကိလေသာ စိတ်မရှိရင် ရဟန်း တစ်ပါးအနေနဲ့ သာသနာမှာ ဘာမှ လုပ်စရာ အလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာ ပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ် ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါ နေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့” လို့ မိန့်ပြပါတယ်။
ဆရာတော် ဘုရားက အကုသိုလ် ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘော ထားရပါမယ်တဲ့။ ဆရာတော် ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။
လက်ဝှေ့ ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်း ထိုးနေရင် ကြည့်လို့ မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူး ဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေး တော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။ ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒ အရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ် စိတ်ကို ပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။ အကုသိုလ်စိတ်ရယ်၊ ရှုမှတ်စိတ်ရ ယ် ပြိုင်ရတော့မှာပါ။
ဒီတော့ ဆရာတော့်သြဝါဒအတိုင်း အကုသိုလ်စိတ်ဝင်လာရင်“ကဲ..ကိုရွှေအကုသိုလ်ရေ..မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲ နိုင်မလား၊ ငါကပဲနိုင် မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်း ပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာ မစ္ဆရိယစတဲ့ အကုသိုလ် တရားတွေဟာ နှစ်စိတ် သုံးစိတ် ပြိုင်ဖြစ်လို့ မရပါဘူး။ တစ်စိတ်စီ ပဲဖြစ်ကြရတာပါ။ တစ်ယောက် ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။
ပြိုင်ပြီ ဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့် နေတာပါပဲ။
ဒီတော့ အကုသိုလ် စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့် ပစ်မယ်”ဆိုပြီး စိန်ခေါ်ရမှာပါ။ ဣဿာ မစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ် ပစ်ရုံပါပဲ။ဒါကတော့ အကုသိုလ်ကို ပွါးများပြီးပယ်ပုံ အကျဉ်းပါပဲ။
ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာ ဘုရားဟောကြား ထားတဲ့ မူလပဏ္ဏာသ ပါဠိတော် ဝိတက္က သဏ္ဌာနသုတ် ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို အဓိကထား ပြောသွားရအောင်ပါ။
ဝိတက္က သဏ္ဌာနသုတ် ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြ ထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ စတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်း တရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။
အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။
၁။ ကုသိုလ် တရားကို ဆင်ခြင်ပါ။
၁။ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။
ပါဠိတော် မှာတော့ ကုသိုလ်နဲ့ စပ်ယှဥ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြ မထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ် တာတွေကို ဖွင့်ပြပေးပါတယ်။
ရာဂဖြစ်လာရင် အသုဘ ဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသ ဖြစ်လာရင်မေတ္တာ ပွါးပြီးဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည် ဆရာတော် ဘုရားကြီးက“ဘယ်ကိလေသာ မဆို ဖြစ်ပေါ်လာရင် သမထ တစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။
ဒီတော့ ဆရာတော် ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာစိတ် တစ်ခုခု ဝင်လာတဲ့ အခါ ကိုယ်အားသန်ရာ သမထ ကုသိုလ် တစ်ခုခုကို ပွါးပြီးပယ် လိုက်လို့လည်း ရပါတယ်။
ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော်လေး ပဲဖြစ်ဖြစ်၊ ပွါးနေ လိုက်ရင်လည်း ပျောက်သွား တာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာ နုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့ လည်း ရပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် သေခြင်း တရားအကြောင်းကို တွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာမရှိတော့ပါဘူး။
၂။ အပြစ်ကို ဆင်ခြင်ပါ။
၂။ ကုသိုလ် တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ် ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ရင်ထဲမှာ အကုသိုလ် စိတ်ဖြစ်လာရင် “ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။ သုဂတိ ဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက် ရပါမယ်။
လူတွေဟာ အကုသိုလ် လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်း ကြောက်ကြ ပါတယ်။
အသိ တစ်ယောက် ကတော့ ဘုရားရှိခိုး ပြီးတိုင်း “ငရဲနှင့် ဆင်းရဲ ကင်းလွတ်ရ ပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။ ရင်းနှီး နေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ် ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ် နေပြီးတော့ လွတ်ပါ လိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။
ငရဲနဲ့ ဆင်းရဲ ကိုတော့ လူတိုင်း ကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်း ရပါတယ်။
ငရဲကိုဆင်ခြင်၊ သံဝေဂ ဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ရဟန္တာ ဖြစ်သွားတဲ့ သီဟိုဠ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင် ပါသေးတယ်။
တခါတုန်းက သီဟိုဠ် ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုးကြီးတစ်ယောက်ရှိပါတယ်။ သူက မိသားစုအတွက် မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မကပါဘူး တောထဲ သွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင် စားသေက်ပြီး ရေဆာလို့ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပါတယ်။ ရေအိုးကို ဖွင့်လိုက်တော့ ရေက တစ်စက်မှမရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြော လိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီး သွားတွေ အတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့ လိုက်ပါတယ်။ ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့်ရှိ နေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေးပါတယ်။
အကုသိုလ် ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး တစ်ယောက် ရန်ကုန်မြို့ ကိုလာရင်း ရွှေတိဂုံ စေတီကို တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ် ရောက် တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်း ကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။
အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝ တရားတွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့ အတွက်တော့ ပြောင်းပြန် ဖြစ်ခြင် ဖြစ်နေတတ်ပါတယ်။
အပြင်မှာ ဘယ်လောက်ပဲ အေးနေ အေးနေ သူတို့ အတွက်ပူချင် ပူနေတာပါ။ မိတ်ကောင်း ဆွေကောင်းတွေက တရား စကားတွေနဲ့ ဘယ်လောက်ပဲ ဖေးမ ဖေးမ၊ မတရားစကား လို့ပဲ ထင်နေတော့တာပါ။ ဘယ်သူ့ကို မှလည်း အကောင်းမမြင် တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ,ပေးတဲ့ မိတ်ကောင်း ဆွေကောင်းလည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီ သိပြီး အချိန်မီ ကုစားနိုင်ဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ် နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့် နေရတော့တာပါ။
ကျောင်းထိုင် မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး“ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။
မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီးပစ်လိုက် ပါတယ်။အိမ်ပြန် ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။
ခွင့်ပြုချက် ရတာနဲ့ တရား ဟောလိုက်တဲ့ မထေရ်ဆီ ပြန်လာပြီး ရဟန်း ဝတ်လိုက်ပါတယ်။ ရဟန်း ဝတ်ပြီး ဝိပဿနာ တရားကို ကြိုးကြိုး စားစား အားထုတ်ပါတယ်။ ဒါပေမယ့် တရားထိုင် တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့ တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကို ဘယ်လိုမှ အားထုတ်လို့ မရဘူးဖြစ်နေပါတယ်။
နောက်ဆုံး စိတ်ဓာတ် ကျပြီး လူထွက်တာပဲ ကောင်းပါတယ် ဆိုပြီး မထေရ်ထံ လူပြန် ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့ မထေရ်က မုဆိုး ဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက် ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။
မုဆိုး ဦးဇင်းကြီးကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က “ငရဲတော့ ကြည့်လို့ မရဘူး၊ တခြား တစ်နည်းနဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သား ထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်း လိုက်ပါတယ်။ တန်ခိုးနဲ့ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစို ပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်း ထင်းအစိုပုံကြီး ပြာ ဖြစ်သွား ပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက် တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ်ပါတော့တယ်။
ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုး ကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက် ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ်တ င်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ် လိုက် တာ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ငရဲကို ဆင်ခြင် လိုက်လို့ ရဟန္တာ ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုက တဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။
ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေး တာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့ လည်း ရပါတယ်။
၃။ နှလုံးမသွင်းပါနဲ့
နံပါတ်(၃) က အကုသိုလ် အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီအကုသိုလ်စိတ်ကို နှလုံးမသွင်းပါနဲ့တဲ့။
နှလုံးမသွင်း ပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက တစ်ခြား အာရုံကို ဖြစ်စေလိုက်ပါတဲ့။ တချို့ အတွေးတွေဟာ တွေးလိုက်ရင်ကုသိုလ်ဖြစ်ပါတယ်။ တချို့အတွေး တွေကျတော့ တွေးလိုက်ရင် အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့ အတွေးကိုမှတ်ထားပြီး မတွေး မိအောင်နေရမှာပါ။
နှလုံး မသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့် တွေးချင် တွေးနေမှာပါ။ စိတ်ကို ထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့ အကုသိုလ် အတွေးကို တခြား အာရုံတစ်ခုနဲ့ အစားထိုးပေးရမှာပါ။
တချို့ ကျတော့လည်း မကျေနပ်တဲ့ အာရုံကို သေချာပုံဖေါ် သေချာ နှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံး မသွင်းရင်အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့
ကဏ္ဍကို အဋ္ဌကထာမှာ အဆင့်ဆင့်အကျယ်ဖွင့်ပြထားတာ အကုသိုလ် စိတ်ပယ်ချင်သူတွေ အတွက် သိပ်စိတ်ဝင်စား ဖို့ ကောင်းတာပါ။
နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှ မပျောက်ရင် ကမ္မဋ္ဌာန်း အပေါ်ကျေးဇူးများတဲ့ ပါဠိကို အသံခပ် ကျယ်ကျယ်နဲ့ ရွတ်ပစ် လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။
ဒါကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာရင် ရထားတဲ့ ပါဠိကို လမ်းကို ရှေ့နောက် အပြန်ပြန် လျှောက်ပြီး ရွတ်နေ လိုက်ရုံပါပဲ။
ဥပမာ… ဒိဝါတပတိ ဂါထာရွတ်နေကျ ဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက် တစ်ရာလောက် ရွတ်ပစ် လိုက်ပေါ့။ စာမှာ ပြထားတဲ့ အတိုင်း အသံကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက် တစ်ရာ ပြည့်သွားတဲ့အခါ အကု သိုလ်လည်းပျောက်၊ ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ ဖတ်လိုက်ပါတဲ့။
ဆရာတော် အရှင်ဇနကာ ဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့် အဘိဓမ္မာ” ၊ ဦဇင်း အရှင် ဆန္ဒာဓိကရဲ့ “လိုတရ နှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်က စာထဲရောက် သွားတာနဲ့ အကုသိုလ်က ပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ် တစ်အုပ် ဖတ်ပြီး ဘဝ တစ်ခုလုံးတောင် ပြောင်းသွား သေးတာဆိုတော့ အကုသိုလ်စိတ် ပျောက်ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့ အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။
ဒီနေရာမှာ အဋ္ဌကထာ ဆရာက အကုသိုလ်စိတ် ဝင်လာတဲ့ အခါ ဝေယျာဝစ္စ တစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွား ပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓက ပြထားပါသေးတယ်။
အဲဒီ ဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်ေ တွးမယ်” စာအုပ်ထဲမှာ ပါပြီးသားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။
တစ်ခါတုန်းက သီဟိုဠ် ကျွန်းမှာ ကိုရင်တိဿ ဆိုတဲ့ ကိုရင် တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင် တိဿဟာ အကုသိုလ် ကာမ ဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာ ဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင်လူထွက် လိုက ထွက်ပါ။ တို့မတား ပါဘူး။ ဒါပေမယ့် တို့နေတဲ့ အရပ်ဟာ ချိုးရေရှားတယ်။ ရေပေါတဲ့ စိတ္တရ တောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။ကိုရင် တိဿလည်း ရေပေါတဲ့ စိတ္တရတောင် ဘက်ကို ပို့ပေးပါတယ်။
စိတ္တရ တောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာရှိ တဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိက ကျောင်း တွေဆိုတော့ အစစအရာရာ ဆင်ခြင်နေ ရတယ်။ ဒါကြောင့် ကိုယ်ပိုင် ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံး ကျေးဇူးဆပ်ခြင်း ဆိုပြီးကျောင်းငယ်လေးကို ကိုယ်တိုင် ဆောက်ပေးပါတယ်။
ကျောင်းဆောက်ရင်း တေဇော ကသိုဏ်းလည်းပွါး၊ သံယုတ္တနိကာယ်ကို လည်းရွတ်ဖတ် နေပါတယ်။ ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ ဒီ တစ်ညတော့ သင်ဆောက်တဲ့ ကျောင်းလေးမှာ သင်ပဲ အိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက်ခင် ဝိပဿနာတရား ကိုလည်း ကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင် တိဿလည်း တရားတွေ ပွါးများလိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။
အဋ္ဌကထာ ဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ် ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။
ကိုယ်က ဒီသာဓက လေးကို ထောက်ပြီး အကုသိုလ် စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စ တစ်ခုခုကို ထလုပ်လိုက် ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုး လဲတာ စသည်ဖြင့်ပေါ့။
မန္တလေးက ဒကာမ တစ်ယောက်ကတော့ စိတ်ဆိုး ဒေါသ ထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန် ဆွဲချလိုက် ပါသတဲ့။ ပြီးတော့ ဖွပစ် လိုက်ပါသတဲ့။ ပြီးမှ တစ်ထည်ချင်ြး ပန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်း မှတ်သား စရာပါပဲ။
အဓိက ကတော့ ဝင်လာတဲ့ အကုသိုလ် ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာ အလုပ်တစ်ခုကို ထလုပ် လိုက်ဖို့ပါ။ အကုသိုလ် အာရုံနေရာမှာ တခြား အာရုံ တစ်ခုနဲ့ အစားထိုး လိုက်တဲ့သဘောပါ။
ဒီနှလုံး မသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာပဲ မဟာစည် ဆရာတော် ဘုရားကြီးက - ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီ
လောက်ပဲ ဖြစ်ဖြစ် နေ့ဝက်ပဲ ဖြစ်ဖြစ်၊ တစ်နေ့ ပဲဖြစ်ဖြစ် မေ့မေ့ ပျောက်ပျောက် အတူတူ နေပုဂ္ဂိုလ်တွေနဲ့ အလွတ် စကားပြော နေလိုက်ပါတဲ့။
ဒီတော့ အကုသိုလ် ဝင်လာရင် မိတ်ဆွေ တစ်ယောက်ယောက်ဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေး ဆေးဆေး ပြောနေလိုက်ပေါ့။ စိတ်က စကားထဲမှာပဲ ရောက်နေတဲ့ အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံ မရောက်တော့ပါဘူး။
ဒါမှ မဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့ အကုသိုလ် စိတ်ဖြစ်လာရင် ရွှေတိဂုံေ စတီပဲ ဖြစ်ဖြစ်၊ ဆူးလေ စေတီပဲံဖြစ်ဖြစ်၊ မဟာမြတ်မုနိ ပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာ ရှိတဲ့ စေတီ တစ်ဆူဆူပဲ ဖြစ်ဖြစ် သွားဖူးလိုက် ဖို့ပါ။
နောက် ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။
ဆရာတော် ဘုရားကြီးက အကုသိုလ်ကို ရှုမှတ်မှုနဲ့ မပယ်နိုင်ရင်တောင် တစ်ခြား ရတဲ့နည်း တစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့ မိန့်ပြ ထားတာပါ။ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာ ကရုဏာ တော်ပါပဲ။ အကုသိုလ် ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ် နိုင်ဖို့ပါပဲ။
အကုသိုလ်စိတ်ဖြစ်ပုံခြင်း ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ် ပယ်နည်းတွေ အများကြီး ရှိပေမယ့် ပယ်တဲ့ နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ ပဲဖြစ်ဖြစ် အရ ကောက်လိုက်တော့ အကုသိုလ် ကတော့ အကုသိုလ်ပါပဲ။
အကုသိုလ် စိတ်တစ်ခု ဝင်လာရင် တချို့ကျတော့ ဂါထာရွတ် လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဝေယျာဝစ္စ တစ်ခုခု လုပ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဘုရား စေတီ သွားဖူးလိုက်ရင် ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသ င့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ နည်းနဲ့ ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းကို သိထားဖို့ သိပ် အရေးကြီး ပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်း မျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းကို မှတ်ထားလိုက်ဖို့ပါ။
နှလုံးမသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည် ဆရာတော်ဘုရားကြီး ကကော အကျယ် ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ ဆိုင်တာတွေ လောက်ပဲ ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။
၎။ အကြောင်းကိုရှာပါ
၎။ နှလုံးမသွင်း ဘဲနေလို့မှ မပျောက်ရင် အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ကို ရှာပြီး ဖျောက်ပါတဲ့။
အဋ္ဌကထာက အကြောင်းရင်း ရှာပုံကို ဇာတ်ဝတ္ထု လေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့ ဥသျှစ် ပင်အောက်မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီး ကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့် ပြေးရင်း နောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီး ကိုပြပြီး မြေပြိုတာ မဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။
အဋ္ဌကထာ ဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာ သွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်းရင်း ရှာဖျောက်ပါလို့ ဥပမာ သာဓကနဲ့ ရှင်းပြထားပါတယ်။
တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီး နေတာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါး လေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေ ကျတော့လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် အထင်မှားနေတာ လည်း ရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။ အကြောင်းရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ်တင်ပါတယ်။
၅။ သွားအံကိုကြိတ်ပါ။
၅-က အကြောင်းရင်း ရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။
ဒါတွေကတော့ ဝိတက္က သဏ္ဌာနသုတ်က လာတဲ့ အကုသိုလ် ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။
ကိုယ့်ကိုယ်ကို အသစ်ပြန် တည်ဆောက်တဲ့ သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။
အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။
အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
သိက္ခာ သုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ တည်ဆောက် တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်အိပ်ရာ ထစဆိုတော့ ဘာအာရုံမှမတွေ့ သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့အကုသိုလ် မဝင် သေးပါဘူး။ အကုသိုလ်ဝင်မ လာသေးတဲ့ အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။
ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခု ရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန် မထိခိုက်သလို မိသား စုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ။
ဒီတော့ ကိုယ်လက်သန့်စင်ပြီး တာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။
နောက် - ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ မရဏာ နုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွါးလိုက်ပါ။ ဒါဆို အားလုံးပေါင်း မိနစ် နှစ်ဆယ်ရှိပါလိမ့်မယ်။
မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာ သုံးပါးတည်သူလည်း ဖြစ်သွားတော့တာပါ။
လူဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊မကောင်း တာပဲဖြစ်ဖြစ် စွဲနေတတ်ပါတယ်။ စာရေးသူက မနက်(၁၀)နာခွဲ မှာတစ်ကြိမ်ရေချိုးသလို နေ့လည်(၁)နာရီခွဲ မှာလည်း တစ်ခါထပ် ချိုးပါတယ်။ နေ့လည်(၁)နာရီခွဲ ရေမချိုးရရင် မနေတတ်တော့ပါဘူး။ တရားပွဲရှိတဲ့နေ့ဆို တရား ဟောခါနီးညနေ(၆)နာရီလောက် ရေချိုး သွားတိုက်ပြီးမှ ဟောလေ့ ရှိပါတယ်။ ဒါတွေကတော့ ဦးဇင်း အရှင် ဆန္ဒာဓိကက တရား မဟောခင် သွားတိုက်တာက အစလုပ်ခိုင်းလို့ စွဲနေတာပါ။
အမေရိကန် နိုင်ငံ၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း ရောက်တော့ တရားပွဲရှိတဲ့ နေ့ဆို စာရေးသူက မနက် (၁၀)နာရီခွဲတစ်ခါ၊ နေ့လည်(၁)နာရီခွဲတစ်ခါ၊ ညနေ(၆)နာရီတစ်ခါ တစ်နေ့သုံးခါချိုးနေတော့ ကျောင်းထိုင် ဆရာတော် ဘုန်းကြီး ဦးသိရိန္ဒက ကျောင်းမှာ အဆင်မပြေလို့ စိတ်ညစ်လို့ ရေချိုးတယ် ထင်နေတော့ တာပါ။ အဲဒီအချိန် ကစာရေးသူရဲ့ “စိတ်ညစ်ရင် ရေချိုးပါ”စာအုပ်က ထွက်ပြီးစပါ။ စွဲနေတာကို ပြောတာပါ။
ဒီလို ရေချိုး နေတာကို ဓမ္မဘေရီ ဆရာတော်ကြားတော့ အရှေ့နေ၊ အနောက်နေ၊ ကျနေ တွေနဲ့ရှင်းပြပြီး မချိုးဘို့ လှမ်းတားပါတယ်။ ဆရာ သမားမို့ ‘မှန်ပါ့မှန်ပါ့’သာပြော လိုက်ရတယ်၊ ကိုယ်လုပ်နေကျ ရေချိုးမှုကိုတော့ ဒီနေ့အထိ မစွန့်နိုင်ခဲ့ပါဘူး။ စွဲနေတာပါ။
ဒီလိုပါပဲ။ မနက်မိနစ်နှစ်ဆယ် စောထပြီး သိက္ခာသုံးပါး ဆောက်တည်တာလေးကို စွဲနေအောင် လုပ်ထား လိုက်ပါ။ စွဲသွားရင် စွဲသွား တော့တာပါပဲ။ စာရေးသူတောင် ရေချိုးတာကို စွဲနေသေးတာပဲ။
ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။
သိက္ခာ သုံးပါးတည်ပြီး တစ်နေ့တာ နောက်ပိုင်း မနှစ်သက်တဲ့ အာရုံကြောင့်ပဲဖြစ်ဖြစ်၊ တွေးလို့ပဲဖြစ်ဖြစ် အကုသိုလ် စိတ်လေးတွေ ဝင်လာရင်လည်း အထက်က အကုသိုလ် ပယ်နည်း တွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့် နည်းကိုယူပြီး ပယ်ပယ်သွားရမှာပါ။
လူငယ် စကားနဲ့ ပြောရရင်တော့ ကိုယ်နဲ့ အိုကေမယ့် နည်းကိုယူပြီး ပယ်သွား ဖို့ပါ။
တချို့ အကုသိုလ် တွေကျတော့ ဖြစ်ချင်လွန်းလို့ မဟုတ်ဘဲ မထင်မှတ်ဘဲ ဖြစ်သွားရတာတွေ လည်းရှိပါတယ်။ ဖြစ်ပြီးခါမှ“သြော်…ဒီအကုသိုလ် တွေငါဖြစ်သွားပါလား”ဆိုပြီးကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်ရတာပါ။ ဒါတွေဟာ အတိတ်တိတ် ကပါလာတဲ့ အကုသိုလ်အထုံဓာတ်တွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်က ဒီဘဝမှာ တရားမျိုးစုံနာ၊ တရားစာအုပ်မျိုးစုံဖတ်၊ တရားတွေ အခါအား လျှော်စွာထိုင်နေပေမယ့် အတိတ် အထုံဓာတ်ဆိုး တွေကြောင့် မထင်မှတ်ဘဲ ဖြစ်သွားရတာတွေပါ။ အတိတ် အထုံ ဓာတ်ဆိုးတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သူ့ရဲ့ လျှပ်တစ်ပြက် ရိုက်ချက်ကြောင့် ပုံကနဲ လဲကျသွားတတ်ပါတယ်။
ဒါပေမယ့် လဲကျသွားရင် စိတ်ဓာတ်မကျဘဲပြန်ထနိုင်ဖို့ သိပ်အရေး ကြီးပါတယ်။ ပြန်ထတဲ့ အခါ သိက္ခာသုံးပါး ကိုကိုင်ပြီး ထရမှာပါ။ သိက္ခာသုံးပါးကလည်း ကိုယ့်ကို အဆင်သင့် လက်ကမ်းထားပြီးသားပါ။ကိုယ်က သူကမ်းတဲ့ လက်ကို ဆွဲယူလိုက်ရမှာပါ။
တကယ်တော့ ကိုယ်လဲကျရင် ကိုယ့်ကိုပြန်ထူပေးမယ့် သိက္ခာသုံးပါး ကရှိပြီးသားပါ။ ဒါကို ကိုယ်က သိထား ဖို့ပါ။ ဒီတော့ ကိုယ့်ကိုယ် ကိုသတိနဲ့ နေနိုင်မှ တော်ကာကျတာပါ။
ကျန်တဲ့ အချိန်လေး တွေမှာလည်း တတ်နိုင်သမျှ အမှတ် သတိလေးတွေနဲ့ နေနေရမှာပါ။ အထူးသဖြင့် တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်လေး တွေမှာ အမှတ်သတိလေးတွေ ပါနေဖို့ပါ။
ဥပမာ - ရေသောက်တယ် ဆိုတာ တစ်ယောက်တည်း သောက်ရတာဖြစ်လို့ အမှတ် သတိလေးနဲ့ ခွက်ကို လှမ်းယူတာ၊ ကိုင်တာ၊ ရေထည့်တာ၊ ပြန်ယူတာ၊ ခွက်နဲ့ နှုတ်ခမ်းနဲ့ ထိတာ၊ သောက်တာ စသည်တွေကို အမှတ် သတိလေး တွေပါအောင် ကြိုးစားရမှာပါပဲ။
ဒီလိုပါပဲ အိမ်သာတက်တဲ့ နေရာမှာလည်း တစ်ယောက်တည်း ဆိုတော့ အမှတ် သတိပါအောင် ကြိုးစားရ မှာပါပဲ။ တံခါး ဖွင့်တာ ပြန်ပိတ်တာ လုံချည်ပင့်တာ ထိုင်တာ စွန့်ခြင် စိတ်ကို မှတ်တာ စွန့်တာကို မှတ်တာ စသည်ဖြင့် အမှတ်သတိနဲ့ မှတ်သွားရုံပါ။ ဒီတော့ အိမ်သာထဲ မှာတင် ဘာဝနာကုသိုလ်တွေ ဖြစ်နေတော့ တာပါ။ ကုသိုလ်က ယူမယ်ဆိုရင် အိမ်သာထဲ မှာတောင် သတိရှိရင် ယူလို့ ရတာပါပဲ။ အကျိုး ရလဒ်ကတော့ တစ်ချက်မှတ် တစ်ချက် ကုသိုလ် ရသလို တစ်ချက် မှတ်တစ်ချက် အကုသိုလ်ကို ပယ်လိုက်တာပါပဲ။
အများနဲ့ လုပ်ရတဲ့ အလုပ်တွေမှာတော့ လိုက်မှတ်ဖို့ မလွယ်လှပါဘူး။ တစ်ယောက်ထည်း လုပ်ရတဲ့ အလုပ်ေ တွမှာတော့ တတ်နိုင်သမျှ အမှတ် သတိလေးတွေ ပါအောင် ကြိုးစားရပါမယ်။
ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက
အမှန် ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါ တကယ် ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ် မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။
ရဟန်း လည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်ြး ဖစ်ပြီး “ဒီအကု သိုလ်မျိုး တွေဝင်လာရ ပါ့မလား”ဆိုပြီး တွေးရင်း တွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင် သမျှစု ထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်းတွေကိုလည်း ချစ်တဲ့ စာဖတ်သူ တွေဆီကို ရေးပို့နေဦးမှာပါ။
အဲဒီလို အကုသိုလ် စိတ်ဝင်လာလို့ စိတ်ဆင်းရဲ ရပြီဆိုရင် ကိုယ့်ကိုယ်ကို တရား ပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေ ဖြစ်နေ ငါ တရားအား ထုတ်ဖို့အဓိက” ဆိုတဲ့ စကားလေးပါ။ အဲဒီ စကားလေးကို ထပ်ကာ ထပ်ကာ ရွတ် နေလိုက်ရင် စိတ်က သက်သာ သွားတာများပါတယ်။
အခုတလော တရားပွဲ တွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီး သားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘောကျတာပါ။
ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယ တစ်ယေက်ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေ ဖြစ်နေ ငါ တရား အားထုတ်ဖို့ အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေး လုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာ ဘာပဲဖြစ်နေ ဖြစ်နေမှာ နှစ်ပိုင်း ရှိပါတယ်။ ကိုယ်ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့ အဓိက၊ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါ။
ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်း ရှိမယ်။ လူမှုရေး အဆင်ပြေ တာလည်းရှိမယ်၊ မပြေတာလည်း ရှိမယ်၊
အလုပ်အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်းရှိမယ်။ ရာထူးဌာနန္တရ အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါပဲ။
နောက်တစ်ပိုင်းက သူများ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါ။ သူများတွေ ဘယ်လို အခြေအနေ အနေ အထားတွေပဲ ရောက်နေ ရောက်နေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါပဲ။
ဒီနေရာမှာ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ်တရား အားထုတ်ဖို့အဓိက ဆိုတော့“နည်းနည်းများ အတ္တဆန် မနေဘူးလား” လို့ မေးစရာရှိပါတယ်။
“ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိက ဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့ အတိုင်း ဝိပဿနာ တရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာက အဓိကပါ။
တရား အားထုတ် နေစဉ်ကာလမှာ အားလုံးကို ဥပေက္ခာ ပြုထားရမှာပါ။ ဒီတော့ ကိုယ်တရား အားထုတ်နေစဉ် ကာလမှာ ကိုယ့်ခင်ပွန်း ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ၊ ကိုယ့်ဇနီး ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့် သားသမီး ကိုလည်း ဥပေက္ခာ ပြုထား ရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာ ပြုထားရမှာပါပဲ။ဘာပဲ ဖြစ်နေဖြစ်နေ တရား အားထုတ်နေရင် ဘဝက အဓိပ္ပါယ် ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန်တည်ဆောက်တဲ့ နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာ တရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက် ရမှာပါပဲ။
ဝိပဿနာ တရား အားထုတ်တဲ့ နေရာမှာ တချို့က အားထုတ်လို့ ကောင်းတာလည်းရှိမယ်၊ အားထုတ် လို့ မကောင်း တာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုး ရှိပါတယ်။
(၁) တရား ရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင် ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်း အတွေ့နှေး တယ်၊ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါဒန္ဓာဘိညာ လို့ခေါ်ပါတယ်။
(၂) တရား ရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့ မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ လို့ခေါ်ပါတယ်။
(၃) တရား ရှုမှတ်တဲ့ အခါမှာတော့ ချမ်းချမ်း သာသာ လွယ်လွယ် ကူကူတော့ ရှုမှတ် ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့ နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာ လို့ခေါ်ပါတယ်။
(၄) တရား ရှုမှတ်တဲ့ အခါမှာ ချမ်းချမ်း သာသာ လွယ်လွယ် ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန် တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကိုကျတော့ သုခါပဋိပဒါခိပ္ပါဘိညာ လို့ ခေါ်ပါတယ်။
တရား ရှုမှတ်တဲ့ နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲ ဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။
၁။ အတိတ်တိတ် ဘဝတွေက သမထလည်း အားမထုတ် ခဲ့ဖူးဘူး။ ဝိပဿနာလည်း အားမထုတ်ခဲ့ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့အခါ မှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။
၂။ အတိတ်တိတ် ဘဝတွေက ဝိပဿနာ တရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ် ခဲ့ဖူး ဘူးဆိုရင် တရား ရှုမှတ်တဲ့အခါ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။
၃။ အတိတ်တိတ် ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာတရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရား ရှုမှတ်တဲ့အခါ ချမ်းချမ်း သာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရတယ်။ တရား ကျတော့ အတွေ့ နှေးတတ်ပါတယ်။
၎။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာလည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့ အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ လည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။
ဒီသဘောတွေ သိထားတော့ တရားအား ထုတ်တဲ့အခါ အခက်အခဲ တွေ့ရပေမယ့် ဘာမှ စိတ်ပျက် အားငယ် စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူးရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝတွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက်အပံ့ကောင်းတွေ ရသွားတော့ တာပါ။
တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊ စေတီတွေ၊ တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်း များစွာ ဝီရိယ ရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင် ဝီရိယရှိကြတဲ့ သူတွေပါ။
ပြောရရင် သမထနဲ့ပဲ လမ်းဆုံးနေတာပါ။ အဲဒီ ဝီရိယတွေနဲ့ သမထက တစ်ဆင့် ဝိပဿနာဘက် ကူးသွားနိုင်ရင် သိပ်ကောင်း တာပါ။ ဝီရိယ ကရှိပြီးသား ဆိုတော့ ဝိပဿနာ တရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိကသ မထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။
ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ” ဆိုပြီး သမထကို လျှော့ချ မထားရပါဘူး။ တရားအား ထုတ်တဲ့ အခါ ဝိပဿနာ တရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ်ေ နရမယ်လို့ မဆိုပါဘူး။ တရားအားထုတ် တယ်ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရား အားထုတ်ရင်းနဲ့ စိတ်ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာတတ် ပါတယ်။ စာမှာတော့ အဲဒီလို အခါမျိုးမှာ ဝိပဿနာ တရားကို ခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ် ရမယ်လို့ ဆိုပါတယ်။ စာမှာ ဥပမာ ပေးထားတာကတော့ စစ်သား တစ်ယောက်ဟာ စစ်တိုက်လို့ မောပန်း လာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမော ပြေတဲ့အခါ အားအင်တွေပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရားအားထုတ်နေတဲ့ ယောဂီဟာလည်း ဝိပဿနာတရား အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် စစ်သားဟာ ကတုတ်ကျင်းထဲ ပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာတရားကို ခဏရပ်ပြီး သမထကို ပြန်အားထုတ်ပါတဲ့။ သမထအားထုတ်လို့ စိတ်ပြန်ကြည်လင်လာပြီဆိုမှ ဝိပဿနာတရားကို ပြန်အားထုတ်ပါတဲ့။
ဒီအဋ္ဌကထာ အဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာ အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏ ရပ်ထားပြီး သမထကို ပြန်အားထုတ်ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။
ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင် လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညိုတာ လည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်း တွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့တာတွေနဲ့ လည်း ဆိုင်နေပါတယ်။ အကုသိုလ်ကိုေ တွးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ်ကိုတွေးရင် အကုသိုလ်ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေး နေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။
ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကို မကြည်ညိုဘူးဆိုရင် အသစ်ပြန် တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာ တရားနဲ့ ပြန်တည်ဆောက် တာ အကောင်းဆုံးပါပဲ။ လောကမှာ ဝိပဿနာ ထက်ကောင်းတာ ဘာမှ မရှိတော့ပါဘူး။ ဝိပဿနာ အားထုတ်ရင် သီလကလည်း တွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများ သိထားပြီဆိုတော့ ဝင်လာတဲ့ အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခု နဲ့ ပယ်ပစ်ရုံပါပဲ။
ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ် ပြန်တည်ဆောက် လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ်သွား ပါလိမ့်မယ်။
ဘာပဲဖြစ်နေ ဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအား ထုတ်ဖို့ အဓိက”ဆိုတဲ့အ တိုင်း တရားသာ အားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။
ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”
ရဝေနွယ်(အင်းမ)
ဆက်ဖတ်ရန်>>>
အလော သုံးဆယ် ဆိုတဲ့ စကားလေး ကိုတော့ အနီးကပ်မှ မြန်မြန်လုပ်တာ ၊ အလျင်စလို လုပ်တာမျိုး ကို သုံးတတ် ကြပါတယ်။ နောက် တစ်ခု က ဖုတ်ပူ မီးတိုက် ဆိုတဲ့ စကားရပ်လေး လည်း သုံးကြ ပြန်ပါတယ်။ အနီးကပ်မှ အမော တကော သုတ်သီးသုတ်ပြာ လုပ်တာကို ပြောခြင်း ဖြစ်ပါတယ်။ ဒီ အလောသုံးဆယ် တို. ဖုတ်ပူမီးတိုက် ဒီစကားရပ် ကလေးကို ဘယ်ကလာ မှန်း မသိ ခဲ့ပေမဲ့ ဒီစကားလုံးလေး ဟာ ကျွန်မ အတွက် အမြဲ ရင်းနှီးခဲ့ပါတယ်။ ရှေးလူ ကြီးတွေ နဲ့ ကျွန်မ တို. မေမေ တို. အသုံးများတဲ့ စကားပေါ့ ၊ လောကမှာ ဘယ်ကိစ္စ မဆို ဖုတ်ပူမီးတိုက် ၊ အလော သုံးဆယ် လုပ်တာ မကောင်းဘူး ဆိုပြီး ဆုံးမ ကြတယ်။ သူတို. ဆို ဆုံးမတဲ့ သဘောက တော့ အလုပ်ကို သေသေချာချာ စနစ်တကျနဲ့ လုပ်ဖို.ပေါ့။ ကျွန်မ မေမေ ခဏ ခဏ ကျွန်မကို ပြောတဲ့ စကား ၊ ဟုတ်တယ်၊ ကျွန်မ ကလည်း ပြောလည်း ပြောချင် စရာ။ ကျွန်မ အလုပ်လုပ် ပုံလည်း ကြည့် ၊ ကျွန်မ မီး ပူတိုက် မှာ အလွန်ပျင်း သူတစ်ယောက်ပါ။ ကျွန်မ ငယ်ငယ်က ကိုယ့် အ၀တ်အစား ကို ကိုယ်တိုင် မီးပူ တိုက်ရပါတယ်။ မန္တလေးက လည်းရာသီ ဥတုက ပူတော့ မီးပူတိုက်ရင် ချွေးပြိုက်ပြိုက် ကျတာပေါ့။ ဒါကြောင့် အ၀တ်အစားကို ပါးပါးပေါ့ပေါ့ လေးတွေ ရှာဝတ် တယ်။ အဲဒီ ပေါ့ပေါ့ ပါးပါး အ၀တ် တွေက သိပ်ပြီး အ၀တ်ကို ခေါက်ရိုး ကျိုးအောင် ခေါက်နေစရာ မလိုဘူးပေါ့။ ဒါကြောင့် ကျွန်မ အ၀တ် အစား တွေကို မီးပူတိုက်တဲ့ အခါ တစ်ထည်လုံးကို မီးပူနဲ့ တစ်ပတ် ဝှေ.လိုက်ပြီး ခေါက်ချလိုက်တယ်။ ပြီးတော့ ခေါက်ထားတဲ့ အ၀တ် ပေါ်ကနေ မီးပူကို တစ်ချက် ခပ်ပြင်းပြင်း ဖိဆွဲ ချလိုက်တာပေါ့ ။ အဲဒီလို လုပ်တော့ ကျွန်မ မီးပူတိုက်တာ သိပ်မြန်ပြီး ခဏလေးနဲ့ ပြီးတာပေါ့ ။ ဒါနဲ့ ကျွန်မ မေမေက ဟဲ့ ညည်း မီးပူတိုက်တာ ဖုတ်ပူမီးတိုက် အလောသုံးဆယ် နဲ့ ပြန့်ကော ပြန်. ရဲ့လား ။ ကျွန်မကတော့ စိတ်ထဲ ပြန့် ပြန့် ၊ မပြန့် ပြန့် ကိုယ်တိုက် ပြီး ကိုယ်ပြန်ဝတ် တာမို. ကျွန်မ မေမေ အမေးကို နုတ်ဆိတ်လို. နေခဲ့ဘူးပါတယ်။့  ကျွန်မ အရည် အသွေးကို ထည့်မစဉ်းစား၊ ကျွန်မ အထည် များများ နဲ့ အရေအတွက် မြန်မြန် ပြီးဖို. အရေးပဲ ကျွန်မ ခေါင်းထဲမှာ ရှိခဲ့ပါတယ်။
ခုတော့ ဒီစကားလုံးလေး ကိုကျွန်မ မေ.လုဆဲဆဲ ဖြစ်နေပြီ။ နေ.စဉ်နေ.တိုင်း ကျွန်မ မိုးလင်း မိုးချုပ် အလော သုံးဆယ် နဲ့ ပြေးလွှား နေလိုက်တာများ ။ ကျွန်မ နဲ့ အတူ လမ်းသွား လမ်းလာတွေ ကြည့်လိုက်လည်း ကျွန်မ နည်းတူ ပြေးပြေးလွှားလွှား။ လုပ်ငန်းခွင်လည်း အနီးကပ်မှ လာပေးတဲ့ အလုပ်တွေ ကို လုပ်ရတာ ဖတ်ဖတ် ကိုမောလို. ၊ နောက် အလုပ်ပြန် တော့လည်း အိမ်အမြန် ပြန်ရောက်ဖို. အရေး နဲ့ ညနေစာ ဘာချက်စား ရရင်ကောင်းမလဲ အတွေးတွေနဲ့ အတူ အပြေးလေး အိမ်ပြန်ခဲ့ ရပါတယ်။ ကျွန်မ ပတ်ဝန်း ကျင်က လူတွေ အားလုံးလည်း ကျွန်မလိုပဲ အတွေးတွေ နဲ့ ပင် တစ်နေ.တာ ကုန်ဆုံးကြမှာ အမှန်ပါ။
ဒီလိုနဲ့ မေမေ စင်္ကာပူကို ခဏလေး လာတဲ့ အချိန်မှာတော့ မေမေ နဲ့အတူ စင်္ကာအပူ အနှံ လျောက်လည်ကြတယ်။ စင်္ကာပူရဲ့ လမ်းပန်း ဆက်သွယ်ရေးက MRT လို.ခေါ်တဲ့ မြို.ပတ် ရထားကို လူအများစု အသုံးပြုကြတယ်။ မီးပွိုင့်မိလို့ စောင့်ရတာ လည်:မရှိသလို ဘူတာတိုင်း ရပ်ပြီ: တစ်ဘူတာ ၂မိနစ်၊ (၃) မိနစ် လောက်ပဲ ကြာတယ်၊ ရထား station အ၀င်စ လောက် ရှိရုံနဲ့ ကိုယ်စီး ရမဲ့ ရထားဟ (၁) မိနစ် စောင့်ရမယ်။ next train က (၃) မိနစ် စောင့် ရမယ်။ စသဖြင့် train information board မှာ စာတမ်းတွေ ဖတ် ကြည့် လိုက်တာနဲ့ သိနိုင်ပါတယ်။ ရထား ဘူတာရုံ တော်တော် များများဟာ မြေအောက်၊ ထဲမှာ ဆိုတော့ ရထားဆိုက်တဲ့ နေရာအထိ ပေ ၈၀ပေ ၁၀၀ လောက်ကို စက်လှေကားနဲ့  ဆင်းသွား ရပါတယ်။ စက်လှေကား ဆိုတော့ လမ်:လျှောက်ရင်း တက် လို့ရသလို လမ်းမလျှောက် ချင်သူများ အတွက်လည်: အဆင်ပြေတာပေါ့။ ဒါကြောင့် ဘူတာအ၀င် ၀ကနေ စပြီး ရထားဆိုက်တဲ့ နေရာအထိ အပြေးလေး သွားရင် (၁) မိနစ်လောက် ဆိုရင်ပဲ ရထားဟာ မှီရုံလောက်နဲ့ အံကိုက်လောက် ဖြစ်တတ်တယ်။ ဒါကြောင့် ပြေးရတော့တာပေါ့ ၊ အဲလိုမပြေးရင် Next Train က အလုပ်ချိန်ဆို ရထား တစ်စီးနဲ့ တစ်စီး ကွာလှ (၂) မိနစ် (၃) မိနစ် လောက်ပါပဲ ။ သို့ပေမဲ့ ဒီ မိနစ် ပိုင်းလေး လောက်နဲ့ ပင် ပြေးလွှား မောပန်း နေကြဆဲပါပဲ။
ကျွန်မ၊ မေမေလာလည် တဲ့ အခါ MRT ရထားစီး တော့ ရထားဘူတာမှာ ရွေ.ရှားနေတဲ့ စက်လှေကားကြီး ပေါ်မှာ ကျွန်မ တစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်း ပြေးမိ လိုက်ပါတယ်။ မေမေက ပြောပါတယ်။ ညည်း ဟာက စက်လှေကားကြီး ကလည်း ရွေ.နေတယ်။ ညည်းကလည်း စက်လှေကားပေါ်မှာ ထပ်ရွေ. လိုက်သေးတယ်လို. ပြောပါတယ်။ မေမေ မြန်မြန် တက် ရထားက (၁) မိနစ် ဆိုရောက်ပြီ ၊ နောက်ရထားက စောင့်ရမှာလို.၊ ကျွန်မ မေမေကို အော်ပြောလိုက်တယ် ။ ကျွန်မကတော့ ချိန်ကိုက်ပေါ့ အချိန် တစ်မိနစ်လေးကို ကျွန်မ အသုံးချ လိုက်ချင်သည်။ ဒီတစ်မိနစ်မှာ ကျွန်မ ပြေးလိုက်ရင် ရထားမှီပြီး နောက်ရထား ထပ်စောင့် စရာ မလို ။ သို.ပေမဲ့ ကျွန်မမေမေ က ဒီနိုင်ငံ နဲ့ အကျွမ်း တစ်ဝင် မဖြစ်တာကို ကျွန်မ ဂရုမစိုက်မိပေ။ ကျွန်မ ရထားကြီး ရှေ.လည်း ရောက်ရော ၊ မေမေ ကိုလှည့် ကြည့်တော့ မေမေက အေးအေး ဆေးဆေး နောက်မှ ရောက်လာပါတယ်။ ကျွန်မ ရထားကြီး ရှေ.ရောက် နေသော်လည်း မေမေ မပါတော့ တက်မဖြစ် ။ ရထားကြီး ကတော့ doors closing တီတီတီ တီ တီ ဆိုပြီး အပြေးလေး ထွက် သွားခဲ့ပါပြီ။ မေမေ ကိုစောင့် နေလို. မဟုတ်ရင် ဒီရထား မှီတယ်။ လို. ကျမ မေမေ ကို စိတ်မရှည်တဲ့ လေသံ မျိုးဖြင့် ကျွန်မ ပြောလိုက် မိပါတယ်။ မေမေ ကတော့ ကျွန်မကို ဘ၀င်မကျ တဲ့ လေသံနဲ့။ နောက်ရထားက (၃) မိနစ်လေး ထပ်စောင့် ရမှာကို များ ၊ ညည်း ဘယ်လို ဖြစ်နေတာလဲ ၊ ဖုတ်ပူမီးတိုက် သွားနေရ လောက်အောင် နောက်က ကျားလိုက်တာ ကျနေတာပဲ လို.ပြောလို. ကျွန်မ သတိလေး တစ်ချက်ပြန် ၀င်ခဲ့ပါတယ်။ မေမေ ပြောတာ လည်း ဟုတ်နေတာကိုး ။
နောက် ကျွန်မကို သတိပေးတဲ့ အရာလေးတစ်ခု က ကျွန်မ အမျိုးသားနဲ့ ကျွန်မ ထမင်းလက်စုံ စားအပြီး ထမင်းစားဝိုင်းက မထ သေးပဲ စကားစမည် ပြောကြ ပါတယ်။ ခဏလေး နေတော့ ကျွန်မ အမျိုးသားက ပုဂံတွေ သိမ်းဆည်းပြီး ဆေးဖို.ရာ ထမင်းစား ပွဲက အရင်ထ လိုက်တဲ့ အချိန်မှာ ကျွန်မက “ ခဏလေး၊ ခဏလေး” ကျွန်မ ဒါလေး အရင်ဆေး လိုက် ဦးမယ် ဆိုပြီး သူများလုပ်မယ် ကြံမှ ကျွန်မ သူများကို ခဏလေး ဆိုပြီး ကျွန်မ အရင်လု လုပ်လိုက် မိပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ ကျွန်မ စားတာ အရင် ဆေးပြီး မြန်မြန် အနားယူမယ်ပေါ့။ ကျွန်မ အမျိုးသားက မင်း စင်္ကာပူမှာ အလုပ်လုပ်တာ ၊ အလုပ်ပဲ လုပ် ပါ ကွာ “စ” လုံး ရဲ့ မကောင်းတဲ့ စိတ်တော့ မမွေးနဲ့ ဆိုပြီး ကျွန်မကို စကားလုံး တစ်လုံး ပစ်သွင်း လိုက်ပါတယ်။ ကျွန်မလည်း ဘာ”စ “လုံး ရဲ့ မကောင်းတဲ့ စိတ် လည်း လို. ပြန် ရန် တွေ.တော့ ။
အစကတည်းက လုပ်ရမဲ့ အချိန်ကျ မလုပ်ပဲ အချိန်ဆွဲပြီး နေသာသလို နေနေပြီး၊ သူများ လုပ်ခါနီးကျမှ အလုအယက်နဲ့ လုပ်တဲ့ အကျင့် ၊ အလုပ် သွား လည်း last minute အပြေး အလွှား အလုအယက် သူများကို ကျော်ခွသွား ၊ အလုပ်လုပ် ခိုင်းရင်လည်း အနီးကပ်မှ Urgent ဆိုပြီး ခိုင်းတတ်တာ။ အနီးကပ်မှ ဖုတ်ပူမီးတိုက် အလုပ် ကို လုပ် ပြီး တစ်ရူးရူး တရှဲ ရှဲ ဖြစ်အောင် ညည်း တတ်တာ၊ သူများ ဘာဖြစ် ဖြစ် ကိုယ်ကွင်းလုံးကျွတ် လွတ်ပြီးရော ဆိုတဲ့ “စ” လုံး ရဲ့ မကောင်း တဲ့ စိတ်တွေပေါ့ ။ ဒါဆို ကောင်းတဲ့ စိတ်ကရော ဆိုတော့၊ ငွေကို ဘယ်လို ရှာမယ်။ ဘယ်နေရာမှာ လျော့ဈေးရှိတယ် ဆို အပြေးလေး သွားဝယ်ပြီး ၀ယ်မယ်။ အလကားရရင် သတင်းစာတောင် တန်းစီ ယူသတဲ့။ ဒါ သူတို.ရဲ့ ကောင်းတဲ့ အချက်တွေ ပေါ့တဲ့ ။ ဒီလို ကောင်း တဲ့ အချက်လေးတွေ တော့ မင်း က အတု မယူဘူး၊ သဘော ပြောပြတာပါ တဲ့။
အင်း ကျွန်မ နားလည် လိုက်ပြီ။ ကျွန်မ ကို တည့်တည့်ပြော ရမှာ ရန်ဖြစ်မှာ ကြောက်လို. ကြားက “ စ ”လုံးကို သုံးထည့် လိုက် တော့ နည်းနည်း ခံသာ သွားတယ်မှတ်ပါ လို. စိတ်ထဲကတော့ ရေရွတ်လိုက် မိပါသေးသည်။
ကျွန်မ ဒီဖြစ်ရပ်လေး နှစ်ခု ကို စဉ်းစားမိရင်း ကျွန်မ ကိုယ် ကျွန်မ ပြန်သုံးသပ် မိပါတယ်။ လူပျင်း လုံ့လ တစ်ခဏ” ဆိုသကဲ့သို့ အလောသုံးဆယ် မလုပ်သင့်ပါ။ လူ့လောက လယ်တွင် လူပီသသောလူ၊ ကိုယ့် ရာဇ၀င်ကို ရေးနိုင်သူ၊ အောင်မြင်လိုသူများ ဟာ နာရီ လက်တံ လို ကျင့် ရမတဲ့ ။ နာရီလက်တံ ဆိုတာကား နောက်ကို ဘယ်တော့မှ မဆုတ်ပါဘူး။ ရှေ့ကိုသာလျှင် သွားမြဲသွားပါတယ်။ သို.ပေမဲ့ နာရီ လက်တံ ရွေ့လျား တဲ့ နူန်းဟာ အလွန်နှေး ပါတယ် ။ ဒါကြောင့် နာရီကို ကြည့်ရာမှာ နာရီ လက်တံသွား ဘယ်အချိန်က ရွေ.သွားတယ် ဆိုတာ မမြင် နိုင်ပါဘူး။ သို.ပေမဲ့ သူရောက်ရှိသော နေရာကိုသာ ပြပြီး ဘယ်အချိန်ရှိ ပြီ ဆိုတာ သိ မြင်ရ ပါတယ် ။ ဒီလိုနဲ့ (၂၄) နာရီ တပတ် ပြည့်အောင် သူ စနစ်တစ်ကျနဲ့ လည် ပတ်ခဲ့တယ်။
ဒါကြောင့် အလော သုံးဆယ် ၊ ဖုတ်ပူမီးတိုက် လုပ်တာထက် စနစ်တကျ လုပ်တတ်တဲ့ အကျင့်ကို လေ့ကျင့်ထားပါ။ စနစ် ရှိရင် အချိန်ကုန် သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းပါတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသ ဖြစ်ရ တာပါ နဲသွား ပါတယ်။ ဒီအတွေးလေး တစ်ခုကြောင့် လင်းလက် ခဲ့တာကြောင့် ခုတော့ ကျွန်မ အလုပ်ချိန်ကို အရင်က သွားနေ ကျထက် (၁၀) မိနစ်လောက် ကြိုကြိုတင်တင် အိမ်က နေ ထွက် ပါတယ်။ ရထားစောင့်လည်း ကျွန်မ အတွက် အချိန် က (10) မိနစ် ပိုလို. အလုပ်မှာ (5) မိနစ်လောက်တောင် စောရောက် ပါသေးတယ်။ ပုံမှန် အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင် လုပ်ဖြစ်အောင် အကျင့် လုပ်ထားတာ ကောင်းပါတယ်။ အခုလုပ် ရမလား၊ နောက်မှ လုပ်ရမလားလို့ တွေးမနေ ရတော့ပါဘူးပေါ့ ။ အဲဒါကိုက အချိန်ကုန် သက်သာသလို စိတ်ပင်ပန်း တာလဲ သက်သာ ပါတယ်။
လူတိုင်း အသက်ရှင် ဖို့ရာ ရုန်းကန် နေကြရပါတယ်။ နိစ္စဓူဝ သွားလာ လှုပ်ရှား နေကြရပါတယ် ။ သူလည်း ရုန်းကန် ကိုယ်လည်း ရုန်းကန် နေရတာချင်း အတူတူု မိမိအလို တစ်ခုတည်း ကိုသာ ကြည့်လုပ်တတ်ပြီး ကိုယ် ပြု မူလိုက်တဲ့ အလုပ်ဟာ သူတစ်ပါးကို ထိခိုက်စေ တဲ့ အပြု အမူဆိုရင် ဘယ်ကောင်း နိုင်ပါ့မည်နည်း ။ ကိုယ်ချင်းစာ တရားနဲ့ အရာရာကို တိုင်းတာပါ။ ကိုယ်ချင်းစာ တရားဖြင့် နိစ္စဓူဝ အလုပ်တွေကို လုပ်ဆောင်ပါ။ လောကရဲ့ ငြိမ်းချမ်း ခြင်းကို ကိုယ်ချင်း စာ တရားဖြင့်သာ တည်ဆောက် လို. ရနိုင်ပါတယ်။
အရာရာ အားလုံးဟာ အလေ့ အထ ကနေ ဓလေ.စရိုက် ဆီသို့ ကူးပြောင်း သွားတတ် မြဲပါ။ ဒါကြောင့် ကောင်းတဲ့ အကျင့် လေးတွေကို များများ လေ့ကျင့် ရင်းနဲ့ မျှော်လင့် ချက်တွေ ရှင်သန် နိုင်ပါစေ ။ လောကမှာ အရေ အတွက် များများ နဲ့ မြန်မြန် ထက် အရည်အချင်း များများ နဲ့ ကြာကြာ ရပ်တည်နိုင်အောင်သာ ကြိုးစားကြပါ။
စာဖတ်သူတို. အတွက် စကားလက်ဆောင် လေးကတော့
သင့်ဆီမှာ ကောင်းတဲ့ အကျင့်လေးတွေကို ကိုယ် ကျင်လည် နေရတဲ့ ပတ်ဝန်းကျင်ကြောင့် အရောင် မဆိုး မိစေပဲ “သတိ” လေး ထားလိုက် မိစေရန် ရည်ရွယ်ပြီး ဤဆောင်းပါးလေး အား ရေးသားလိုက်ပါတယ်။
မေတ္တာဖြင့်
မေစိုး (Shwe Mandalay)
ဆက်ဖတ်ရန်>>>