
ပိတောက်ရွှေဝါ အဖွဲ့၏ ၁၃၇၂ ခုနှစ်၊ မြန်မာ နှစ်ဆန်း တစ်ရက်နေ့ (၁၇-၄-၂၀၁၀) တွင် စင်ကာပူနိုင်ငံ၊ တိုပါးရိုး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (TOA PAYOH)၌ ကျင်းပ ပြုလုပ်သော မြန်မာနှစ်သစ် မင်္ဂလာ စတုဒီသာ အလှူတော် ဖြစ်မြောက် အောင်မြင်ရေး အတွက် ဦးဆောင် လမ်းညွှန် ပေးသော တိုပါးရိုး TOA PAYOH ကျောင်းထိုင် ဆရာတော် ဘုရားကြီး ဦးတိလောက နှင့် သံဃာတော် အရှင်သူမြတ်များ၊ ဝေယျာဝစ္စ ဒါနရှင်များ၊ စီမံချက်ပြုတ် လုပ်အား ဒါနရှင်များ၊ ၀ယ်ယူရေးနှင့် ချက်ပြုတ်ရေးတွင် ဦးဆောင် စီစဉ်ခဲ့ကြသော ကုသိုလ်ရှင် သူငယ်ချင်း များ၊ လိုအပ်သည် များကို ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေး ခဲ့ကြသော တိုပါးရိုး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူများ၊ ငွေကြေး-စေတနာ-လုပ်အား-ဒါန တို့ဖြင့် အင်တိုက် အားတိုက် စိတ်တူ၊ ကိုယ်တူ ပါဝင် ကူညီ ခဲ့ကြသော အလှူရှင် သူငယ်ချင်းများ၊ ကိုယ်တိုင် မလာရောက် နိုင်သော်လည်း အလှူငွေများ ထည့်ဝင်သော အလှူရှင် မိတ်ဆွေ သူငယ်ချင်းများ၊ ပိတောက်ရွှေဝါ logo ဖန်တီးပေး သော ကိုတော်တီဆွေ နှင့် ကိုမျိုးဆက်၊ T-shirt ဒီဇိုင်း ရွေးချယ် ပေးသော ကိုဇေယျာ နှင့် ကိုဖြိုး ၊ ဓါတ်ပုံ မှတ်တမ်း တင်ပေးသော သူငယ်ချင်းများ နှင့် ကျေးဇူး တင်ထိုက်သူ အားလုံး တို့အား အထူး ကျေးဇူး တင်ရှိပါကြောင်း။
မင်္ဂလာ နှစ်သစ် ပြောင်းချိန်မှာ လူသစ်၊စိတ်သစ်ဖြင့် နှစ်ဟောင်းမှ လောဘ၊ဒေါသ၊မောဟများကို အလောဘ၊ အဒေါသ (မေတ္တာ)၊ အမောဟ တို့ဖြင့် အစားထိုး ပြောင်းလဲနိုင်ပြီး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ သူတော်ကောင်း တရားများကို ပိုမိုအားထုတ်နိုင် ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ နောင်နှစ်များမှာလည်း ပြန်လည် ဆုံတွေ့ကြပါဦးစို့နော်။
ပိတောက်ရွှေဝါသူငယ်ချင်းများ။
Sunday, April 18, 2010
မြန်မာနှစ်သစ်မင်္ဂလာစတုဒီသာအလှူတော် ကျေးဇူးတင်လွှာ။
Subscribe to:
Post Comments (Atom)
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်
ReplyDeleteအရမ်းကို ၀မ်းသာရပါတယ်။ ကျေးဇူးတင်ပါတယ်။
ReplyDeleteReally Happy ...& thanks to all
ReplyDeleteIt was the happiest moment I've ever had in my life . Thanks for having a chance to be part with you all :)
ReplyDeleteIt was the happiest moment I've ever had in my life . Thanks for having a chance to being part of you all :)
ReplyDeletelet's see you again
ReplyDeleteNice block.....nice thinking....forever living...
ReplyDeleteFor the best.....
Win Tun,Singapore
ေ၇ွှမန္တလေးကို လာလည်ပါတယ်...ဇာတိမဟုတ်ပေမဲ့ မန္တလေးနဲ့ 
ReplyDeleteမန္တလေးသူကိုချစ်သူတော်ထားတဲ့ ကောင်လေးတစ်ယောက်ပါခင်မျာ.....