Thursday, June 10, 2010

မန္တလေး ဈေးချိုတော် ရွှေဆိုင်တန်း ။


ဟိုးအရင် ဈေးချိုတော်မှာ E ရုံ ဆိုတာ ဈေးရုံ ၁၂ ရုံကြီးထဲက နာမည် အကြီးဆုံး ရွှေဆိုင်တန်း ပေါ့။ နာမည်ကြီးတာ ကလည်း မပြောနဲ့ သူတို. ရောင်းဝယ်တဲ့ ပစ္စည်းက ရွှေနဲ့ ရွှေရတနာ ပစ္စည်းတွေကိုး။ အဲဒီတော့ အရင်းအနှီး လည်းကြီးတယ်။ ကုန်ပစ္စည်း အညစ်အပတ် အပေ အရေလည်း မရှိဘူး။ သန့်ရှင်းတယ် ပြီးတော့ ၀န်ကသိပ် ကျည်းတယ် မဟုတ်လား။ ကိုယ်ခင်းရောင်းတဲ့ ကုန်ပစ္စည်း ကို ဈေးသိမ်းချိန် ညနေတိုင်တော့ ကိုယ်တိုင် သိမ်းဆည်းပြီး အားလုံး အိမ်ပြန်ယူလာ နိုင်တဲ့ ဈေးဆိုင်တန်း ဆိုလို့ သူ.တစ်တန်းပဲ ရှိပါတယ်။

ပြီးတော့ ရွှေ ဆိုင်တန်းက ရွှေသည် တော်တော် များများက ပစ္စည်းဥစ္စာ တောင့်တင်း ခိုင်လုံတာနဲ့ အမျှ သိက္ခာ သမာဓိ ရှိကြ သူတွေမို. ဆိုင်ရှင်ကြီး တော်တော် များများဟာ မြို.မိမြို.ဖ စာရင်းဝင်တွေပေါ့။
ရွှေဆိုင်တန်း မှာ ရွှေဝယ်ရောင်း လုပ်ကြတဲ့အခါ တစ်ချို. တစ်လေ က အချိန်အတွယ်မှာ မမှန်ကန်မူ. ရှိတယ် ဆိုတဲ့ သတင်း ရှိခဲ့ဖူးတယ်။ အဲဒီလို ရှိတာ ပပျောက်အောင် သမာဓိ ချိန်ခွင် ဆိုတာကို ၁၉၅၄ မှာ ဈေးအတွင်း ထားရှိခဲ့တယ်။ ရန်ကုန် မဂိုလမ်း ဘာဘူတွေက “ဘုရားချိန်ခွင် ” ဆိုပြီး ရောင်းသူ ၀ယ်သူ ဘက်က သုံးနိုင်တဲ့ အလေးမှန် ချိန်ခွင်တစ်ခု ထားရှိခဲ့တယ်။ အဲဒီမှာ ချိန်တွယ်ချင်သူက အဖိုးအခ ပေးပြီး ချိန်ကြရတယ်။ ဒီချိန်ခွင်က ချိန်လိုက်တဲ့ အချိန်ကို နှစ်ဦး နှစ်ဘက် ယုံယုံကြည်ကြည် လက်ခံ ကြတယ်လေ။ ချိန်ခွင်ကို လာချိန်တဲ့ အခါ ရတဲ့ ချိန်ခ ကိုတော့ ဘာဘူ တွေက သူတို. ဘုရားကျောင်းမှာ လှူသတဲ့။ အဲဒီနည်းကို မန္တလေး ရွှေဆိုင်တန်း ကလည်း အတုယူပြီး ဆိုင်တန်းထဲမှာ “ သမာဓိ ချိန်ခွင်” ဆိုတာ ထားခဲ့တာပါ။ ရတဲ့ ချိန်ခကို ရွှေဆိုင်တန်း ကထိန်လို အလှူ အတန်းတွေမှာ ထည့်လှူ ခဲ့ကြတယ်။

ဟိုးတုံးက မန္တလေးနဲ့ တကွ တစ်ပြည်လုံးက မြန်မာ ရွှေကုန်သည်တွေ မှန်သမျှဟာ အိန္ဒိယက မာရ၀ါရီ လူမျိုး ဘာဘူ ရွှေကုန်သည် ကြီးတွေရဲ့ လက်အောက်ခံ လုပ်ကိုင်စား ကြရတာပါ။ ရွှေဈေးကို ဘုံဘေ လိုနေရာက ချုပ်ကိုင် ထားပြီး အမြောက်အမြား ၀ယ်မူ. ရောင်းမူ.ကို ဘာဘူတွေ ကပဲ လုပ်ကိုင် ရောင်းဝယ် ခဲ့ကြပါတယ်။ မြန်မာ ရွှေဆိုင် တွေက ဘာဘူတွေရဲ့ လက်အောက်ကပါ။

မြန်မာ ရွှေဆိုင်တန်းက ရွှေထည်တွေကို ၀ယ်လည်း ၀ယ်တယ်။ ရွှေကို ကိုယ့် မြန်မာ ပန်းထိမ်တွေမှာ အထည် လုပ်ခိုင်းပြီး ရောင်းလည်း ရောင်းတယ်။ ၀ယ်တဲ့ ရွှေထည်ကို ဘာဘူဆီ အထည်ပျက် အတိုင်း ရောင်းချင်လည်း ရောင်း၊ ဘာဘူတွေက ၀ယ်နိုင်တဲ့ ဈေးပေးပြီး ၀ယ်တယ်လေ။ ဒါမှမဟုတ် မန္တလေးမှာ အခေါက်ရွှေ ဖြစ်အောင် လှော်ပြီးတော့ ရောင်းချင်လည်းရောင်း၊ ဘာဘူတွေက အခေါက်ဆို ဘယ်နှစ်ပိသာ ဖြစ်ဖြစ် ၀ယ်တယ်။ အခေါက်ရွှေ ရောင်းနိုင်ရင် ဈေးကုန်ရတယ်။ မန္တလေးမှာ အာဠ၀ီ နားမှာ ရွှေလှော်သူ တွေရှိတယ်။ “အဘူပါးကား”တဲ့။ သူ.ဆီက လှော်တဲ့ရွှေကို AB လို. တံဆိပ်ထိုး ပေးတယ်။ သိုမဟုတ် မျက်ပါးရပ် မှာလည်း ရွှေလှော် ပေးတဲ့ သူတွေ ရှိတယ် ။

ဟိုးရှေးက နိုက်ထရစ် အက်ဆစ်ဆိုတဲ့ ငရဲမီးက လွယ်လွယ် ၀ယ်လို. မရဘူးလေ။ အဲဒီတော့ မြန်မာ့နည်း မြန့်မာဟန်နဲ့ ရွှေလှော်တာ တစ်နည်း ရှိသေးတယ်။ ရွှေညံ.ကို ပါးပါး ခပ်ပြီး အုတ်နီမူန်.နဲ့ ဆားနဲ့ လှော်တာလေ။ အဲဒီနည်းက လူပင်ပန်းပြီး လက်ဝင်ပေမဲ့ လှော်ပြီး ရွှေက ပိုကောင်းတယ်။

ရွှေဆိုင်တန်းက ရွှေသည်က ဘာဘူဆီက ရွှေကောင်းကိုဝယ် ၊ ဒင်္ဂါးရည် ရအောင် ကြေးစပ်ပြီး အထည်လုပ် ရောင်းတယ်လေ။ စိန်ကိုတော့ ဘာဘူတွေက တစ်ဆင့်ရောင်းကြ ၀ယ်ကြတယ်။ စိန်ကို အိန္ဒိယက တစ်ဆင့် မြန်မာ နိုင်ငံသို. ရေလမ်း ကုန်းလမ်း တွေက နေပြီး မြန်မာ နိုင်ငံကို တိတ်တစ်ဆိတ် အထုတ်လိုက် ၀င်တာပါ။ ရန်ကုန်- မန္တလေး- မုံရွှာ ဟာ ရွှေဒင်္ဂါး နဲ့ စိန်တွေ ၀င်ရာ ထွက်ရာ မှောင် ခိုလမ်း ရှေးကတည်းက ရှိခဲ့တာပါ။ အဲဒီပုံစံ အရောင်း အ၀ယ် မျိုးနဲ. ရွှေဆိုင်တန်း က ရွှေသည် တွေဟာ စီးပွား ဖြစ်ခဲ့ ကြတာပေါ့။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး ပုံစံ ပြောင်းသွားတဲ့ အခါ မှတော့ လက်ဝါးကြီးအုပ် ရွှေသည် ဘာဘူတွေ အိန္ဒိယ ပြန်ကုန်ကြရော။ သူတို. မရှိတော့ တဲ့နောက် တရုတ် ရွှေကုန်သည်တွေ မန္တလေး ရွှေဆိုင် လောကမှာ စမ်းပြီး ခြေချလာတာ တွေ.ရတယ်။ အစ ပထမ သူတို. ၀င် လာပုံက ရွှေကောင်းကို ရောင်းတာ လိုလို ၊၀ယ်တာလိုလို ရွှေပွဲစား လိုလို၊ မြန်မာ့ ရွှေ၊ အရောင်း အ၀ယ်ဈေးကွက် ကို စူးစမ်းကြည့် တယ်။ နောက် ပန်းထိမ်ဖို တစ်ခု နှစ်ခု စထောင်ပြီး တရုတ် ပန်းထိမ် လက်ရာ အထည် အဖြစ်နဲ့ ရွှေဆိုင်တန်းရဲ့ ရွှေရောင်းဝယ်ရေး လုပ်ငန်း ထဲကို ၀င်တိုးလာတယ်။

ဒီလို တိုးလာတဲ့ အခါ နှစ်တွေ သိပ်မကြာခင်မှာပဲ တရုတ် ပန်းထိမ်က ရောင်းတဲ့ ရွှေထည်ကို မြန်မာတွေက သူ.ထက်ငါ တိုးဝှေ. ၀ယ်လာတဲ့ အဆင့်ကို ရောက်လာတယ်။ အခုဆိုရင် မြန်မာ့ ရွှေထည် ရောင်းဝယ်တဲ့ ဈေးကွက်ထဲ တရုတ် ပန်းထိမ်ဖို ခေါ်တဲ့ ရွှေဆိုင်တွေက တွင်တွင် ကျယ်ကျယ်ကြီးကို ၀င်ရောက် ရောင်းဝယ်နေပါပြီ။ ရွှေဆိုင်တန်းက ရောင်းဝယ်နေတဲ့ အထည် ထက်တောင်မှ တရုတ် ရွှေဆိုင်တွေက ရောင်းတဲ့ အထည်ကို ၀ယ်သူက ပိုကြိုက်နေတယ်လို့ ကြားရပါတယ်။ ဒါကြောင့် စုံစမ်း လိုက်တဲ့ အခါ တရုတ်ဆိုင်က ရောင်းတဲ့ ရွှေရောင်နဲ့ မြန်မာ ဆိုင်က ရောင်းတဲ့ ရွှေထည် ပစ္စည်းနဲ့ မတူပဲ အရောင်ချင်း နည်းနည်း ကွဲပြားနေတယ်။ သူတို.ရွှေက စိမ်းဝါ၀ါ မြန်မာ ရွှေက နီဝါ၀ါ ဖြစ်နေတယ်။ အဲဒီ စိမ်းဝါ၀ါ အရောင်ဟာ ရွှေပိုစစ် တယ်လို. ၀ယ်သူက ထင်တယ်လေ။

နောက်ပြီး သူတို. ရွှေထည်က သူတို. ဆီက၀ယ် သွားရင် ဘယ်တော့ ပြန်လာရောင်းရောင်း သူတို.က မငြင်းဘူး ပြန်ဝယ်တယ် ။ မူလ၀ယ် တဲ့ ဘောက်ချာ သာပါပစေ အာမခံသတဲ့။ ဒီလို အာမခံတဲ့ အခါမှာ တစ်ချို. ပန်းထိမ်တွေက ငွေတစ်ရာ ကျပ်ကို တစ်ဆယ်ကျပ် လျော့တဲ့ ဈေးနဲ့ ပြန်ယူတာ ၊ တစ်ချို.ဆိုင်တွေက ချိန်တွယ် ပြီး အလျော့တွက် ဆိုတာ နုတ်ပြီးမှ ငွေချေတာတွေ လုပ်ပါတယ်။ သူတို. ဆီက ပစ္စည်း စစ် ၊မစစ်ကတော့ အထည်ပေါ်မှာ ၀ယ်စဉ် ကတည်း က သူတို.စာနဲ့ တံဆိပ်နှိပ်ထား ပြီးသားမို. အငြင်းပွားစရာ မရှိပါဘူး။

အဲဒီလို ဖြစ်လာရတဲ့ ကိစ္စဟာ ဈေးချိုက အီးရုံ ရွှေဆိုင်တန်းကို ဖျက်ပြီး အသစ်ပြန်ဆောက် တဲ့အချိန်မှာ ရွှေဆိုင်တန်းက ယာယီ အနေနဲ့ အဆင့်မြင့် လေးထပ် အဆောက် အအုံ ကြီးပေါ် ရောက်သွား တာလည်း ပါတယ်။ မြန်မာ ဈေးဝယ်တွေက လေးထပ်ကို တက်လာဘို. ၀န်လေးပါတယ်။ ဒါကြောင့် ဈေးချို နား တစ်ဝိုက်မှာ မိုပေါက်သလို ပေါ်လာတဲ့ တရုတ်ရွှေဆိုင် တွေမှာ လွယ်လွယ် ၀င်ဝယ် ကြတယ်။ ဈေးသည်တွေက ဒါယာယီပဲ ဈေးသစ်ကြီး ဆောက်ပြီးရင်တော့ နေရာကျမှာပါလို. မျော်လင့်ချက် ကြီးတွေနဲ့ အောင့်အီးပြီး စောင့်ခဲ့ကြတယ်။ ဆောက်ပြီးတဲ့ အချိန်မှာ စည်ပင်သာယာရေး ကော်မတီက ရွှေဆိုင်တန်းကိုတော့ နေရာမရွေး ဈေးကွက်ကောင်းတဲ့ လုပ်ငန်းဖြစ်လို. တစ်စု တစ်ပေါင်းတည်း တတိယထပ် တွင် ချထားဘို. သတင်းပေး လိုက်တဲ့အခါ ရွှေဆိုင်တန်း သမားတွေ အမောကြီး မောကုန်တာပေါ့။ ရွှေမှာရော လက်ရာမှာရော ဈေးမှာရော တရုတ် ရွှေဆိုင်တွေနဲ့ ပြိုင်နိုင်တယ် ထားဦး ၊ ငွေပင်ငွေရင်း ချင်းက မပြိုင် နိုင်ဘူး ဖြစ်နေတယ်။

မြန်မာတွေ ကြိုက်တဲ့ တရုတ် ရွှေဆိုတာ စင်စစ် ဘာမှဆန်းတာ မဟုတ်ပါဘူး။ မြန်မာ ရွှေဆိုင်က ရွှေကောင်း တစ်ကျပ်သားကို ကြေး ၁၂ ရွှေး စပ်ပြီး၊ ရွှေဒင်္ဂါး အရည်မှီအောင် လုပ်တယ်။ အသွေးက နီဝါ၀ါ ထွက်တယ်။ တရုတ်ရွှေဆိုင်က ရွှေကောင်း တစ်ကျပ်သား ကို ကြေး ၁၂ ရွှေးနဲ့ ဘော်လေးရွှေးသား ၊ သို. မဟုတ် ခြောက်ရွှေးသားလောက် စပ်လိုက်တော့ ရွှေရောင်က စိမ်းပြီး ၀ါသွားတာပေါ့။

ပစ္စည်းကို ၀ယ်ဝတ်တဲ့ မြန်မာ တွေက တရုတ်လက်ရာ၊ တရုတ် ထည်တွေလို. ပြောနေကြပေမဲ့ တကယ်တော့ မြန်မာ ပန်းထိမ်ဖိုတွေ က ချည်း လုပ်ပေး နေတာပါ။ တရုတ်လက်ရာ မဟုတ်ပါဘူး ။

ရွှေဆိုင်တန်းကြီး လေးထပ် ရောက်သွားလို. အရောင်း အ၀ယ်တွေ မဖြစ်တဲ့ အခါ မြောက်ပြင်မှာ ရှိတဲ့ မြန်မာ ပန်းထိမ်ဖိုတွေ တစ်သီ တစ်တန်းကြီး အလုပ်မရှိ ဖြစ်ကုန်ကြပါတယ်။ အဲဒီ ပန်းထိမ်တွေကို နောက် ဖွင့်တဲ့ ရွှေဆိုင်တွေက ပုံစံပြပြီး ပစ္စည်း အလုပ်ခိုင်းတယ်။ လုပ်ပြီးတဲ့ အခါ အရောင်မတင်ခင် ပန်းထိမ်သည်က သူတို.ဆီကို ယူသွားပြီး အပ်ရပါတယ်။ သူတို.က သူတို.စာ သူတို.တံဆိပ် ရွှေထည်ပေါ်မှာ ဒိုင်းကနဲ ဆိုင်တံဆိပ် ရိုက်ပေးလိုက်တယ်။ အဲဒီ အထည် ပြန်ယူလာပြီး အရောင်တင် ပြီးမှ ပြန်အပ်ရတာ။

ပေးတဲ့ လက်ခ ကလည်း အင်မတန် နည်းပါးတာပါ။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ အလုပ်မရှိရင် ဘာနဲ့ ရပ်တည်မလဲ။ ဒါကြောင့်မို. အရာရာ မျက်နှာ ငယ်ပါလျက်နဲ့ သူတို့ ပန်းထိမ်ဖိုရဲ့ လက်ဝေခံ အဖြစ် မြန်မာ ပန်းထိမ်ဖိုက လုပ်စား နေကြရတာပါ။ သူတို. အလုပ်ကို လုပ်ချင်ရင် ဥပမာ- ရွှေတစ်ဆယ် ကျပ်သား ပေး ပြီး အပ်တဲ့ အလုပ်ကို လက်ခံမယ်ဆိုရင် ပန်းထိမ် ဆရာက ရွှေ တစ်ဆယ် ကျပ်သား သို.မဟုတ် ရွှေ တစ်ဆယ် ကျပ်သားနဲ့ တူတဲ့ တန်ဖိုးကို အလုပ်ရှင်ကို အာမခံ ပေးအပ် ထားရပါတယ်။ တစ်ချို.ဆို ရွှေပေးစရာ မရှိရင် အိမ်ဂရန် ကို ပေးထားရ ပါတယ်တဲ့။ သူတို.က စိတ်ချ ရအောင် အဲဒီလို အပေါင် ပစ္စည်း တစ်ခုခု ယူပြီးတဲ့ နောက်မှ အထည်အပ်တယ်။ အပ်တဲ့ လုပ်ခ နဲ့ ပေးတဲ့ အလျော.တွက် လက်ခ ကတော့ နည်းနည်း ပဲရ ကြတယ်။

တရုတ်ဆိုင် တွေက ရွေထည်ကို ရောင်းတဲ့အခါ ရွှေကို ချိန်ရောင်းတယ်။ လက်ခကိုတော့ ၀ယ်သူဆီက နည်းနည်းလေး ပဲတောင်းယူတယ်။ ဒါကြောင့် ရွှေထည် ၀ယ်ယူတဲ့ သူတွေက လက်ခကလည်း ပေါလိုက်တာ ဆိုပြီး ကျေနပ်တယ်။ သို.ပေမဲ့ အလျော့တွက် ဆိုပြီး နုတ်ယူရာမှာတော့ အများကြီး ပိုယူလိုက်တယ်။ အလျော့တွက် ယူတဲ့ အခါ ရွှေ (၆) ရွေးလောက် အလျော့တွက် ယူလိုက် ကြတယ်။

နိဂုံး


ယနေ့ခေတ် ကာလ မှာတော့ မန္တလေး အဆင်မြင့် ဈေးချိုတော် ပထမ ထပ် ( H ) အိပ်ခ်ျ ရုံ မှာ ရွှေဆိုင်တန်း ကို ထားရှိပါတယ်။ ရွှေဆိုင် အများစုဟာ တိုးတက် လာတဲ့ နည်းပညာတွေကို အသုံးပြုပြီး ရွှေထည် ပစ္စည်းတွေကို လက်မှု. ပညာကနေ စက်မှုပညာ သို့ ပြောင်းလဲကာ လှပတဲ့ ခေတ်မှီ ဆန်းသစ်တဲ့ ဒီဇိုင်း တွေနဲ့ ထုတ်လုပ် ရောင်းဝယ် လာကြတယ်။ သို.ပေမဲ့ ရွှေထည် စုဆောင်း သူအများစု ကတော့ ရှေးလက်ရာများ ကို ပိုမို နှစ်သက် ၀ယ်ယူ စုဆောင်း ကြပါတယ်။

ဝတ်ဖို့ အတွက် ၀ယ်တဲ့ သူတွေကတော့ လက်ရာဆန်း၊ နောက်ဆုံးပေါ် ဒီဇိုင်း ရွှေထည် လက်ရာတွေ တွေကို ကြိုက်နှစ်သက် ကြပါတယ်။ ဒီဇိုင်း တွေက နေ့ စဉ် အချိန်နဲ့ အမျှ သစ်နေ ပေါ်နေတာ ဆိုတော့ ၀ယ်တဲ့ သူတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်း ၀တ်ချင် ကြတာပေါ့။ သို.ပေမဲ့ ရွှေက ဈေးနည်းတဲ့ ပစ္စည်း မဟုတ်လို့ သိပ်များများ ၀ယ်မထား နိုင်ကြဘူး။ ရောင်းပြီး နောက် ဒီဇိုင်း အသစ်နဲ့ လဲဝတ် ရင်လည်း အလျော့တွက် ရူံးပါတယ်။ ဒါကြောင့် စုတဲ့ သူတွေ ကတော့ အရင် ရှေးလက်ရာ တွေကို ကြိုက်ကြတယ်။ စုဆောင်းရန် ၀ယ်ယူ ကြတဲ့အတွက် အလေးချိန် များတဲ့ ရွှေထည်တွေကို ၀ယ်လေ့ ရှိကြတဲ့အပြင် အလျော့တွက် နည်းတဲ့ ရွှေတုံး လေးများ ဖြတ်စလေး များကို မိမိတို. ငွေကြေး နဲ့ တိုင်းတာ ပြီး စုဆောင်းကြတယ်။ ဒီဇိုင်း အဆန်းတွေ နဲ့ စက်ဖြတ်တွေ ၀ယ်ရင် အလျော့တွက် များတယ် လေ။

ဒါကြောင့် ရွှေကိုတော့ မန္တလေး ကလူတွေ ၀တ်တဲ့ နေရာမှာတော့ ခပ်ထူထူနဲ့ အလျော့တွက် နည်းတဲ့ ရွှေပုံစံ မျိုးကို ၀တ် ဆင်ကြတယ်။ ဒါကို မန္တလာသူ တွေက ရွှေကို အတုံးလိုက် အတစ်လိုက်တွေ ၀တ်တတ် တယ်လို့ ပြောဆို ကြလေရဲ့ ။ မန္တလေး အနီးတ ၀ိုက် တောင်သူ လုပ်တဲ့ သူတွေ ကလည်း သီနှံပေါ် ပြီးတဲ့ အချိန် စားရာ သုံးရာ လှူရာက ပိုရင် ရွှေလေး ၀ယ်ထား ပြီးစု ကြတယ်။ ရွှေ က မရှိရင်၊ ပေါင်လို. ရောင်းလို. လွယ်တယ်။ ငွေဖြစ် လွယ်တယ်လေ။ ရှိတော့လည်း ၀တ်ရတယ်လေ။ ကိုယ်ဝတ်ဆင် နေရာက ငွေရေး ကြေးရေး ကြပ်တည်း လာတဲ့ အချိန်ဆိုရင် “မရှိ ၀မ်းစာ ရှိ တန်ဆာ” ဆိုပြီး ပေါင်နှံ ရောင်းချ သုံးကြတယ်။

ဘာပဲ ဖြစ်ဖြစ် မန္တလေး မှာတော့ တရုတ်ရွှေဆိုင် တွေဟာ ယခုချိန်ထိ ရေပန်းစား နေဆဲပါ။ ဟိုးတစ်ချိန်က ရွှေဆိုင်တန်းလို စီးပွားရေး မျိုး ဖြစ်အောင် ၊ ရှေးက ရှိခဲ့တဲ့ သိက္ခာ သမာဓိမျိုး ဖြစ်အောင် တော့ ဈေးချိုတော် ရွှေဆိုင်တန်းက တစ်အား ကြိုးစားရဦးမှာ ။ ကျွန်မတို. နိုင်ငံဟာ ရွှေတွေလည်း မြေထဲက ထွက်လို. မကုန်တဲ့ နိုင်ငံပါ ဆိုတဲ့ ကောင်းတာလေး နဲ့ပဲ အဆုံးသပ်လိုက် ပါတယ်နော်။

ဝန်ခံချက်- ကျွန်မ - ဒီဆောင်းပါးလေးကို ကျွန်မ ချစ်ခင်လေးစား ရတဲ့ ပြည်သူချစ်သော ကလောင်ရှင် လူထုဒေါ်အမာ ၏ ရတနာ ပုံ မန္တလေး ကျွန်မတို. မန္တလေး စာအုပ်မှ ရေးသား ချက်များကို ထုတ်နုတ် တင်ပြ ထားပါသည်။ ကျွန်မ အကြိုက်ဆုံး အမေ့ စာပေတွေ အမေ့ ရှေးစကား တွေဟာ အမေ သေသွား သော်လည်း သမိုင်းတွင် ကျန်ရစ်နေ ဆဲပါ ။

ကျွန်မ ထပ်မံ ဖြည့်စွတ် ရေးသား ထားသည်မှာ နိဂုံး တစ်ပိုဒ်သာ ဖြစ်ပါကြောင်း။

ရေးသားသူ- လူထု ဒေါ်အမာ

ပြုစု တင်ပြသူ - မေစိုး (Shwe Mandalay)

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete