Wednesday, May 26, 2010

အချစ်မှ တစ်ဆင့် နိဗ္ဗာန်သို. ။ (ရဝေနွယ် - အင်းမ)



အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။

အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။
အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ ဈာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ၀ိပသနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ၀တ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။

ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ၀တ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ၀င်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။ မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။

ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။ဒီဘ၀ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘ၀ နောင်ဘ၀ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘ၀ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။

သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘ၀မှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။ ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။

ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။

ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။ အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘ၀ နောင်ဘ၀ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။

တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘ၀မှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာဝ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။ သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။

သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။ ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။

ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။ ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘ၀ နောင်ဘ၀ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။

နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ၀င် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘ၀ကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။ ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘ၀လေး” ဖြစ်နေတော့မှာပါ။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆
အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ကူးယူ ရေးသား ဓမ္မဒါန ပြုပါသည် ။
Posty By Shwe Madnalay.


ဆက်ဖတ်ရန်>>>

ဗုဒ္ဓမြတ်စွာ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ။Vesak Day Clelebration



လူနတ် ဗြဟ္မာ သတ္တ၀ါ အားလုံး ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက် စေလျှက် မအို၊ မနာ မသေ အမြဲနေရာ ဖြစ်သော နိဗ္ဗာန် လမ်းကို ပြပေးတော်မူသည့် မြတ်စွာ ဘုရား၏ ဖွားတော်မူရာ နေ့ရက် အခါ၌ ကမ္ဘာ အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် များက ဗုဒ္ဓနေ့ကို ခမ်းနားစွာ ဆင်ယင် ကျင်းပ ကြမည် ဖြစ်ပါသည်။ကျွန်ုပ်တို့ နေထိုင်ရာ စင်္ကာပူနိုင်ငံ Clementi အရပ်ရှိ မာရ်အောင်မြင် ဘုရားကြီး သီတင်း သုံးတော်မူရာ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ကျောင်းတော်မြတ်၌ ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ သာသနာ ပြုရန် ကြွရောက် လျက်ရှိသော ထူးကြီး ဆရာတော်ဘုရား ဦးန္ဒာဝုဓာဘိဝံသ ၊ မစိုးရိမ် ဆရာတော် ဦးသောမာစာရ၊ Clementi ကျောင်းဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ တို့အပါအ၀င် သံဃာတော်(၁၀)ပါး ဦးဆောင်လျက် မြတ်စွာ ဘုရားရှင်အား ပူဇော် ကန်တော့ ကြပြီးလျှင်-ပါရမီရှင် သူတော်စင် များက ထူးကြီး ဆရာတော် ဘုရား ဦးဣန္ဒာ ၀ုဓာဘိဝံသ ထံမှ တရားတော်နာ ယူခွင့် ရကြ မည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ် အတိုင်း ကြွရောက် ကြပါရန် ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်

နေ့ရက်
၂၈.၀၅.၂၀၁၀( သောကြာနေ့)

အချိန်

နံနက် ၉ နာရီ
သံဃာတော်များနှင့် ပါရမီရှင် ဗုဒ္ဓဘာသာဝင်များ စုဝေးရောက်ရှိပြီး ကျောင်းတိုက် ဆရာတော် ဒေါက်တာဝိစိတ္တ က အဖွင့် စကားပြောရန်။

နံနက် ၉ နာရီ ၁၀ မိနစ်
မစိုးရိမ် ဆရာတော်ထံမှ သရဏဂုံ ၃ ပါးနှင့် ၅ ပါးသီလ သီလခံယူ တည်ဆောက်ပြီးနောက် သံဃာတော် များနှင့် ပါရမီရှင်များ စုပေါင်းပြီး လယ်တီ ဆရာတော်၏ ဗုဒ္ဓ၀င် လင်္ကာများဖြင့် မြတ်စွာဘုရားကို ပူဇော်ကြပါရန်။

နံနက် ၉ နာရီ ၃၀ မိနစ်
ထူးကြီး ဆရာတော်ထံမှ တရားနာယူရန်။

နံနက် ၁၀ နာရီ
သံဃာတော် ၁၀ ပါးတို့အား လှူဖွယ် ၀တ္ထုတို့ဖြင့်လှူဒါန်း ပူဇော်ကြပါရန်။


လိပ်စာ

ဇယျ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရကျောင်းတိုက်
23A Jalan Mas Puteh, Along West Coast Road ,
Singapore 128 628 - Clementi MRT area ,
Take Bus ( 78/285) from NTUC Bust Stop Alight 2 stop Opposite Blk 701 Near ESSO Station

ကြွရောက်လာသော ပါရမီရှင်များအား အလှူရှင် ဒေါ်သုဇာ မိသားစု၊ ကိုကျော်လင်းအောင်+မယဉ်မေထွန်း ၊ ကိုသောကြာ နှင့်အဖွဲ့တို့မှ ဒန်ပေါက် အစရှိသောအာဟာရများဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါမည် ။

Vesak နေ. ဗုဒ္ဓနေ.


နိုင်ငံတိုင်းတွင် မိမိတို. ၏ ရိုးရာ အစဉ်အလာ အတိုင်း နေ.၊ ရက်၊ လ၊ နှစ် အမျိုးမျိုးကို သတ်မှတ် ကြသည် ဖြစ်ရာ ပြက္ခဒိန် အမျိုးမျိုး ရှိလေသည်။ Vesak Day နေ.ကို မြန်မာ နိုင်ငံတွင် နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါသည်။

မည်သို.ပင် ပြက္ခဒိန် သက္ကရာဇ် တွေ ကွဲပြား သော်လည်း ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် အဖြစ် ကျင်းပ ပြုလုပ် ခြင်းဖြစ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ရည်ညွှန်းခြင်းပင် ဖြစ်ပေသည်။

နေနန်း ရယ်တဲ့ ဖန်သူရိန်။
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြ ပူရှိန်။
ဝိသာခါ ယှဉ်ပြိုင် ၀န်းပါလို.
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ.စွဲ။
ပန်း စကားဝါ
နန်းဘမယာ ကေသီဆင်လို.
ရွှေပြည်ခွင် ဗိုလ်ပါ ပေါင်းရယ်တို.
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်း ကြတယ်
လွမ်းစရာ့ ပွဲ။


မြန်မာတို. ၏ လတကာတွင် ကဆုန်လသည် အမြတ်ဆုံး ဟု အသိ အမှတ်ပြုကြသည် ။ ဤသို. အသိအမှတ် ပြုရာ၌ အကြောင်းတရား လေးပါးရှိ ပါသည်။

ပထမ အကြောင်းမှာ ဂေါတမ မြတ်စွာ ဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာ ဘုရားထံမှ နိယတ ဗျာဒိတ်ကို ခံယူသည်မှာ ကဆုန် လပြည့်နေ. ဖြစ်သည် ဟူသော အကြောင်းဖြစ်၏ ။

ဒုတိယ အကြောင်းမှာ နိယတ ဗျာဒိတ်ကို ခံယူ ခဲ့ပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန် လပြည့်နေ၌ ဂေါတမ မြတ်စွာဘုရား အလောင်း သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်တော် မူ၏ ။

တတိယ အကြောင်းမှာ မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန် လပြည့် နေ.တွင် ဂေါတမ မြတ်စွာ ဘုရားလောင်း တော်သည် ဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော် ကိုရ၍ ဘုရားဖြစ်တော် မူ၏ ။

စတုတ္ထ အကြောင်းကား မဟာ သက္ကရာဇ် ၁၄၈ ခု ကဆုန် လပြည့်နေ.တွင် မလ္လာမင်း တို.၏ အင်ကြင်း ဥယျဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူခြင်း အကြောင်းဖြစ်၏။

ဤကဲ.သို. ကဆုန်လ၌ ထူးကဲသော အဖြစ်တို.ကို ဖြစ်တော်မူခြင်းကြောင့် ကဆုန်လကို အမြတ်ဆုံးလဟု မှတ်ယူ ကြပြီးလျှင် ကဆုန် လပြည့်နေ.၌ ညောင် ရေသွန်း ပွဲတော်ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကြသည်။

ညောင်ရေ သွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရာ ဗောဓိ ညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်း ဖြစ်သည်။ ထိုဗောဓိ ညောင်ပင်ရှိရာ ဌာနကို ဗောဓိ မဏ္ဍလ ဗောဓိ မဏ္ဍိုင် ဟုခေါ်ဆိုပါသည်။

“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံစဉ်လာဖြင့်၊ မဲဇာရပါသူ၊ တောင်းဆုယူသည်” အစချီသော စာဆိုတော်ကြီး လက်ဝဲသုန္ဒ၏ ရတုကဗျာ ရှိလေသည်။

“တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံး ကာလ၊ ရေအခန်း ခြောက်ဆုံး အချိန်၊ ရေပြတ်လပ် သော ကာလဖြစ်သည်။ထို.ကြောင့် သစ်ပင် ပန်းမန် တို.သည် ညိုးနွမ်း ကြကုန်သည် ဖြစ်၏ ။ ဗောဓိ ပင်သည်လျှင် ရေရှား ပြတ်လပ် ညိုးလျော် သော်ကြောင့်
ယင်းကို လန်းဆန်း စိုပြည် လေအောင် ရေသွန်းလောင်း ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ အမှီသဟဲ ပြု၍ ပွင့်တော်မူရာ ဗောဓိ ညောင်ပင်ကို ရေသွန်းလောင်း ခြင်းဖြင့် ညောင်ရေ သွန်းပွဲတော် ပေါ်ပေါက်လာရသည်။

လက်ဝဲသုန္ဒရ အမတ်ကြီးသည် မင်းမျက် သင့်၍ မဲဇာသို. ရောက်နေခိုက်ဝယ် “ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ” အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတ ခဲ့ဖူးသည်။

Vesak နေ. တည်းဟူသော နေ.ထူးနေ.မြတ်ကို ဗုဒ္ဓဘာသာဝင် အပေါင်းတို.က ကဆုန်လပြည့်နေ. ဗုဒ္ဓနေ. ဟူ၍ အထိမ်း အမှတ်ကို ကျင်းပခဲ့ကြသည်မှာ မြန်မာ နိုင်ငံ၌သာမက စင်္ကာပူ၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန် နိုင်ငံ တို.၌ လည်း ယင်းတို. ၏ သဘာဝ နှင့် အညီ စည်ကားစွာ ကျင်းပခဲ့ ကြပါသည်။

ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဖာန် စံဝင် တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူမျိုးတို့ အမွန်အမြတ် ထားသော ပွဲတော် တစ်ရပ် ဖြစ်ပါသည်။

Vesak နေ. ဗုဒ္ဓနေ. ဆိုတဲ့ အကြောင်းလေးကို ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ Clementi ဆရာတော် ဒေါက်တာ အရှင်ဝိစိတ္တ၊ ၏ ကျောင်း တော် ၌ 28- May-2010 နေ. ( Vesak Day ) တွင် ကျင်းပ ပြုလုပ်မည့် မြတ်ဗုဒ္ဓ၏ မွေးနေ. မင်္ဂလာ အတွက် လှူဒါန်းရေးသား ကုသိုလ်ပြု ပါသည်။

ကျန်းကိုး - မောင်ထင်၏ မြန်.မာ့ ဆယ့်နှစ်လရာသီ
Shwe Mandalay.

ဆက်ဖတ်ရန်>>>

Monday, May 24, 2010

ပတ္တမြားမြေ (၂) ။ Ruby Land




မိုးကုတ်မြို.ဆိုတာ ကျွန်မ ဖေဖေ ကြီးပြင်းခဲ့ မြို.လေး ဖြစ်သလို ကျွန်မ ဟိုးငယ်ငယ် ကလေး ဘ၀တုန်းက မိုးကုတ်မှာ နေခဲ့ ရတဲ့ ဘ၀လေးကို စိတ်ကူး တွေနဲ့ လှမ်းမျှော် တွေးမိတိုင်း ပုံရိပ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပေါ်လာ မြဲပဲလေ။ မေ့လုမေ့ခင် ဖြစ်နေတဲ့ အတိတ်က အဖြစ်အပျက် ကလေးတွေကို ပြန်လည် အမှတ်ရ ရတာ ကြည်နူး စရာလေး တစ်ခု ပါပဲ။

ကျွန်မ ဖေဖေ ပြောပြခဲ့တဲ့ မိုးကုတ်ဆိုတဲ့ သမိုင်းလေးကို ဖောက်သည်ချ လိုက်ဦးမယ်။ မြန်မာ သက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ် စော်ဘွားကြီး သိုဟန်ဖက် လက်ထက်မှာပေါ့။ ရှမ်းမုဆိုး သုံးယောက်ဟာ တောလည် ထွက်ရင်း မျက်စေ့လည် လမ်းမှားပြီး အပြန်လမ်းကို လမ်းစ ရှာမတွေ.ပဲ ဖြစ်နေ ခဲ့ကြတယ်။ အဲဒီမှာ မိုးလည်း တော်တော်ချုပ် သွားတာကြောင့် တောင်ခြေရင်း မှာရှိတဲ. သဖန်းပင်ကြီး တစ်ပင်အောက်မှာ အိပ်လိုက် ကြပါသတဲ့။

နံနက် မိုးသောက် အလင်းရောက်လို. ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အနီးမှာ ပြိုကျနေတဲ့ တောင်စောင်း တစ်ခုရဲ့ အပေါ်က ကောင်းကင်ယံမှာ ပျံဝဲ အော်ဟစ် နေတဲ့ ကျီးများ၊ စွန်များကို ထူးထူးခြားခြား တွေ.မြင် ရတာကြောင့် သွားရောက် ကြည့်ရှုခဲ့ကြရာ အသားတစ် ပမာနီမြန်း နေတဲ့ ပတ္တမြား ကျောက်အနီ များကို တွေ.ရသတဲ့။ ဒါနဲ့ ပတ္တမြားတွေကို ယူဆောင်ခဲ့ကြပြီး မိမိတို့ အရှင်သခင် စော်ဘွားကြီးထံကို ဆက်သ ခဲ့ကြပါတယ်။ စော်ဘွားကြီး ကလည်း ဆက်သလာတဲ့ ပတ္တမြား ကျောက်နီတွေကို လက်ခံယူပြီး တန်ဖိုး ရှိမှန်း သိတာကြောင့် ထိုနေရာအား လိုက်လံ ပြသခိုင်းပြီး စောင့်ရှောက် စေခဲ့ပါတယ်။ သဖန်းပင် အနီးမှာရှိတဲ့ ပတ္တမြားတွေ ထွက်ရှိတဲ့ မြေကို စောင့်ရှောက်ဖို.ရာ တာဝန်ကျ သူများက သဖန်းပင်ကြီး အနီးနားမှာ ရွာတည်ပြီး နေခဲ့ကြရာမှ သဖန်းပင်ရွာလို.အမည်တွင် ခဲ့တယ်။

ဒါကြောင့် မိုးကုတ်အစ သဖန်းပင်ကလို. မိုးကုတ်မြို. ဖြစ်ပေါ်လာပုံကို သမိုင်းမှတ်တမ်းတွေမှာ ရေးသား ဖော်ပြ ခဲ့ကြ တယ်လေ။ ဒီသဖန်းပင် ရွာ အနီးတစ်ဝိုက်ဖြစ်တဲ့ ရေပူ၊ သဖန်းပင် ၊ကျောက်ဆောင် ဆိုတဲ့ နေရာတွေမှာ ရှေးက ကျောက်ကြီး၊ ကျောက်ကောင်းတွေ ထွက်ခဲ့တဲ့ နေရာ တွေပေါ့။

အဲဒီ သဖန်းပင်ရွာမှာ ပတ္တမြားတွင်းတွေကို စောင့်ရှောက် တာဝန်ယူရတဲ့ ရှမ်းလူမျိုးတွေဟာ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်း နေရာမှာ လယ်ယာ သွားရောက် လုပ်ကိုင် စိုက်ပျိုးကြတဲ့အခါ အခြား နေရာများထက် မှောင်လွယ်တဲ့ အတွက့် စောစော ပြန်ရတာကြောင့် မိုးချုပ် စောသောမြို့ (မိုးချုပ်မြို့) လို. ခေါ်ရာကနှေ မိုးကုတ် ရယ်လို. အမည်တွင် လာတယ်လို့ ဆိုကြ တယ်။

သို.သော် မိုးကုတ် ဆိုတဲ့ အမည် ခေါ်တွင် လာပုံလေးကို တော့ အယူအဆ အမျိုးမျိုး နဲ့ ဖော်ပြထား ကြပြန်တယ်။ အခြား အယူအဆ တစ်ခုကတော့ မိန်းကတ် လို.ခေါ်တဲ့ ရှမ်းစကားမှ ဆင်းသက်လာတယ် လို. ဆိုပါတယ်။ ဆိုလိုရင်းကတော့ မိန်းဆိုတာက မြို့၊ ကတ်ဆိုတာက အေးချမ်းခြင်း ဖြစ်ပြီး အလွန် အေးချမ်းသောမြို့ (မိန်းကတ်) ဟုခေါ်ရာမှ မိုးကုတ် လို.ဖြစ်လာတယ် လို. ယူဆကြပြန်သေးတယ်။

တစ်ချို. သော အယူအဆ များကလည်း (မိန်းကွတ်) ဟူသော ရှမ်းစကားမှ ဆင်းသက်လာပြီး မိန်းဆိုသည်က မြို.၊ ကွတ်ဆိုတာက ကွေ့ကောက်ခြင်း ဖြစ်ပြီး၊ ကွေ့ကောက် နေသောမြို့ မိန်းကွတ်လို. ခေါ်ရာမှ ကာလ ကြာတဲ့အခါ မိုးကုတ် ရယ်လို. ဖြစ်လာတယ်လို. ဆိုကြပြန်တယ်။
တဖန် {မိန်းကု(ပ)} ဟူတဲ့ ရှမ်းစကား ကနေ ဆင်းသက် လာပြီး မိန်း ဆိုသည်မှာ မြို့၊ ကု(ပ)ဆိုသည်မှာ ခမောက်ဖြစ်ပြီး မိုးကုတ်မြို့မှာ ချိုင့်ဝှမ်းထဲတွင် တည်ထားရာ ခမောက်ကို လှန်ထား သလိုမျိုး တည်ရှိနေတာကြောင့် ခမောက်မြို့ မိန်းကွတ်လို.ခေါ်ရာကနေ မိုးကုတ် ဆိုတဲ့အမည် ဖြစ်လာခဲ့ တယ်လို့ ဆိုကြ ပြန်ပါတယ်။

မိုးကုတ် ဆိုတဲ့ အမည်ကို သမိုင်းလေ.လာ သူတွေရဲ့ အယူအဆတွေ အမြင်တွေ အမျိုးမျိုး ရှိခဲ့ကြသော်လည်း ပတ္တမြား မြေ ဆိုတဲ့ ဒီမြို့ကလေးက ကမ္ဘာမှာ ထင်ရှားတဲ့ မြို့ကလေး။ ကမ္ဘာ့ အကောင်းဆုံး အရည်အသွေး ပြည့်မှီတဲ့ ကျောက်သံ ပတ္တမြား တွေကို မွေးထုတ် ပေးရာ နေရာ ဒေသလေး တစ်ခုပေါ့။ ခေတ်အမျိုးမျိုး ပြောင်းနေသလို တင်းထွက်ပစ္စည်း တွေလည်း သုံးမကုန်အောင် အမျိုးမျိုး လိုက်ထွက်ပေး နေတဲ့ မြို.လေးတစ်မြို.ပါ။

နွေရာသီဆို နေလို. သိပ်ကောင်းတယ်။ မိုးတွင်းဆိုလည်း မိုးများတယ်၊ ဆောင်းတွင်း ဆိုလည်း ချမ်းတယ်၊ တောင်ပေါ် ဒေသဖြစ်ပြီး အေးမြတဲ့ ရာသီဥတု ရှိတဲ့အတွက် တောင်ပေါ်သူလေး တွေရဲ့ ဖြူဖွေးနေတဲ့ ပါးပြင် မို့မို့ဖောင်းဖောင်း လေးတွေဟာ ပတ်ကြားလေးတွေ အက်နေတတ်တာကြောင့် ပါးပြင်မို.မို.မှာ နီရဲနေတတ်ပြီး ပါးနီတောင် ခြယ်နေစရာ မလိုပဲ လှတဲ့ တိုင်းရင်းသူ အလှမျိုး ကိုတွေ.ရတယ်။

ကျွန်မ ငယ်ငယ်တုံးက သူငယ်ချင်း လေးယောက်ရှိတယ်။ အရွယ်တူ၊ အတန်းတူ ၊ အိမ်နီးချင်းတွေပေါ့။ ကျောင်းသွား ရင်လည်း အတူတူ၊ ကစားလည်း အတူတူ ကစားကြတာပေါ့။ တစ်ယောက်က မုံရွှေရည်၊ တစ်ယောက်က ခင်မိုးအေး၊ တစ်ယောက်က ၀င်းဝင်း မာတဲ့။ ကျွန်မတို့ လေးယောက်လုံးက မိုးကုတ်မြို. ၊ မြို.မရပ်ကွက်မှာ အတူတူ နေခဲ့ကြတာ။ ကျွန်မနဲ့ ခင်မိုးအေးက အိမ်ချင်းကပ်ရက်၊ မုံရွှေရည်နဲ့ ၀င်းမာက အိမ်ချင်း ကပ်ရက်။ ကျွန်မတို. နေခဲ့တဲ့ ကျောင်းက ရှမ်းတော အ-လ-က မှာ အတူတူနေ ခဲ့ကြတာပေါ့။

ငယ်ငယ်ကတော့ ကစားနည်းတွေက လည်းစုံလို. ထုတ်စီးတိုးတမ်း၊ ရှပ်ဒိုးပစ်တမ်း၊ တူတူပုန်းတမ်း၊ ခုန်၊ပေါက်၊ ပြေးလွှား၊ ကစားကြတာ၊ သိပ်ပျော်စရာ ကောင်းတယ်။ ကျွန်မတို. လေးယောက် နေအိမ်နဲ့ ချမ်းသာကြီးတောင်လို့ ခေါ်တဲ့ ချမ်းသာကြီး ဘုရားနဲ့က နီးနီးလေးပါ၊ ချမ်းသာကြီး တောင်ပေါ်ကို တက်တဲ့ လှေကားထစ်တွေကို အပြေးအလွား တက်ကြ၊ ဘယ်သူအရင် တောင်ထိပ် ပေါ်ရောက် သလဲ ပြိုင်ကြသေးတာ။ ချမ်းသာကြီး တောင်ပေါ် ကနေကြည့်လိုက်ရင် မိုးကုတ်မြို.ရဲ့ ရူခင်း အလှကို ထင်ထင်ရှားရှား တွေ.ရပါတယ်။

မိုးရွာတဲ့ အချိန်လေးပဲ အိမ်မှာ ခဏလေး နေလိုက်တယ်။ မိုးရွာ ပြီးတာ နဲ့ တစ်ပြိုင်နက် လမ်းပေါ်မှာ ကျောက်လေးတွေက သူ့ဟာသူ့ ပေါ်နေ တတ်တယ်။ ဒါလေးတွေကို လမ်းမပေါ် သွားပြီး ကျောက်ရှာ တယ်ဆိုပြီး တုတ်လေး တစ်ချောင်းနဲ့ ကျောက်ခဲလေးတွေကို ဖယ်ပြီး ကျောက်လေး တွေကို ကောက်ယူပြီး ကျောက်ရောင်းတမ်း ကစားကြတာ ခုထိ သတိရ မိတယ်။ စက္ကူတွေကို အပိုင်းပိုင်းဖြတ် ပိုက်ဆံ လုပ်ပြီး၊ ကျောက် အရောင်းအ၀ယ် လုပ်တမ်း ကစားတဲ့အခါ ထာပွဲ ထဲမှာ ကျောက်ရောင်းအ၀ယ် ပြုလုပ်တဲ. ပုံစံကို အတုခိုး ကစားကြတာပေါ့။ ကျောက် အရောင်းအ၀ယ် လုပ်တဲ့အခါ ကျောက်ထုတ် ထုတ်တဲ့ ပုံစံကို ပုံတူလုပ် ထုတ်ထားပြီး လူကြီးတွေ သုံးနူန်းတဲ့ အသုံး အနူန်းတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကုန်သည် စတိုလ်ဖမ်းပြီး စကား အခြေအတင်နဲ့ ပြောဆိုပြီး ကစားကြတာပေါ့။

ကျောက်ရောင်းတဲ့သူက ၀ယ်တဲ့သူကို ဟန်ပါပါနဲ့ အမ ကျွန်မဆီမှာ အနီ(ပတ္တမြား) ၊ အပြာ (နီလာ) ရှိတယ် ကြည့်မလားဆို။ ပြီးရင် (ကာရပ်) ကလပ်ချိန်က ဘယ်လေက်၊ (တကာရပ်) တကလပ်ကို ဘယ်ဈေးလဲဆိုရင် ဈေးကို သတ်သတ်မှတ်မှတ် မပြောပဲ ရောင်းတဲ့သူက ပညာသားပါပါနဲ့ ဆယ်ကြီး ပိုင်းတို. ၊ ရာကြီးပိုင်းတို.၊ ထောင်ကြီးပိုင်းတို့ ဆိုပြီးဈေး စကားပြောတယ်။ အမ “ကြိုက်ရင် ဈေးပေးကြည့်လေ” ဆိုရင်။ အဲဒီမှာ ကျောက်ကြည့် တတ်တဲ့ ပညာ၊ ကျောက်ကို နားလည်တဲ့ပညာက အရေး ကြီးဆုံး ပဲလေ။ ကျောက်ရဲ့ပမာဏ၊ ကျောက်ရဲ့ အရောင်အသွေး၊ ကျောက်ရဲ့ အရည်အချင်း၊ ကျောက်ရဲ့ အပြစ်အနာ အဆာကင်း မကင်းပေါ် မူတည်ပြီး ဈေးဖြတ် ရတော့မယ်လေ။ ငယ်ငယ်က ကျောက်ရောင်းတမ်း ကစားတုံးကတော့ ဘာရယ်မဟုတ်ပဲ ဟိတ်ကြီးဟန်ကြီး လုပ်ပြီး စတိုင်ထုတ် ဈေးဆစ် လိုက်တာပေါ့ ။
တကယ်တော့ ကျောက်မျက် ရတနာ ပညာဟာ အဖိုးမဖြတ်နိုင်တဲ့ အတတ်ပညာ တစ်ခုပါ။
မိုးကုတ်မြို. သူမြို.သားတွေဟာ ကျောက်အရောင်းအ၀ယ် လုပ်တဲ့နေရာဖြစ်တဲ့ ထာပွဲဆိုတဲ့ နေရာလေးကို သွားကြတာကို ထာဝဲဆင်း တယ်လို.ခေါ်ကြတယ်။ ထာပွဲဆိုတာ မိုးကုတ်ကျောက် ဈေးကွက်ရဲ့ အခြေခံ အကျဆုံးနေရာ ကျောက်မျက် ဈေးကွက်တွေရဲ့ သတင်းတွေ အားလုံး စုံလင်စွာ ကြားရတဲ့နေရာ တစ်ခုပေါ့။ ဒါကြောင့် မိုးကုတ်မြို.သူ မြို.သားတွေ ရဲ့ မသွားမဖြစ်တဲ့ နေရာလေး တစ်ခုပါ။

ထာပွဲလို. ခေါ်ဆိုရတဲ့ အကြောင်းလေး ကတော့ ရှေးရှေးက ကျောက်မျက် ရတနာတွေ ပေါများတဲ့ အတွက် ကျောက်ပြ တဲ့အခါ “ထာ” လို.ခေါ်တဲ့ ကြေးလင်ဗန်းကြီး များမှာ ထည့်ပြီး ပြရတဲ့အတွက် ထာလို.ခေါ်ပြီး ပွဲဆိုတာကတော့ အရောင်း အ၀ယ် နေရာဌာနကို ခေါ်ပါတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ နေထိုင်တဲ့ ယောက်ျားလေး တော်တော်များများက ကျောက်တွင်း လုပ်ကြတယ်။ တွင်းကထွက်လာတဲ့ ကျောက်တွေကို အရိုင်း အတိုင်း(မသွေးရသေးသောကျောက်) အနေနဲ့သော်လည်းကောင်း ၊ အရိုင်းကျောက်များကို အယဉ် (သွေးပြီးသားကျောက် အနေနဲ့ လည်းကောင်း ) ထာပွဲဆိုတဲ့ ကျောက် ၀ယ်ရောင်း လုပ်တဲ့နေရာ ကိုရောက်လာပြီး ဈေးကွက်တင် ရောင်းချ ကြတယ်။ သွေးပြီးသား ကျောက်တွေကို တော့ ကျောက်ချိန်အတိုင်း (ကာရပ်) ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြပါတယ်။ကျွန်မ ငယ်ငယ် ဘ၀တုန်းက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်က ဆိုရင်ပေါ့၊ မိုးကုတ်မြို့သူ မြို့သားတွေ အားလုံးဟာ အတော်ကို အဆင်ပြေ ခဲ့ကြတာပေါ့။

ခုတော့ မြို.ကလေးကို အဝေးကနေ စိတ်ကူးတွေနဲ့ လှမ်းမျှော် ကြည့်တော့ ဟိုးတုံးကလို စိမ်းဆိုလှပ သာယာ နေနိုင်ဦး မည်လား။ မိုးကုတ်မြို.လေး အေးချမ်း နေဆဲပဲလား။ ဟိုးအရင်တုံးက မိုးကုတ်မြို.သူ မြို.သားတွေရဲ့ အသက်၊ သွေး၊ ချွေး တွေနဲ့ ရင်းပြီး မိုးကုတ်မြို.လေးရဲ့ မြေဆီလွှာ တွေကို တူးဖော် လိုက်တိုင်း မိခင်မြေကြီးရဲ့ အသွေးအသား တွေဟာ ကျောက်သံ ပတ္တမြား ရောင်စုံတွေ အဖြစ် အသွင် ပြောင်းရင်း အသက်ဆက် ပေးနေခဲ့တယ်။ ခုချိန်မှာရော သူထမ်းပိုးထားတဲ့ မြို့သူ မြို့သားတွေ၊ အတွက် အရင်ကလို သူပေးဆပ် နေဆဲပဲလား။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ဗလဗွနဲ့ သူ.ရဲ့ အသွေးအသား တွေရော ကုန်ခမ်းလုပြီလား? သူဘယ် အချိန်၊ ဘယ်ကာလ ထိများ တောင့်တင်း ခံနေနိုင်ဦး မှာပါလိမ့်။ ကျွန်မ သေသေ ချာချာ မသိနိုင်တော့ပါဘူး။

မိုးကုတ်မြို့ကလေးကို စွန်.ခွာပြီး ဆယ်စုနှစ် သုံးခုလောက် လွန်အောင် ဘ၀ခရီး ရွှေ.ရှား စီးမျော နေခဲ့ပါတယ်။ ထိုခရီး ဘယ်အချိန်ထိ ဘယ်နေရာထိ သွားလို. နေအုံးမည်လဲ ဆိုတာလည်း ကျွန်မ မသိသေးပါဘုး။ တစ်ချိန်ချိန် မှာတော့ ကျွန်မ မွေးစား မိခင် ဖြစ်တဲ့ မိုးကုတ် မြို့ကလေးကို ကျွန်မ တစ်ခေါက် လောက် ချွေးသိပ် ချင်ပါသေးတယ်။ ခုတော့ ကျွန်မ ငယ်သူငယ်ချင်း အားလုံးဟာ မတူညီသော ဘ၀တွေကြားမှာ မေစိုး ဆိုတဲ့ နာမည်လေး တစ်လုံးမျှသာ သိခဲ့တယ် ဆိုတာလေး နဲ့ပဲ ဘ၀အမော တွေကြား ခရီးတွေ သွားနေကြဆဲ ပါပဲလေ။

ရေးသားသူ- မေစိုး (Shwe Mandalay)
ကျမ်းကိုး -မောင်ထွန်းဦး၏ ကမ္ဘာကသိတဲ့ ပတ္တမြားမြေ


ဆက်ဖတ်ရန်>>>

Saturday, May 22, 2010

ဓမ္မဒူတ အရှင် ဆေကိန္ဒ( ရင်သွေး ရတနာ ကလေးငယ်များအတွက်)



မိမိတို.၏ မျိုးဆက်သစ် ရင်သွေး ရတနာ ကလေးငယ်များ အတွက် ဓမ္မဒူတ အရှင် ဆေကိန္ဒ မှ မြတ်ဗုဒ္ဓ၏ မင်္ဂလာ တရားတော်နှင့် ယဉ်ကျေးမူ. အမွေအနှစ် များကို ရင်သွေးငယ် တို.၏ နှလုံးသား ထဲတွင် စွဲမြဲ တည်ရှိ စေရန် အတွက် တရားတော်များ ဟောကြား ချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက် ကြမည့် သားလိမ္မာ၊ သမီးလိမ္မာ လေးများသည် (၂၅- မေလ - ၂၀၁၀) ရက်နေ. နောက်ဆုံး ထား၍ အမည် စာရင်းကို အောက်ပါ အစီအစဉ် အတိုင်း ဖြည့်စွပ် ပေးပို.ပါရန် လေးစားစွာ မေတ္တာ ရပ်ခံပါသည်။

Morning Session
Date: 28-May-2010 (Vesak Day)
Time: from 9am to 12noon
Age guide line: childern who are at 12 years old and below
Place: Informatics Jurong Campus
Submit registration to : mschild.dhammatalk@gmail.com

Afternoon Session

Date: 28-May-2010 (Vesak Day)
Time: from 1pm to 4pm
Age guide line: childern who are between 12 years to 18years
Place: Informatics Jurong Campus
Submit registration to: eschild.dhammatalk@gmail.com

Please register your children for the dhamma talksession.
We prefer your registration latest by 25-May-2010.
Please provide us your children name and details as per following sample form.

Registration Form Sample :

Name _ _ _ _ _ _ _ _ _ _

Age _ _ _ _ _ _ _ _ _ _

Gender _ _ _ _ _ _ _ _ _ _

Education _ _ _ _ _ _ _ _ _ _

Parent _ _ _ _ _ _ _ _ _ _

Address _ _ _ _ _ _ _ _ _ _

Phone _ _ _ _ _ _ _ _ _ _

email _ _ _ _ _ _ _ _ _ _

Please note that Parents can attend together with children without registration.
For More Enquiry :

Ko Zin Min Yu : 90049227 / 81172324

Ko Thaung Hteik : 81608064

Ma Lae Lae Win : 82984170 (after office hours)

Ko Thar Zaw : 92391989 (after office hours)

Ko Sai : 81576443 (after office hours)

Ko Ye' : 91192126 (after office hours)

http://www.dhammadownload.com
Posted By Shwe Mandalay

ဆက်ဖတ်ရန်>>>

Wednesday, May 19, 2010

စင်္ကာပူ ရောက် ရွှေ ညီအကို မောင်နှမ များသို.။


ကျွန်မတို. မြန်မာ လူမျိုး တွေဟာ များသော အားဖြင့် အိုးနဲ့ အိမ်နဲ့ သိပ်မခွဲ ခွာချင်ကြဘူး။ ကိုယ့် တိုင်းပြည် ကနေ ရပ်ဝေး မြေခြား သိပ်မသွားချင် ကြဘူးလေ။ အခြေအနေ အရ နိုင်ငံရပ်ခြား မှာ အလုပ်လုပ်တယ် ဆိုတာ မိဘ၊ ဆွေမျိုး မိတ်ဆွေ၊ အပေါင်းအသင်း တွေနဲ့လည်း ခွဲခွာ နေရတဲ့ အပြင်၊ သံယောဇဉ် စိမ်းစိမ်း၊ ယဉ်ကျေးမူ. ဓလေ့ စရိုက် စိမ်းစိမ်း၊ ပတ်ဝန်း ကျင် စိမ်းစိမ်း နဲ့ သူစိမ်းတို့ရဲ့ အလယ်မှာ ဘာသာစကား ကွဲပြားမူ့တွေ၊ နေထိုင်မူ့ လွဲမှားမူ.တွေ ၊စားမူ. သောက်မူ၊့ နေမူ. ထိုင်မူ. ၊ လူမူ. ကိစ္စ ပြသနာတွေ ကြားထဲမှာ ရုန်းကန် လှုပ်ရှား ပြီး ကိုယ့်ဘ၀ကိုယ် တည်ဆောက် နေကြရတဲ့ ဘ၀လေ။

သို.ပေမဲ့ မြန်မာ လူမျိုးတွေဟာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ စွန့်စွန့်စားစား အခြေချ ဝင်ရောက်နေထိုင် လာကြတာ ခုဆို ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေ မှာ ပညာတတ် လူငယ်တွေ တော်တော် များများ ရောက်ရှိနေ ကြပါပြီလေ။ အနောက် နိုင်ငံတွေ မှာလည်း ရောက်သင့် သလောက်ရောက် နေကြတာပါပဲ။ စင်္ကာပူ မှာတော့ မြန်မာ စကားသံတွေ နေရာအနှံ ဆိုသလို ကြားလာရပါပြီ။ ကိုယ့်နိုင်ငံက ဦးနှောက် ကောင်းတဲ့ ပညာတတ်တွေ တိုင်းတစ်ပါး ရောက်ကုန်တာတော့ နှမြောစရာပေါ့။ ဒါမျိုးကို အနောက် နိုင်ငံတွေ ကတော့ (Brain Drain) ဦးနှောက် ယိုစီးမူ.လို သုံးနူန်းကြတယ်။

ဒီလို ပညာတတ် တွေနဲ့ အတူ အလုပ်သမား၊ လယ်သမား လူတန်းစား တွေလည်း မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယား၊ ဂျပန် စတဲ့ အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ပြီး ပုံစံ အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး အလုပ် လုပ်ကြရတဲ့ လူငယ်တွေ အတော်လေးလဲ များလာပါတယ်။ ဒီလို လုပ်သား အုပ်စုကို ယေဘုယျ အနေနဲ့ အထွေထွေ လုပ်သား များ သို့မဟုတ် ကာယ လုပ်သားတွေလို့ သတ်မှတ်ပါတယ်။ ဒီလိုမျိုး ကိုတော့ လုပ်အားတွေ ဖိတ်စင် ယိုစီးမူ.လို. ခေါ်ရမယ် ထင်ပါ တယ်နော်။

စင်္ကာပူ နိုင်ငံအတွက် ကလည်း ကာယ၊ လုပ်သား တွေ သိပ်လိုအပ် နေတာပါ။ ဘာလို့လဲဆိုတော့ သူတို. နိုင်ငံသား တွေဟာ အန္တရယ်ကြီးတဲ့ နေရာတွေမှာ မလုပ်လိုတဲ့ အတွက်က တစ်ကြောင်း၊ လုပ်ရ ပြန်လျှင်လည်း လုပ်ငန်းခွင်ထဲ ထိခိုက်ဒဏ်ရာ တစ်ခုခု ဖြစ်တဲ့အခါ လျော်ကြေး ပေးရမှာ ဖြစ်တဲ့ အတွက်- ဆောက်လုပ်ရေး လုပ်ငန်း ၊ သင်္ဘောကျင်း လုပ်ငန်းမျိုး တွေမှာ- ဈေးပေါပြီး၊ ကျန်းမာရေး၊ အသက် အာမခံကို သိပ်ဂရုစိုက် ပေးစရာ မလိုတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပြည်ကြီး တရုပ် စတဲ့ အလုပ်သမား တွေဟာ မရှိမဖြစ် အရေးပါ လာခဲ့တာပေါ့။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ပြတ်တောက် သွားခဲ့ပေမယ့်၊ သင့်တော်တဲ့ လျော်ကြေး မရပဲ ပြည်တော်ပြန် သွားရတဲ့ နိုင်ငံခြားသားတွေ အများကြီးပါ။ ကျွန်မတို. မြန်မာလုပ်သား တွေကတော့ လုံလောက်တဲ့ ပညာ အရည် အချင်းသာ မရှိတာ ဥာဏ်စွမ်းရည် အားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပြည်ကြီးတရုပ် တွေထက် သာကြတယ်။ အကင်းပါးကြပါတယ် ဆိုတာ သတိပြု မိကြမယ် ထင်ပါတယ်။

ဒီလို လုပ်ငန်းခွင်မှာ လူမျိုးပေါင်းစုံ ရှိတာနဲ့အမျှ အလုပ်မှာ မတူညီတဲ့ ယဉ်ကျေးမှုနှင့် ဘာသာစကား ပြောကြားမှုများ ဟာ အနည်းဆုံး နှစ်ခုမှ သုံးခုနည်းပါး ရှိတတ် ကြတယ်လေ။ ရုံးလုပ်ငန်း ပိုင်းမှာ လုပ်နေတဲ့ (Office Staff ) လို့ ခေါ်တဲ့ စာရင်းကိုင်တွေ၊ IT ကွန်ပြူတာ ပညာရှင်တွေ၊ စတဲ့ သူတွေ အနေနဲ့ ကတော့ (Proper English ) ကို သုံးလို့ ရပါတယ်။ သို.သော် တစ်ချို. အင်ဂျင်နီယာတွေ အနေနဲ့ ကတော့ ရုံးက staff တွေ၊ လူကြီး ပိုင်းတွေနဲ့ ပြောတဲ့ အခါ၊ Meeting တက်တဲ့ အခါ English စကားကို ကောင်းကောင်း အသုံးပြုလို. ရပေမဲ့ ဘင်္ဂလားဒေ့ရှ်၊ ပြည်ကြီး တရုတ် စတဲ့ ကာယ လုပ်သားတွေနဲ. ကျတော့ (Proper English) ကို သိပ်သုံးလို့ မရတော့ ပြန်ဘူးလေ။ Body Language အပြင် သူတို့ နားလည်တဲ့ လွယ်တဲ့ အင်္ဂလိပ်ကို တိုတို တုတ်တုတ် ပြောရတာတွေ ရှိတာပေါ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ လုပ်ငန်းခွင် အနေအထား ပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ထိထိမိမိ (Communicate) လုပ်နိုင်ဖို.ရာ အလွန် တရာမှ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုပါပဲလေ။

ခုဆိုရင် တို့မြန်မာ နိုင်ငံကနေ ကာယ အလုပ်သမား တွေဟာ ပညာအရည် အချင်း သိပ်မမြင့်တဲ့ သူတွေ ဖြစ်သော်ငြား လည်း ခုလို နိုင်ငံခြား တိုင်းပြည်တွေမှာတောင် ရောက်ပြီး အဆင်ပြေပြေ လုပ်ကိုင် နေနိုင်ကြပြီလေ။ တစ်ကယ်တော့ ကျွန်မတို့ လူမျိုးဟာ အကင်း ပါးတဲ့ လူမျိုးပါ။

ကျွန်မတို့မှာ လူမျိုးအလိုက် ရှိနေတဲ့ ဥာဉ်ဆိုးလေးတွေ ရှိသင့် သလောက်တော့ ရှိတာပေါ့။ ဥပမာ- ပျင်းရိတတ်တာ၊ ဇွဲမရှိတာ၊ အနွံတာ မခံချင်တာ၊ သိပ်အောက် မကျို.ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာ၊ စည်းကမ်း မရှိတာတွေ ဒီလို အားနည်း ချက် ချို.တဲ့ တာလေးတွေ ကျွန်မတို့ လူမျိုးမှာရှိပါတယ်။

ဆင်းရဲသည် ပဲဖြစ်ဖြစ်၊ ချမ်းသာသည် ပဲဖြစ်ဖြစ် ငယ်ငယ် ကတည်းက ထမင်းကို မိဘက ခွန့်ကျွေးတာကို စားလာ ခဲ့ကြသလို၊ မှီခိုရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ယဉ်ကျေးမှု.တွေ အောက်မှာ ကြီးပြင်လာခဲ့ကြတဲ့ မြန်မာ လူမျိုး တွေမှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချရမဲ့ နေရာတွေမှာ အားနည်း နေတတ် ကြတယ်လေ။

ဒီလို အားနည်းချက် တွေကတော့ ကျွန်မတို့ လူမျိုးမှာ ခုချိန်ထိ ရှိနေပါတယ်။ သို့ပေမဲ့ ဒါက တစ်သက်လုံး ဘယ်လိုမှ ပြင်လို့ မရတဲ့ စရိုက်ကြီး ဆိုပြီး ပစ်မထားပဲနဲ့ ယုံကြည်ချက်နဲ့ ကြိုးစား ပြုပြင် လို.ရပါတယ်။ အရေးကြီး တာက ဒီလို ပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာ ဆိုတဲ့ မှန်ကန် မွန်မြတ် တဲ့အသိပဲ ရှိဖို.လိုပါတယ်။

ကျွန်မတို့ လူမျိုးတွေဟာ အလွန် အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်၊ မြင်လွယ်၊ တတ်လွယ်၊ သိပ်ရှိပါတယ်။ ဒီအရည် အသွေးဟာ ငွေပေး ၀ယ်လို့ မရဘူး။ ကျွန်မတို့ လူမျိုးနဲ့ တခြားလူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ပဲ ဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား၊ လယ်သမား လူတန်းစားပဲ ဖြစ်ဖြစ် လူမျိုးလိုက် အကင်းပါး ဖျတ်လတ် မူ့က အလွန် သဘောကျ စရာ ကောင်းလှပါတယ်။

အလုပ်သမားတွေ အချင်းချင်း ယှဉ်ကြည့်ရင်တောင် ဘင်္ဂလားဒေ့ရှ်၊ ပြည်ကြီး တရုတ်၊ အိန္ဒိယ တမီလ် အလုပ်သမား၊ မလေးရှား တရုတ် အလုပ်သမား တွေထက် သာပါတယ်။

ကျွန်မ အမျိုးသား ပြောပြတဲ့ သူတို့လုပ်ငန်းခွင်က အကြောင်းလေး နည်းနည်း ပြောပြဦးမယ်။ တို့မြန်မာ လူမျိုး ၀န်းထမ်း တစ်ဦးက ဘင်္ဂလားတွေကို အုပ်ချုပ်ရတဲ့ Site Supervisor အနေနဲ့ လုပ်ရသတဲ့။ ဒါနဲ့ ဘင်္ဂလား အလုပ်သမား တစ်ဦးကို ဘယ်လို (communicate) လုပ်ရသလဲဆို။

This One and This One (Two This One) go to the place. ဆိုရင် ကုလားက အဲဒီ ပစ္စည်း နှစ်ခုကို ယူသွားပြီး သူ့နေ ရာနဲ့ သူ သွားထားတာ ကွက်တိပဲ လုံးဝ အမှား အယွင်း မရှိဘူး တဲ့လေ။

အဲလိုပဲ ။ မြန်မာလိုဆို ဟေ့ ငါ့ လူတွေ ဘယ်သွား ကြလဲလို့ မေးတယ် ဆိုရင် ၊ အင်္ဂလိပ်မှာ ကတော့ ရိုးရိုး သုံးရင် Where are my people going? လို့ သုံးရင် မှန်ပေမဲ့ သူတို့တွေက ဒီလို သုံးတာ ထက်စာရင် Hay, My people, Where? ဆိုရင် တစ်ယောက်က ဖြေပုံက

Jalan jalan go there. ဟိုဘက်ကို လမ်းလျောက် သွားကြတယ်ပေါ့ ။ jalan ဆိုတာ မလေးလို လမ်းကို ခေါ်တာပါ။

ဥပမာ- မင်း နေ.လည်စာ ထမင်းစား ပြီး ပြီလားဆို၊ Have you finished your lunch? လို့ သုံးတာ မှန်ပေမဲ့ သူတို.ကို ပြောတဲ့အခါ Lunch Ready? တစ်ချို. ကျတော့ မကမ်း Ready လို. မေးမှ နားလည်ကြတယ်။ မကမ်း ဆိုတာ စားတာကို မလေးလို ခေါ်သတဲ့။ Ready ဆိုတာကတော့ Already ကို ကိုယ်စား ပြုတာပါ။

အဲဒီတော့ ကျွန်မ ပြော ပြချင်တာ တစ်ချို့ လုပ်ငန်းခွင် ဟာ အင်္ဂလိပ်ကို တိတိ ကျကျ တတ်မှ အလုပ်လုပ် လို့ အဆင်ပြေသလို တစ်ချို့လုပ်ငန်းခွင် မှာတော့ အင်္ဂလိပ်လို တိတိ ကျကျ ပြောလို့ မရတဲ့ အနေအထား ပတ်ဝန်းကျင်ဆို အဆင်ပြေ သလို communicate လုပ်ကြရတယ်။ အင်္ဂလိပ် အသုံး အနူန်း တွေကို ဖျက်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ဒီလိုပဲ communicate လုပ်ရတာပါ ။ “ကာလံ ဒေသံ” ဆိုသလိုပေါ့။ အခြေအနေနဲ့ အချိန်အခါ အရပဲလေ။

ကျွန်မ တို.မြန်မာ တွေကို လူဖျင်း လူညံ့ လို. ပြောရ အောင် က လည်း အင်္ဂလိပ် စာ မတော်၊ မတတ် ပေမဲ့ ခုလို စင်္ကာပူ လို နိုင်ငံမျိုးက ဆောက်လုပ်ရေး ကုပ္မဏီတွေ ၊သင်္ဘောကျင်း တွေမှာဆို မြန်မာ တွေ လက်ညိုးထိုး မလွဲပါဘူး။ တို့မြန်မာတွေ အခြေံခံ ပညာလေး သာရှိပေမဲ့ အတတ်ပညာ တစ်ခု ကို ကျွမ်းကျင်တော့ နိုင်ငံခြား တွေမှာ ခရီးတော်တော် ပေါက်နေပါပြီ ။

နောက်တစ်ခု ထပ်ပြောပြ ဦးမယ်နော်။ တစ်နေ. မှာ ကျွန်မတို့ မြန်မာ လူမျိုး အလုပ်သမား အမျိုးသားလေး တစ်ယောက်ဟာ ခွင့်ရလို့ အမိမြေကို ပြန်ဖို့ မြန်မာ သံရုံးကို အခွန်သွား ဆောင်စရာ ရှိတာတွေ ဆောင်ဖို့ သွားရတယ်လေ။ မြန်မာ သံရုံးက စောစောလေး ထသွားမှ အဆင်ပြေပြေနဲ့ ကိစ္စပြီးတာ ဆိုတော့။ စောစော ထသွားရတယ် ဆိုလို့ ကျွန်မ ရေးတာ မရှင်းဘူး ဖြစ်နေမယ်။ အလုပ်ချိန် ကတော့ ရုံးချိန် ၉ နာရီမှ စတာပါ။ လူတွေ များတော့ စောစော တိုကင်ယူရတာပေါ့။ မြန်မာ သံရုံးက လူဦးရေ ကန်.သတ်ထားပြီး လက်ခံလို့လေ။ အဲဒီ မြန်မာ လုပ်သား အမျိုးသားလေးက သံရုံးကို အခွန်သွားဆောင် ဖို့ရာ Taxi ငှား လိုက်ပါတယ်။ Taxi သမားက လည်း Where? ဆိုတာနဲ့ အဲဒီ မြန်မာ အမျိုးသား အလုပ်သမား လေးက “ Go To The Myanmar Nail Office” ဆို ပြောလိုက် ပါသတဲ့။
အဲလို ပြောလိုက်တော့ Taxi သမားကလည်း သူ.လုပ်ငန်း အတိုင်း ဆောင်ရွက်တာ ကွက်တိပါပဲ။ မြန်မာ သံရုံးကို အမှား အယွင်းတောင် မရှိဘဲ လိုက်ပို့ ပေးလိုက်တာ ။ တကယ်တော့ (Myanmar Embassy Office ) လို့ ပြောရမှာ မှန်ပေမဲ့ သူ့ အနေနဲ့ ရုတ်တရက် မပြောတတ်တာလဲ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုနည်း နဲ့ပဲ ပြောပြော Taxi သမားကလည်း နားလည်လိုက်တာ (Myanmar Office ) လို့ နားလည် သွားတာလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ် ဒီမှာကလည်း မြန်မာလူမျိုးတွေ သွားတတ်တဲ့ မြန်မာရုံး ဆိုလို့ ဒီရုံး ရှိတာကိုးလို့ သူသဘောပေါက် သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ သူသွားချင်တဲ့ လမ်းကွက်တိ ရောက်သွားတာတော့ အမှန်ပါ။ ဒါကြောင့် ကျွန်မတို့ လူမျိုးတွေဟာ အနုံအဖျင်း မဟုတ်ကြပါဘူးလို့ ကျွန်မ ပြောတာပေါ့။

ဘာပညာ၊ ဘာအလုပ်မျိုး မဆို ကျွန်မတို့မှာ မသင်ရသေးလို့၊ သင်ခွင့် မရခဲ့လို့ မတတ်သေးပေမဲ့ သင်ခွင့် ရတဲ့အချိန် သူများနည်း တူ ရင်ဘောင် တန်းနိုင်တဲ့ အရည်အသွေး အပြည့်အ၀ ရှိပါတယ်။ ကျွန်မတို့ လူမျိုးတွေ အနုံအဖျင်း မဟုတ်ကြပါဘူး။

မြန်မာ တွေများလာလို့ စင်္ကာပူက ပင်နီဆူလာ ပလာဇာမှာ ရဲရဲတောက် သွားသတဲ့ ဆိုတာ သတ္တိ မဟုတ်ပဲ ကွမ်းတံတွေး တွေ ဖြစ်နေပါပေါ့ လားလို့ မဖြစ်အောင်တော့ စည်းကမ်းလေး ပိုပြီးရှိ လိုက်ကြရင် သိပ်ကောင်း မှာပဲနော်။ ကွမ်းစားပြီး ပြွတ် ကနည်း ဗျစ်ကနည်း ထွေးလိုက်တဲ့ အပြု အမူထက်၊ နည်းနည်းပိုပြီး စည်းကမ်း ရှိ လိုက်ရတာ မြန်မာ တစ်ယောက် ဆိုပြီး ဂုဏ်ယူပြီး နေနိုင်တာပေါ့။

တို.မြန်မာ လူမျိုးတွေ နိုင်ငံအသီးသီးမှာ စွန့်စွန့်စားစား ရုန်းကန် လှုပ်ရှားရင်း လူုဘုံလယ် မှာ ရဲရင့်မှု.မာန် တုန်လှုပ်မှု. ကင်းသော အသံဖြင့် မှန်ရာကို ပြောရဲ ဆိုရဲသော မြန်မာ လူငယ်များ အဖြစ် ရပ်တည် နိုင်ပါစေ။

ရေးသားသူ - မေစိုး (Shwe Mandalay)

ဆက်ဖတ်ရန်>>>

ထူးကြီးဆရာတော် အရှင်ဣန္ဒာဝုဓာဘိဝံသ

စင်္ကာပူနိုင်ငံတွင်ကျင်းပမည့်တရားပွဲအစီအစဉ်များ

ပထမနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၂၂ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီဲ အထိ)
နေရာ- ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628

ဒုတိယနေ့ တရားပွဲ အစီအစဉ်

နေ့ရက်- ၂၃ ရက် မေလ တနင်္ဂနွေ နေ့ ( ည ၅:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ )
နေရာ- Informatics Centre, Jurong East

၅ ရက် တရား စခန်းပွဲ အစီအစဉ်

နေ့ရက်- မေလ ၂၆ ရက် မှ ၃၀ ရက် ( ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့ အထိ )
အချိန်- နေ့လည် ၁:၀၀ နာရီ မှ ၆:၃၀ နာရီ အထိ
နေရာ- ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

အထူး အစီအစဉ်များ
ပဋ္ဌာန်း စုပေါင်း ရွတ်ဖတ် ပူဇော်ပွဲ
နေ့ရက်- ၂၈ ရက် မေလ သောကြာနေ့ (Vesak Day)
အချိန်- ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ
နေရာ- ဇယ မင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

ဓမ္မစင်္ကြာ စုပေါင်း ရွတ်ဖတ်ပူဇော်ပွဲ
နေ့ရက်- ၂၉ ရက် မေလ စနေနေ့ ( ည ၇:၀၀ နာရီ မှ ၈:၃၀ နာရီ အထိ )
နေရာ- ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတိုက် (CLEMENTI ဘုန်းတော်ကြီးကျောင်း)

တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်
တရားပွဲများကို အောက်ပါ Website များမှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

1. www.livedhamma.com
2. www.lotusdhamma.blogspot.com
3. www.apytz.net

ဆရာတော် အတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း ကပ်လှူ လိုသူများနှင့် တရားပွဲ ဖြစ်မြောက်ရေး အတွက် ပါဝင် လှူဒါန်း လိုသူများ အောက်ပါ တရားပွဲ ဖြစ်မြောက်ရေး အဖွဲ့သို့ ဆက်သွယ် လှူဒါန်းနိုင် ပါသည်။

ဆက်သွယ်ရန်-

ဆရာတော် ဒေါက်တာဦးဝိစိတ္တ ( ဖုန်း - ၆၇၇၈၁၆၇၈)ဦးကြည်ထွန်းDavid (ဖုန်း -၉၁၇၆၁၉၆၄) + ဒေါက်တာဒေါ်လဲ့လဲ့မိုး (ဖုန်း- ၉၁၀၈ ၂၂၆၄ )
ဒေါ်မူမူအေး (ဖုန်း- ၉၄၅၂ ၄၂၇၃)
ကိုထွန်းအောင် ကျော် ( ဖုန်း- ၉၈၅၁ ၇၁၉) + မအေးနုခင် ( ဖုန်း- ၈၁၀၉ ၂၀၃၅ )
မခင်လေးမွန် (ဖုန်း - ၉၀၀၆ ၇၀၁၀)
မနှင်းရီလွင် (ဖုန်း - ၉၂၇၀ ၇၆၄၅ )

JAYAMANGALA BUDDHIST VIHARA ( Clementi Temple )
23A Jalan Mas Puteh, Along West Coast Road , Near Esso, Oppostie Blk 701, Singapore 128628
Tel:(65) 6778-1678 begin_of_the_skype_highlighting
Mobile:(65) 8123-0769 begin_of_the_skype_highlighting
jayamangala.bv@gmail.com
http://www.anantametta.org/

ဆက်ဖတ်ရန်>>>

Monday, May 17, 2010

ပါရမီ အချစ် ။ ( ရဝေနွယ် - အင်းမ)



မေတ္တာ ဆိုတဲ့ ပါဠိရဲ့ အနက်ကို ချစ်ခြင်းလို့ အနက် ပြန်ကြ ပါတယ်။ အချစ်က သုံးမျိုး ရှိပါတယ်။

၁။ ချစ်သူ အချစ်ရယ်
၂။ မိသားစု အချစ်ရယ်
၃။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။

ချစ်သူ အချစ်ဆိုတာ မိန်းမ ယောကျာ်း အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။

မိသားစု အချစ်ဆိုတာက မိဘနဲ့ သားသမီး ညီနဲ့အကို မောင်နဲ့နှမ စသည် မိသားစု အချင်းချင်း ချစ်ကြတဲ့ အချစ်မျိုးပါ။

ပါရမီ အချစ်ဆိုတာက တော့ သူတစ်ပါးရဲ့ အကျိုးကို ဖြစ်ထွန်းမူ့ကို လိုလားတဲ့ အချစ်ပါ ။ပါဠိလို ပြောရင် တော့ တဏှာ ပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာ ပေမရယ်ပါ။ မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့ မေတ္တာ ပါရမီကို ယူရမှာပါ။

ပါရမီ အချစ်ဟာ သူတစ်ပါး အကျိုးကို ငဲ့နေပါတယ်။ မိမိ အကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို ပါရမီ အချစ်နဲ့ ချစ်ဖြစ်နေရင် သူ ကြီးပွား စေချင်တယ် ၊တိုးတက် စေချင်တယ် ၊ အောင်မြင် စေချင်တယ်။ အစစ အရာရာ အဆင် ပြေစေချင်တယ်။ သူ့ဆီက ဘာတုံပြန်မူ့မှ မမျော်လင့် ပါဘူး ။ ဒါ- ပါရမီ အချစ်ရဲ့ သဘောတွေပါပဲ။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့် ရကြတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီ အချစ်နဲ့ ချစ်မယ်။ သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်မယ် နှစ်ဦး စလုံးရဲ့ ခင်မင်မူ့ဟာ အစဉ်အမြဲ ခိုင်မြဲနေတော့ မှာပါ။ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ် ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ် ရဖို့အတွက်လည်း သူကကူညီမယ် ဆိုရင် ပါရမီ အချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူးပြု နေတော့တာပါ။

တစ်စုံတစ်ယောက်ကို ကိုယ်က ချစ်တယ်ဆိုရင် ပါရမီ အချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်အပံ့တွေ အခါ အားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါမယ်။ ဒီလိုပါပဲ၊ သတ္တ၀ါ အားလုံး အပေါ်မှာ ပါရမီ အချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူ အချင်းချင်း မိသားစု အချင်းချင်း မှာလည်း ပါရမီ အချစ် ပါတဲ့ အချစ်တွေ တွဲ တွဲ ပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူ အချင်းချင်း ချစ်နေကြတဲ့ နေရာမှာ တဏှာ ရာဂကို အခြေခံတယ် ဆိုပေမဲ့ သူကုသိုလ် ဖြစ်ဖို့ ကိုယ်က ဖန်တီးပေး နေမယ်။ ကိုယ် ကုသိုလ် ဖြစ်ဖို့အတွက် သူက ဖန်တီး ပေးနေမယ် ဆိုရင် ချစ်သူ နှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ် ဆိုတာ တွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ ရတော့မှာ မဟုတ်တော့ ပါဘူး။

ပြီးတော့ ကိုယ့်ရဲ့ မိသား စုဘ၀လေးဟာ ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကပဲ တရားထူး တရားမြတ် ရဖို့လည်း အထောက် အပံ့တွေ ဖြစ်နေ တော့မှာပါ။ အဆင်မပြေမူ့ တွေဖြစ်တယ်ဆိုတာ တဏှာပေမ အချစ်လောက်နဲ့ပဲ ချစ်နေကြလို.ပါ။ ပါရမီ အချစ် မပါကြ လို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲ နေဖို့ ပါရမီ အချစ်လေးပါ တွဲ ပါပေးရပါတယ်။

တစ်ချို့ မိသားစုတွေမှာ အဆင်မပြေ ဖြစ်တယ် ဆိုတာလည်း ပါရမီ အချစ် မပါ ကြလို.ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာ ရှိနေရင် တဖက်က မသိလို့ မှားတဲ့ အမူအရာကို ပြဦးတော့ သူ.ကို ကိုယ်က ဒေါသမထွက်ပဲ “သြော်..သူမသိလို့ ပဲလေ” ဆိုပြီး ခွင့်လွတ်ပြီးသား ဖြစ်နေ တတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြသနာကို တရား သဘောလေးနဲ့ ဖြေရှင်း တတ်သလို အမှား ပြုသူ တစ်ဖက်သား ကိုလည်း တရားနဲ့ ပြန်လည် ဖေးမ တတ်ပါသေးတယ်။

ပြသနာ တစ်ခုခု ဖြစ်လာပြီ ဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်းရ ပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။ မတရားတဲ့ တုံ့ ပြန်မူ့ တွေဟာ တစ်ဘက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘသဆိုတာ အမြဲတမ်း အဆင်ပြေ မနေ နိုင်ပါဘူး။ တစ်ချိန်ချိန် ကာလ တစ်ခုခုမှာ ကြီးမားတဲ့ အဆင်မပြေ မူ.ကြီးတွေ ဖြစ်လာ နိုင်ပါတယ်။ အဲဒီ အချိန်မျိုးမှာ ကိုယ် ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။

ဘ၀မှာ ကိုယ်က ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ် ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီ အဆင်မပြေမူ. တွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိ တစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေရဲ့ သဘောက ကိုယ့်အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်သူ ၊ဒါမှမဟုတ် မိတ်ကောင်း ဆွေကောင်း တစ်ဦးဦးက ကိုယ့်အများကို မြင်ပြီး ပြုပြင် ပေးတဲ့အခါ၊ ပြုပြင်ပေးတဲ့ အတိုင်း လက်ခံ ကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပက္ခာပြု သွားအောင် ပြုပြင်ဖေးမမူ.ကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။
ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေ တော့တာပါ။ မေတ္တာ ဆိုတာ ကိုယ်ချစ်တဲ့ သူတွေကို ထိုင်ပြီး ပွားနေတာ နဲ့တင် မလုံလောက် သေးပါဘူး။ ထိုင်ပြီး ပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာ နဲ့အတူ ထားမေတ္တာ ကိုလည်း ကျင့်သုံး နိုင်ရပါမယ်။

သူတစ်ပါး အကျိုးရှိ စေမဲ့ စကားလေးတွေ ပြောပြပေးတာ၊ သူတစ်ပါး အကျိုးရှိ စေမဲ့ အလုပ် ကလေးတွေ ပြုလုပ်ပေးတာ တွေပါ။ ကံအနေနဲ့ ပြောရင်တော့ ၀စီကံ မေတ္တာနဲ့ ကာယကံ မေတ္တာပါ။ ဘယ်လို စကားမျိုးပဲ ပြောရပြောရ မေတ္တာနဲ့ ပြောပေးတာ၊ ဘယ်လို အလုပ်ပဲ လုပ်ရလုပ်ရ မေတ္တာနဲ့ လုပ်ပေးတာ၊ မြန်မာလို ပြောရင် သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး ပြောပေးတာ၊ သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး လုပ်ပေး တာတွေပါ။ ဒါတွေဟာ ထားမေတ္တာ တွေပါပဲ။

တစ်နေ. တစ်နေ. လူမျိုးစုံနဲ့ ဆက်ဆံနေ ကြရတာ ဆိုတော့ ကိုယ်က မေတ္တာ ပါပါလေးသာ ပြောဆို ပြုမူပေးရင် သူတစ်ဖက်သားမှာ အဆင်ပြေပြီး စိတ်တွေ ချမ်းသာ သွားတာပါ။ သူတင်လားဆို ကိုယ်လည်း ထပ်တူ စိတ်ချမ်းသာ ရပြန်တာပါ။ ကိုယ်ကျိုးကို ငဲ့ထားရင် စကားပြောတာ ကအစ ပေါ့ပေါ့ပါးပါး မရှိတော့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတော့ စကားပြောတဲ့ အခါတိုင်း “ငါ့အတွက် ”ဆိုတာကြီးက ရင်ထဲမှာ ရှိနေတာ ဆိုတော့ ပြောရတာ မလွတ်လပ် တော့ပါဘူး။

တကယ်တော့ ဒါတွေဟာ ဘာမှ မခက်ပါဘူး။ အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတာ နဲ့ “ငါ ဒီနေ. ဘယ်သူ နဲ့ပဲ တွေ.တွေ. မေတ္တာပါတဲ့ စကားလေးတွေပဲ ပြောပေးမယ်၊ မေတ္တာပါတဲ့ အလုပ်လေးတွေ ပဲလုပ်ပေးမယ်”လို့ စိတ်ထဲက သုံးကြိမ်လောက် အဓိဋ္ဌာန် ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက် ရတာနဲ့ မေတ္တာ ဆိုတာလေးကို ပြေးသတိရ တော့တာပါ။

တစ်လလောက် လေ့ကျင့်ပြီး ကျင့်သုံး ကြည့်လိုက်ရင် နောက်ပိုင်း ဆက်ဆံမူ့ တွေဟာ မေတ္တာ ပါပြီးသား ဖြစ်နေတော့မှာပါ။
တစ်ခုတော့ ရှိပါတယ်။ ပုထုဇဉ် တွေဆိုတော့ ကိုယ့်ရဲ့ စိတ်ဟာ အမြဲတမ်းတော့ ဖြူဖွေး သန့်စင် မနေနိုင် ပါဘူး။ တစ်ခါတစ်လေ အာရုံဆိုး တစ်ခုခုကြောင့် ညစ်ထေးသွား တတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို အခါမျိုး မှာ “ ငါ မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ ၊ငါက မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ” ၊လို့ ဆက်ကာ ဆက်ကာလေး ဆင်ခြင်ပေး လိုက်ရင် ပါရမီ ဓတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။

ပါရမီ အချစ်ရဲ့ သဘောက သူတစ်ပါး အကျိုးကို ငဲ့ပါတယ်။ မိမိ အကျိုးကို လုံးဝ မငဲ့ပါဘူး။ ကိုယ်က အခြေခံ သဘောလေး ကို အာရုံပြုထား နိုင်ရပါမယ်။ ဒီတော့ ပါရမီ အချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်း ဆီမှာကို တာဝန်ရှိပါတယ်။ အားလုံး အားလုံးဟာ ပါရမီ အချစ်တွေနဲ.သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေး နေမှာပါ။ အဲဒီ ငြိမ်းချမ်းမူ. ကို အခြေခံပြီး ၀ိပဿနာ ဘက်ကို ကူးလိုက်ရင် တကယ့် ပန်းတိုင် အစစ်ရဲ့ လမ်းကြောင်းပေါ်ကို တန်းကနဲ ရောက်သွားတော့ မှာပါ။

သတ္တ၀ါ အားလုံး ပါရမီ အချစ်တွေနဲ့ ပဲ ချစ်နေနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မဖြစ်နိုင်သူ တွေကြားထဲမှာ ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ တစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားကြ ရပါမယ်။

ပါရမီ အချစ်နဲ့ မချစ်ဖူးကြ သေးလို့သာ တစ်ခြား အာရုံတွေကို စိတ်ညွတ် နေကြတာပါ။ ပါရမီ အချစ်ကို ချစ်ဖူး ပြီးသွားရင် ကုန်ခဲ့သမျှ အချိန်တွေကိုတောင် ပြန်နောင်တရ နေတော့မှာပါ။

ပုထုဇဉ်ဆိုတော့လည်း ကိလေသာလေး တွေက ရှိနေသေးတာ ဆိုတော့ အမြဲတမ်း ပါရမီ အချစ်နဲ. ချစ်နေနိုင်ဖို. ဆိုတာကတော့ မလွယ်ပါဘူး။ ပါရမီ အချစ်နဲ့ နီးလိုက် ဝေးလိုက်တော့ ဖြစ်နေမှာပါ။ ဒါပေမဲ့ ကိုယ်က အဲဒီ နီးနေတဲ့ သဘောလေး ဝေးနေတဲ့ သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ ပါပဲ။

ဘာပဲပြောပြော တွေ.ကြဆုံကြ အခိုက်လေးမှာ အပြန်အလှန် ကိုယ်စီ ပါရမီ အချစ်ကလေး တွေနဲ့ ချစ်နေဖို့ ပါပဲလေ။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း စက်တင်ဘာ ၂၀၀၇
မြင့်မြတ်သူတဲ့ ရဲ့ အလုပ် စာအုပ်မှ ထုတ်နုတ် ရေးသာ ဓမ္မဒါန ပြုပါသည် ။
Shwe Madnalay.

ဆက်ဖတ်ရန်>>>

Thursday, May 13, 2010

ပူလွန်းတဲ့ နွေပါလား ။





ဒီနှစ် နွေရာသီ ကတော့ မြန်မာပြည်မှာ အရင်နှစ် တွေထက် အပူရှိန်က တော်တော်ကို ပူပြင်းတယ် တဲ့လေ။ အပူရှိန် ဒီဂရီ ၁၀၀ (F) ကနေ လှလှကြီး ကျော်လို. ၁၁၀(F) နား ထိတောင် အနယ်နယ် အရပ်ရပ် တွေမှာ ပူနေတယ်တဲ့။ ဒီနှစ် ဥတုရာသီ ဖောက်ပြန် တာကလည်း အလွန်အမင်း ပါပဲလားနော်။ ခါတိုင်းဆို အညာ ဒေသက လူတွေက ပူတယ်၊ ပူတယ်နဲ့ အရင် အော်နေကြ မဟုတ်လား။

ရန်ကုန်မှာ ရှိနေတဲ့ ကျွန်မ အမေဆီကို ဖုံးဆက် ကြည့်တော့လည်း ရန်ကုန်မှာလည်း ၊ မန္တလေး နည်းတူ ပူလိုက်တာပဲ တဲ့လေ။ ဒီနှစ်ကတော့ မြန်မာပြည်မှာ အပူရှိန် ကလည်း အရမ်း မြင့်ပြီး မုတ်သုန်အ၀င် နောက်ကျနေတဲ့ အတွက်ကြောင့် မြေအောက်ရေ လျော့ပါးပြီး ရေတွင်း၊ ရေကန် တွေမှာ တဖြည်းဖြည်းနဲ့ ရေခန်း ခြောက်လာတယ်တဲ့ ဆိုတဲ့ သတင်းကို ကျွန်မ ဖတ်လိုက်မိတယ် ။ ဒီနှစ်အတွင်း အပူရှိန်မြင့်တက် မှုနှင့် မိုးမရွာသွန်းမှု တို့ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကမ္ဘာလှည့် ခရီးသည် များကို ဆွဲဆောင်နိုင်တဲ့ အင်းလေးကန် မှာတောင် ရေခန်းခြောက်မှု. ဖြစ်ပေါ် နေကြောင်း ကို weekly eleven ဂျာနယ် မှာလည်း ဖော်ပြ ထားတယ်လေ။

ကျွန်မတို့ မန္တလေးတော့ အပူချိန်များတဲ့ နှစ်ဆိုရင် အပူ ဒီဂရီက ၁၀၈ - ၁၀၉ လောက် ထိအောင် ပူပါတယ်။ အဲဒီလို ပူပြီဆိုရင် နေ့ရော ညရော ချွေးတစ်လုံးလုံး ယပ်တစ်ခပ်ခပ်နဲ့ ဟိုနားက ယားလာ သလိုလိုနဲ့ လူလည်း တွန့်လိမ် နေတော့တယ်။ ပူလွန်းတော့ ရေပဲသောက်ပြီး စားလည်း မစားနိုင် အိပ်လည်း မအိပ်နိုင်တော့ ဘူးလေ။ ခုဒီနှစ်တော့ဖြင့် မန္တလေး တွင်မကဘူး မုံရွာစတဲ့ အညာဒေသ တွေမှာ ရော တနိုင်ငံလုံးမှာ အပူရှိန်က တော်တော်လေး ကိုပြင်းတယ် လို့ကြားရတယ်။

ဒီလိုရာသီဥတု မျိုးမှာဆို သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေ ဒုက္ခ ဖြစ်ကုန်ကြရော။ ကလေးတွေ ကျပြန်တော့ သွေးလွန်တုတ်ကွေး နဲ့ ၀မ်းရောဂါတွေ အဖြစ်များ ကြပြန်တယ် ။ ကျွန်မ ငယ်ငယ်ကဆို မိုးကုတ်ကနေ မန္တလေးကို ခုလို နွေရာသီ ကျောင်းပိတ်ရက်မှ လာရတာ ဆိုတော့ မန္တလေးရဲ့ အပူဒဏ်ကို ချက်ချင်း မခံစားနိုင်ဘူး။ အရမ်းပူတော့ မိတ်အိုင်း လိုမျိုး အနာတွေ ထွက်တာ မျက်နှာမှာရော ခေါင်းထဲမှာရော အပူဖုတွေ ပေါက်တာလေ။ မိတ်ဖု အကြီးစားတွေပေါ့ ။ ဒီလိုအချိန် သရက်သီးမှည့် ကလဲ ပေါ်ပြီလေ။ ထမင်းစားလည်း သရက်ကင်း၊ သရက်သီးမှည့် ဆိုတာနေတိုင်းစား၊ ပူတော့ ရေခဲရေသောက် ရေခဲသုတ်စားနဲ့ မျက်နှာ တစ်ခုလုံး အပူဘုတွေ ပေါက်လာ ပါလေရော။ အနာလို့ မပြောရ ဘူး သိပ်နာတာ၊ တလုံးက မှည့်ပြီး သွေးတွေ ပြည်တွေ ထွက်သွားပြီဆို နောက်တစ်လုံး ပြန်ပေါက် လာရော။

ဒီလို သိပ်ပူပြင်းရင် သက်ကြီးရွယ်အိုတွေ သေကြတယ်။ ကလေး တွေသေကြတယ်။ လူလတ်ပိုင်းတွေ ကျတော့ ပူလွန်းတော့ ရေခဏ၊ ခဏ ချိုးတော့ အပူရှပ်ပြီး အဖျားကြီး ပြီး ဆေးရုံတင် ကြရတယ်။ အဖျားက တော်တော်နဲ့ မကျဘူးလေ။ ရေခဲတင် ရတဲ့ အထိ ကိုယ်အပူချိန် တက်ပြီး ဖျားတတ်တာ။

အသက်ကြီးတဲ့ (၈၀ ကျော် ၉၀) အတွင်း အဘိုးကြီး၊ အဖွားကြီးတွေဆို သိပ်ပူလွန်းတော့ အအိပ်ပျက်၊ အစားပျက်နဲ့ ချွေးထွက် ကများတော့ နေရထိုင်ရတာ သက်တောင့် သက်တာ မရှိလှဘူးလေ။ အဲယားကွန်းတွေ ပန်ကာတွေ လေအေးစက်တွေ ဆိုတာ မီးမှန်မှန် မရတော့ မကူညီ နိုင်တော့ဘူးလေ။ မိုးရေတွေ လုံလုံလောက်လောက် မရှိတော့ ရေအားလျှပ်စစ် ကလည်း မထုတ်လုပ် နိုင်ပြန်ဘူးပေါ့။ မီးစက်နဲ့ သုံးပေါ့ ဆိုရအောင်လည်း အင်ဂျင်ဝိုင်တို့ ဓတ်ဆီတို့က ၀ယ်ရပြန် သေးတော့ တစ်နေကုန် ဘယ်သုံး နိုင်ပါ့မလဲ။

မန္တလေးကလူ တစ်ချို့က ဒီလို တစ်အား ပူလာရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့ ဘိုးဖွား မိဘတွေကို မေမြို့ (ပြင်ဦးလွင်) ကို ပို့ထားကြတယ်။ ပြင်ဦးလွင် မေမြို့ ကတော့ မန္တလေးထက် ၁၂ ဒီဂရီလောက် အပူချိန်က လျော့တာကိုး။ ကျွန်မတို့ အဖွား ရှိတုံးက တော့ မေမြို့ အလွန် ပိတ်ချင်းမြှောင် နားက ၀က်ဝံရွာလေးမှာ ခဏ ပို့ထားရတယ်။ အဲဒီမှာ ပိတ်ချင်းမြှေင် ရေတံခွန် နဲ့ ကပ်လျက် မှာပဲ ၀က်ဝံ ဘုန်းကြီးကျောင်း ဆိုတာ ရှိတယ် ၊ အဖွားနဲ့လည်း ဒကာမရင်းတွေ ဖြစ်တော့ နေစရာလေးတော့ အဆင်ပြေ သွားတာပေါ့လေ။ အဲဒီကတော့ မေမြို.ထက်တော့ နည်းနည်း လေး ပိုအေး ပြန်တယ်။ နေလို့ ပိုကောင်းတယ်။

ပြင်ဦးလွင် ကတော့ မန္တလေး နဲ့တစ်ခြားဆီပေါ့ ။ ပေအမြင့် (၃၅၀၀) အထက်မှာ ရှိတဲ့ တောင်ပေါ်မြို့ ဆိုတော့ ဥတုရာသီက အနည်းဆုံး ၁၂ ဒီဂရီလောက် ကွာတယ်။ ခုလိုချိန်ဆို သူလို ကိုယ်လိုပဲ အပူရှောင် ရောက်လာကြတဲ့ ဧည့်သည်တွေက မန္တလေး ကတင် မကဘူး၊ မုံရွာ၊ ရွှေဘို၊ မိတ္တီလာ စတဲ့ မြို့တွေကနေ လာနေကြတာ။ ပြင်ဦးလွင်က ရိပ်သာတွေမှာ ဆိုလည်း လူတွေပြည့်လို့။ တည်းခိုခန်းတွေ၊ ဟော်တယ် တွေမှာလည်း စနေ၊ တနင်္ဂနွေဆို လူတွေပြည့်လို့။ ဒီလို ပူပြင်းတဲ့ ကာလအတွင်း အိမ်ငှား နေလိုသူတွေ ကတော့ လွယ်လွယ် ရှာလို့ ငှားလို့ မရကြဘူးပေါ့။ ဒီလို နေနိုင်တယ် ဆိုတာကလည်း သက်ကြီး ရွယ်အို တစ်ချို့ လူနည်းစု ပါပဲလေ။

နေ့စဉ် ရုန်းကန် လူပ်ရှား သွားလာနေ ရတဲ့ သူတွေ အတွက် ကတော့ ဒီလို ဘယ်နေနိုင်မှာလဲ။ ပူတဲ့ ဒဏ်ကို လူးလိမ့် ခံရုံပဲပေါ့ ။ ပူတာနဲ့ ရေတွေအငွေ့ ပျံပြီး ရေတွင်း ရေကန်တွေ ခန်းခြောက်ကုန် တော့ ရေရှားတဲ့ ဒုက္ခ က ထပ်တိုး လာပြန်တယ် ။ တို့မြန်မာ နိုင်ငံမှာ အခုချိန်ထိ ရေတွင်း ရေကန်၊ မြစ်တွေ၊ ချောင်းတွေ က ရေကို အားကို သုံးစွဲနေတဲ့ ဒေသတွေ လည်း ခုထိ ရှိနေသေးတာကိုး ။

ဒီနှစ် ပူပြင်းခြောက်သွေ. ပုံများတော့ ရေတွင်း ရေကန်တွေတောင် ရေခန်းတဲ့ အတွက် သောက်သုံးရေ ရှားပါးတာတွေ တစ်ချို့ ဒေသတွေ မှာ ရင်ဆိုင် ကြုံတွေ့ နေရသတဲ့။ ဒီလို မိုးခေါင်ပြီး ရေရှားတော့ နွားတွေ ၊ ငါးတွေ ပုဇွန်တွေ စတဲ့ တိရစ္ဆာန်တွေ ဟာ မြစ်ချောင်း အင်းအိုင် တွေက ရေအိုင်တွေ ခမ်းတော့ အစာရေစာ ငတ်ပြတ်လို့ သေကုန်ကြတယ်လို့  ကြားရတယ်။ ဥတုရဲ့ ဖောက်ပြန်မူ့ဟာ လူသာမက တိရစ္ဆာန်တွေ ကိုပါ ဒုက္ခရောက် စေတာပါလားနော်။ လူ.ဘ၀ရဲ့ ဘေးအန္တရာယ် တွေက များပြား လှပါလား လို့တောင် ကျွန်မ တွေးမိတယ်။ ရေဘေးကြောင့် သေရ၊ လေဘေးကြောင့်သေရ၊ နေကြောင့်သေရ၊ ငလျှင်ကြောင့် သေရနဲ့ သေရတဲ့ ဘေးအန္တရာယ် တွေက များလှပါတယ်။ တို.လူသား တွေမှာလည်း တကယ်တမ်း ဘေးအန္တရယ် နဲ့ကြုံတွေ. လာတဲ့အခါ မိမိကိုယ်မှ တစ်ပါး အခြား ကိုးကွယ်စရာ မရှိတာ အမှန် ပါလားနော်။ ဒါကြောင့် မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားရမယ် ဆိုတာလို ကျင့်ကြံ နေထိုင် နိုင်မှ တော်ရုံကျမှာ။

ဥတုရာသီက သိပ်ပူပြီး မီးက မှန်မှန်မရတော့ ဖယောင်းတိုင်တွေ ထွန်းကြရရော။ ဖယောင်းတိုင်က သိပ်ပူတဲ့ အချိန်မှာ ထွန်းတာက တစ်ကြောင်း၊ ဖယောင်းသားက အမာစား မဟုတ်တာက တစ်ကြောင်းကြောင့် မီးထွန်းထားရင် ကွေးကောက် ကျလာတတ်သေးတယ်။ ဒီလိုကွေးငိုက် ကျလာတာကို ထွန်းထားတဲ့ သူကမမြင်ရင် ပူလွန်လွန်းလို့ ကြွပ်ခြောက်နေတဲ့ နေအိမ်မှာ မီးဘေး လွယ်လွယ်နဲ့ သင့်နိုင်တယ် မဟုတ်လား။ ဒါကြောင့် ဖယောင်းတိုင်တွေ ထွန်းကြရင် သတိလေး ရှိစေချင်တယ်။ ကျွန်မတို့ မြန်မာပြည်မှာ ခုချိန်ထိ ဖယောင်းတိုင် ထွန်းပြီး အသုံးပြုနေ ရတဲ့ အိမ်တွေ ရှိနေသေး တုံးပဲ မဟုတ်လား။

ပြီးတော့ ပူတယ်ဆိုပြီး ရေရှိတဲ့ အရပ်က ရေကို ခဏ ခဏ ချိုးကြပြန်တယ် ။ အဲဒီကနေ နာတတ် ဖျားတတ် တဲ့ အန္တရယ်လည်း ရှိသေးတယ်။ ရေတွင်း ရေကန်တွေက ရေခန်းခြောက်တော့ သောက်ရေ ရေရှားပါးတဲ့ ဒုက္ခ ကြောင့် ခန္ဓာကိုယ် အတွင်း ရေဓတ် ခမ်းခြောက်တာနဲ့ သောက်ရေမသန့် တာတွေကြောင့် ၀မ်းပျက် ၊ ၀မ်းရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။

အခုလို ပူနေရင် လူတွေအဖို့ မီးကြောက်ရ၊ ရောဂါကြောက်ရ ၊ သောက်သုံးရေ လုံလုံလောက်လောက် မရနဲ့မို့ မိုးတွေ များများရွာပြီး အပူချိန်တွေ ကျဆင်း စေချင်လှပါပြီ။ ရတနာ သုံးပါးဂုဏ် ကျေးဇူးကြောင့် တပြည်လုံးမှာ အပူရှိန်တွေ လျော့ကျ သွားပါစေ။ နောက်ထပ် အပူရှိန်တွေလည်း ထပ်မတက် လာပါစေ နဲ့တော့။ ဥတုရာသီရဲ့ အနှိပ်အစက်ကို ပေါ့ပေါ့ တန်တန်သာ ခံစား ကြရပါစေ။ ဥတုရဲ့ ဖောက်ပြန်မူ့ဟာ လူသားတွေ ခံရတာ တယ်များ ပါလားနော်။ ကျွန်မတို့ လူသားတွေ တတ်နိုင်သလောက် လူသား အချင်းချင်း ရိုင်းပင်း ကူညီပြီး တရားမျှတမူ့ ရှိအောင် နေကြထိုင်ကြမှ တော်ကာ ကြတော့မယ်။ လူက ဥတုကို ကြည့်ပြီး ကိုယ့်အသက် ရှင်အောင် နေကြ ရတာဆိုတော့ သတိ ၀ရိယ လေးထားပြီး နေထိုင်ကြပါနော် လို့ တိုက်တွန်းပါတယ် ။
ရေးသားသူ- မေစိုး -Shwe Mandalay

မှတ်ချက် - ဒီဆောင်းပါးလေးကို ရေးဖြစ်သွား တာကတော့ ကျွန်မ သူငယ်ချင်း မီးမီး ထံမှ အမိမြေမှာ ရေအလှူ လှူကြရအောင် အီးမေလ် လေးတစ်ဆောင် ရရှိခြင်းကြောင့် ရေးလိုက်မိတာ။ သောက်သုံးရေ အလှူအတွက် အသေးစိတ် အချက် အလက်များကို Lotus Foundation မှ ကိုထင်ကျော် ဖုံး ၉၄၂၄ ၂၉၆၁ သို. ဆက်သွယ် မေးမြန်း နိုင်ပါတယ်ရှင်။

ဆက်ဖတ်ရန်>>>

တရားတော်နာ ဖိတ်ကြားလွှာ ။ သစ္စာပါရမီ ဓမ္မရာဇာရိပ်သာ


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့….

စင်္ကာပူနိုင်ငံ သစ္စာပါရမီ ဓမ္မရာဇာရိပ်သာ ဆရာတော် ဒေါက်တာအရှင်ဇယတိဿ မှ ဝိပဿနာအလုပ်စခန်း နှင့် ဝိပဿနာတရားပွဲများ ဟောကြားချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ကျင်းပမည့်နေရာ။ Informatics Campus, 10 & 12 Science Center Rd, S609080, (Jurong East MRT station အနီး)
ကျင်းပမည့်နေ့ရက် ။ ၁၆-၅-၂၀၁၀ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် ။ ညနေ ၂း၃၀ နာရီ မှ ၆:၀၀ နာရီထိ

ကျင်းပမည့် အစီအစဉ်

ဝိပဿနာတရားနာ………… ၂း၃၀ နာရီ မှ ၄း၀၀ နာရီ
ခေတ္တရပ်နားချိန် …………… ၄း၀၀ နာရီ မှ ၄း၁၅ နာရီ
တရားထိုင်ချိန်……………… ၄း၁၅ နာရီ မှ ၅း၀၀ နာရီ
ရေစက်ချ တရားသိမ်း …… ၅းဝ၀ နာရီ မှ ၆းဝ၀ နာရီ
မှတ်ချက်။ ဧရာဝတီဆိုင်မှ ထမင်းကြော်ဖြင့်ဧည့်ခံပါမည်။

for more information pls contact,
Daw Ni La Aung :96994795
Ko Than Win :91303149
Ko Myat Linn :90275317
Daw Tin Tin Nwe :90082476
Ko Aung Naing :92277491

*******************
with deep respect
http://www.dhammadownload.com

ဆက်ဖတ်ရန်>>>

Tuesday, May 11, 2010

ဒါန ဟူသည် (Mother’s Day Donation အမှတ်တရ)



လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မှာ စင်္ကာပူ နိုင်ငံမှာရှိတဲ့ တိုပါးရိုး (TOA PAYOH) မြန်မာ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ကျွန်မ သူငယ်ချင်းတွေ နဲ့ အတူ Mother’s Day အမှတ်တရ အလှူလေး တစ်ခု ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။ ကျွန်မတို့ အဖွဲ့က မြန်မာပြည် ကတည်းက လုပ်ငန်းခွင်မှာ အတူတူ လုပ်ခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်း တွေများတယ်လေ။ စင်္ကာပူ ရောက်လာတော့ တစ်ယောက်နဲ့ တစ်ယောက်က တွေ့ ဘို. ဆိုတာ မလွယ်ကူ လှဘူးလေ။ အလုပ်တွေကများ စီကာစဉ်ကာ ပူနေရတဲ့ စင်္ကာပူက မြန်မာတွေ အတွက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးပြီးတွေ.ဘို့ ဆိုတာ ဒီလို အလှူအတန်းလေး တွေလုပ်တဲ့ အခါကျမှ တစ်ယောက်နဲ့ တစ်ယောက် တွေ.ကြဆုံကြ ပြောကြ ဆိုကြ ရတယ်လေ။

ဘုန်းကြီးကျောင်း ရောက်တော့လည်း သူငယ်ချင်းတွေ အပြင် ကိုယ့်မြန်မာ အချင်းချင်း တွေ.တော့ သိသည် ဖြစ်ဖြစ် မသိတာပဲ ဖြစ်ဖြစ် လုပ်စရာရှိတာတွေ ဘုန်းကြီးကျောင်းမှာ ကူလုပ်ပေးပြီး စကား လက်ဆုံ ကြရင်လည်း စိတ်က တစ်မျိုး အပန်း ပြေသွားသလို ဝေယျာဝစ္စ ကုသိုလ်လည်း ရတာပေါ့လေ။

သူငယ်ချင်းတွေနဲ့ စုပေါင်း အလှူလေးတွေကို မကြာခဏ ဆိုသလို လုပ်ဖြစ်တော့ ကိုယ့်အတ္တကို ဖယ်ရှားပြီး အများနဲ့ စိတ်တူ၊ ကိုယ်တူနဲ့ ကောင်းမူ့ ကုသိုလ် အလုပ်တွေကို စုပေါင်း ဆောင်ရွက်နိုင်တဲ့ အဖွဲ.လေးတစ်ခု ဖြစ်သွားအောင်လို. ကျွန်မတို့ သူငယ်ချင်း အဖွဲ့ကို ပိတောက်ရွှေဝါ ဆိုပြီး မနှစ်က သင်္ကြန်မှ စတင်ပြီး နာမည် ပေးဖြစ် လိုက်ပါတယ်။

ကျွန်မတို့(9th May-2010) ပိတောက်ရွှေဝါ မိသားစုရဲ့ အလှူတော် ဖြစ်မြောက် အောင်မြင်ရေး အတွက် ဦးဆောင် လမ်းညွှန် ပေးတဲ့ တိုပါးရိုး TOA PAYOH ကျောင်းထိုင် ဆရာတော် ဘုရားကြီး ဦးတိလောက၊ နှင့် သံဃာတော် အရှင် သူမြတ်များ၊ ဝေယျာဝစ္စ ဒါနရှင်များ၊ စီမံချက်ပြုတ် လုပ်အား ဒါနရှင်များ၊ ၀ယ်ယူရေးနှင့် ချက်ပြုတ် ရေးတွင် ဦးဆောင် စီစဉ် ခဲ့ကြတဲ့ ကုသိုလ်ရှင် သူငယ်ချင်းများ၊ လိုအပ်သည် များကို ၀ိုင်းဝန်းကူညီ ပံ့ပိုးပေး ခဲ့ကြတဲ့ တိုပါးရိုး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းမှ တာဝန် ရှိသူများ၊ ငွေကြေး- စေတနာ- လုပ်အား- ဒါန တို့ဖြင့် အင်တိုက် အားတိုက် စိတ်တူ၊ ကိုယ်တူ ပါဝင် ကူညီ ခဲ့ကြသော အလှူရှင် သူငယ်ချင်းများ၊ ကိုယ်တိုင် မလာရောက် နိုင်သော်လည်း အလှူငွေများ ထည့်ဝင်သော အလှူရှင် မိတ်ဆွေ သူငယ်ချင်းများ၊ ကို ပိတောက်ရွှေဝါ မိသားစုက ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။

စင်္ကာပူနိုင်ငံမှာလည်း မြန်မာလူဦးရေ များလာတော့ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးကျောင်းတွေမှာ အပတ်စဉ် သူ့ အဖွဲ. လေးနဲ့ သူ အလှူဒါန ကောင်းမှု. ကုသိုလ် ပြုသူတွေ တော်တော်များ ပါတယ်။ ကျွန်မတို့ မြန်မာ လူမျိုးတွေဟာ ဘယ်တိုင်းပြည်ပဲ ရောက်ရောက် သဒ္ဓါ နဲ့စေတနာ လေးနက်ပုံ ကတော့ အထူးပြော စရာတောင် လိုမယ် မထင်ပါဘူး။ အနည်းဆုံး ဒါနလေးကတော့ ပြုနေကြတာပါပဲ ။

ဒီလို ဒါနတစ်ခု ပြုတယ် ဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေး နိုင်မှသာ ဒီလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်တာလေ။ တကယ်တော့ လှူတယ်ဆိုတာ ကိုယ်ပိုင် ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ စွန့်လှူ ရတာ မဟုတ်လား။ ကိုယ်တိုင် စွန့်လွှတ် ပေးကမ်း ကြည့်မှ နှမြော တွန့်တိုတဲ့ မစ္ဆရိယ စိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူ ဒါနဆိုတာ ဖြစ်ပေါ်လာ တာလေ။ လူတိုင်း လူတိုင်း ကတော့ ကိုယ့်အတိုင်း အတာနဲ့ ကိုယ်တော့ ဒါန လေးတော့ ပြုဘူးကြတဲ့ လူတွေချဉ်း ပါပဲ။ နည်းတာ များတာပဲ ကွာချင်ကွာ ကြမှာပါ။ ဒါန တည်းဟူသော ပေးကမ်း လှူဒါန်းခြင်း ဟာလည်း မြတ်ဗုဒ္ဓ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော် (၁၀)ပါး ထဲက အခြေခံ အကျဆုံး ပါရမီ တစ်ခု ဖြစ်ပါတယ်။ ပါရမီ ဆိုတာကတော့ မြင့်မြတ်သူ ၊အထက် တန်းကျ သူတို့ရဲ့ အလုပ်ကို ပါရမီ လို့ ခေါ်ပါတယ်။ (ငါပါရမီရှိတယ်။ မရှိ ဘူးဆိုတာ မြင့်မြတ်တဲ့ လုပ်ငန်း ၊ အထက် တန်းကျ တဲ့လုပ်ငန်း တွေ ဘယ်လောက် လုပ်ပြီး ပြီလဲဆိုတာကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါတယ်။ ပါရမီရှိတယ် ဆိုလျှင် မြင့်မြတ်တဲ့ လုပ်ငန်း တွေကို လုပ်ပြီး ပြီလို့ ဆိုနိုင်ပါတယ်။)

ဒါပေမဲ့ ဒီဒါန လေးကို ပါရမီမြောက်အောင် ဘယ်လိုပြုမလဲ၊ ဆိုတာ အရေးကြီး ပါတယ်။ ဒါနပြုတဲ့အခါ သုံးမျိုး ရှိပါတယ်။

၁။ ထင်ရှား ကျော်ကြား လိုစိတ် ပကာသနစိတ်နဲ့ ပြုတဲ့ ဒါနရယ်။
၂။ လောကီ အကျိုး စည်းစိမ် ဥစ္စာကို လိုလားတဲ့ စိတ်နဲ့ ပြုတဲ့ ဒါနရယ်။
၃။ အရိယာ တို့ရဲ့ အလေ့ကို မှီပြီး နိဗ္ဗာန်ကို ဦးတည်ပြီး၊ “ဣဒံ မေပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု” သို့မဟုတ် ဣဒံမေ ပုညံ-ဗောဓိဥာဏ် နဿ ပစ္စယော ဟောတု (ဗောဓိဥာဏ် ဆိုတာ သစ္စာလေးပါးကို သိတဲ့ဥာဏ်) ဆိုတာကို ဦးတည်ပြီး ပြုတဲ့ ဒါနရယ်ပါ။

နောက်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ဦးတည်ပြီး (သို့မဟုတ်) ဗောဓိဥာဏ် ကိုဦးတည်ပြီးပြုတဲ့ ဒါနကမှ ပါရမီ မြောက်တဲ့ ဒါနပါ။

ထင်ရှား ကျော်ကြား လိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ကိုယ့်ကို အထင်ကြီးဖို့ ၊ပကာသန စိတ်သက်သက်၊ အပျော်သဘော သက်သက်နဲ့ ပြုတာ ဖြစ်တဲ့ အတွက် လတ်တလော ထင်ရှား ကျော်ကြားမူ့ တော့ ဖြစ်သွားပါရဲ့။ ပါရမီမြောက်တဲ့ ဒါန ဖြစ်ဖို့ ကတော့ ဝေးလာ ဝေးပါ ပဲတဲ့ ။

လောကီ အကျိုးကို တောင့်တပြီး ပြုတဲ့ ဒါန ဆိုတာ ကတော့ ဤကုသိုလ် ကောင်းမူ.ကြောင့် နောက်ဘ၀ ရုပ်လှရပါ လို၏ ၊ ပစ္စည်း ဥစ္စာ ပေါများ ရပါလို၏။ စသဖြင့် လောကီ အကျိုးတွေကို တောင့်တပြီး ပြုတာပါ ။ ဒီဒါနမျိုးဟာ ကုသိုလ်တော့ ဖြစ်ပါတယ်။ တောင့်တတဲ့ အတိုင်း အကျိုး တွေလည်း ရကြပါတယ်။ သို့ သော် နိဗ္ဗာန်ကို ဦးတည် မနေတဲ့ အတွက် ပါရမီတော့ မမြောက် ပါဘူးတဲ့။

ပါရမီ မြောက်အောင်ပြုတဲ့ ဒါနကတော
၁။ နိဗ္ဗာန် ကိုဦးတည် ရမယ်။
၂။ သူတစ်ပါး အကျိုးကို ငဲ့ ရမယ်။
၃။ မိမိအကျိုးကို မငဲ့ ရဘူး ဆိုတဲ့ အချက်(၃)ချက် ကို စိတ်မှာ ညွတ်ပေးလိုက်ပါတဲ့။

ဘုရား အလောင်းတော်ဟာ ကာလတစ်လျှေက်လုံး ဒါန ပြုတိုင်း ပြုတိုင်း သဗ္ဗညုတဥဏ် ကိုပဲ ဦးတည် ပါတယ်။ သူတစ်ပါး အကျိုးကို ငဲ့ပြီး လှူပါတယ်။ မိမိ အကျိုးကို လုံးဝ မငဲ့ပါဘူး။ ဒါကို အတုယူပြိး ကိုယ်က ဘုရားအလောင်း မဟုတ်တော့ သဗ္ဗညုတဥာဏ် နေရာမှာ နိဗ္ဗာန် ကို အစားထိုး လိုက်ရုံပါပဲ။

သူတစ်ပါး အကျိုးကို ငဲ့တယ်ဆိုတာ အလှူခံ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားပြီး မေတ္တာစိတ်၊ ဂရုဏာ စိတ်နဲ့ ပေးလှူတာပါ။

မိမိအကျိုး မငဲ့ဘူး ဆိုတာကတော့ ရုပ်လှဖို့၊ ထင်ရှား ကျော်ကြားဖို.၊ ဥစ္စာပေါဖို.၊ ပညာတတ်ဖို. စတဲ့ အရာတွေကို လုံးဝ ဆု မတောင်းတာပါ။

ဒါပေမဲ့ အံ့သြစရာ ကောင်းတာက ဘုရား အလောင်းဟာ ဒါနပြုတိုင်း ရုပ်လှဖို့၊ ထင်ရှား ကျော်ကြားဖို.၊ ဥစ္စာပေါဖို.၊ ပညာတတ်ဖို. စတဲ့ လောကီ အကျိုးတွေကို ငဲ့ပြီး မလှူခဲ့ ပေမဲ့ ဖြစ်လေရာ ဘ၀တိုင်းမှာ ရုပ်လှတာ၊ ဥစ္စာပေါတာ၊ ပညာတတ်တာ၊ ထင်ရှား ကျော်ကြား တာတွေ ဖြစ်ဖြစ် နေခဲ့ပါတယ်။

ဒါဟာ ဒါနကို ပါရမီမြောက်အောင် ပြုတဲ့ ပါရမီရဲ့ သတ္တိတွေပါပဲ ။ ဒါကြောင့် ဒါနဆိုတဲ့ အခြေခံ အဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန် ရောက်ကြောင်း ၀ိပဿနာ အကျင့် တရားများကို ကျင့်ကြံ နိုင်ကြပါစေလို့ ဆုတောင်းရင်း မိမိတို့ လစဉ် ပြုလုပ် နေကြသော ဒါနကောင်းမှု. အလုပ်ကို သဒ္ဓါ၊ ပညာယှဉ်ပြီး လှူဒါန်းကြဖို့ နိဗ္ဗန် အကျိုး မျှော်၍ ပူဇော် အပ်ပါသည်။

ရေးသားပြုစုသူ- မေစိုး

ကျန်းကိုး - ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရား ကြီး ၏ ပါရမီ ဆယ်ပါး တရားတော်

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) မြင့်မြတ်သူ တို့ရဲ့ အလုပ် စာအုပ် ၊ ဒါန ပါရမီ (ပထမပိုင်း)
မှ ထုတ်နုတ် ရေးသား ထားပါသည်။

ဆက်ဖတ်ရန်>>>

တရားတော်နာ ဖိတ်ကြားလွှာ။(မန္တလေး) မစိုးရိမ်အထူးတရားပွဲ။


ဓမ္မမိတ်ဆွေအပေါင်းတို့……….
တရားနာခြင်းသည် ကြီးမြတ်သော မင်္ဂလာ ချမ်းသာ တစ်ပါး ဖြစ်ပါ သောကြောင့် အပတ်စဉ် တရားပွဲများ ဆင်ယင် ကျင်းပလေ့ရှိသော ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ (Clementi Temple) ကျောင်းတော်မြတ်တွင် ယခုလာမည့် စနေနေ့ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဓမ္မသဘင် ဆင်ယင် ကျင်းပမည် ဖြစ်ပါ သောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင်ရင်းနီးစွာ ဖိတ်ကြားအပ်ပါသည်။

ဓမ္မကထိကဆရာတော်
ဘဒ္ဒန္ဒသောမာစာရ မထေရ်မြတ်(နာယကဆရာတော်)
တရားတော်အမည်
" ဘ၀အလှ ဆင်းမြန်းကြစို့ " တရားဒေသနာတော်
နေ့ရက်
(၁၅.၅.၂၀၁၀) စနေနေ့
အချိန်
ညနေ ၇ ၃၀ မှ ၉ ၀၀ နာရီထိ
နေရာ
ဇယမင်္ဂလာဗုဒ¨¨၀ိဟာရကျောင်းတော် (Clementi Temple)
23A , Jalan Mas Puteh Along West Coast Road Singapore 128628, near Esso Station
Please alight at BLK701, West Coast Road, by bus 285,78,51,143
(တရားပွဲဖြစ်မြောက်ရေးကော်မတီ)
Ph; 6778 1678, 91220887
Pls visit us, http://www.anantametta.org

မှတ်ချက် တရားတော်နာကြွရောက်လာသော ပါရမီရှင်များအား မြန်မာ့ရိုးရာ မုန့်တီဖြင့်ကျွေးမွေးပါမည်။

၁၊ အလှဆင်လို၊ များပုဂ္ဂိုလ်၊ ဘယ်လိုတရား ပွါးမလဲ။
၂၊ မနောလှမှ၊ ရုပ်လည်းလှ၊ ဘ၀လှမည်သာ။
၃၊ စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းလှ၊ ဒို့ဘ၀။

ဆက်ဖတ်ရန်>>>

တရားတော်နာ ဖိတ်ကြားလွှာ။ ဆရာတော် ဒေါက်တာ ဓမ္မဿာမိ


Venerable Dr. K.Dhammasami
ဆရာတော် ဒေါက်တာ ဓမ္မဿာမိ
Chief Abbot Oxford Buddha Vihara (UK) & Oxford Buddha Vihara(Singapore)

Dear All,
You are cordially invited to the Dhamma talks given by our Chief Abbot, Ven.Dr.Khammai Dhammasmi (UK).
The talks will be held on 14 May 2010 & 15 May 2010.
The details of the programme are as follows::
Dhamma talk Session-1
Title: Driving on a Multi-Lane Motorway Journey!
The talk focuses on the Buddhist meditative practice of mindfulness of thought and emotion, Citta-Nupassana.
Date: 14 May 2010 (Friday)
Time: 7:30 pm
Venue:
Buddha Dhamma Mandala Society
567 A Balestier Road, Singapore 329884
Tel: 6352 2859 (BDMS)
6689 3359 (OBVS)



Dhamma talk Session-2
Title: A Psychological Skill ... just around the corner
The talk focuses on the contribution of the Buddhist meditation tradition for everyone’s daily life.
Date: 15 May 2010 (Saturday)
Time: 7:30 pm
Venue:
Uttamayanmuni Buddhist Temple
32-B Hong San Terrace, Singapore 688785
Tel: 67691751 (UBT)
6689 3359 (OBVS)



The above dhamma talk will be transmit live over following websites
http://livedhamma.com/
http://www.ustream.tv/channel/dhamma-live
http://www.apytz.net/


We look forward to seeing you, your family members and friends at the Dhamma talks.
In the Dhamma,
Oxford Buddha Vihara(Singapore)
Tel: (65) 6689 3359
Email: obvsin@gmail.com
****************************************

Venerable Dr. K.Dhammasami
ဆရာတော် ဒေါက်တာ ဓမ္မဿာမိ
Chie Abbot Oxford Buddha Vihara (UK) & Oxford Buddha Vihara(Singapore)
with deep respect,
webmaster
http://www.dhammadownload.com



ဆက်ဖတ်ရန်>>>

Sunday, May 9, 2010

ကမ္ဘာ့ အမေများနေ့ အမှတ်တရ ။ (9th May 2010)


ကမ္ဘာ့ နိုင်ငံ အများစု ကတော့ ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုတဲ့ အနေနဲ့ နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ (Mothers’ Day) လို့ သတ်မှတ်ခဲ့ ကြတယ်လေ။ ကျွန်မတို့ မြန်မာ နိုင်ငံမှာတော့ အမေနေ.ကို ၁၉၉၅-ခုနှစ်၊ ပြာသိုလ် လပြည့်နေ့ မှာ စတင်ပြီး ဒါရိုက်တာ စာရေးဆရာကြီး ဦးသုခ၏ ကြိုးပမ်း အားထုတ် မှု.ကြောင့် ပြာသိုလ် လပြည့်နေ့ကို အမေနေ့ အဖြစ် သတ်မှတ် နိုင်ခဲ့တယ်လေ။ မြန်မာ့ ပြက္ခဒိန်မှာလည်း ပြာသိုလ်လပြည့် အမေ့နေ့ အဖြစ် ကမ္ဗည်းတင် နိုင်ခဲ့တာပေါ့။

တကယ်တော့ အမေဆိုတာ ရင်ထဲအမြဲ ရှိနေသူတွေ အတွက် အမေနေ့ဆိုတာ တခြားနေ့တွေနဲ့ မခြား အတူတူပါပဲလေ။ ဒါပေမယ့် အမေနေ့ဆိုပြီး သတ်မှတ် လိုက်တဲ့အခါ အမေ့ကို တခြား နေ့တွေထက်ပိုပြီး အလေးအနက် အောက်မေ့ သတိရ မိပါတယ်။ ဒီနေ.လေးမှာ ထူးကဲစွာ အမေ့ရဲ့ ဂုဏ်ကျေးဇူးတွေ အအေးမြဆုံး ဖြစ်တဲ့ အမေ့မေတ္တာတွေ ကိုတော့ အောင့်မေ့ တမ်းတ မိကြ မှာပါလေ။ ကျွန်မ ကတော့ မေမေ နဲ့ ဝေးနေရလို့ အမေ့အကြောင်း စာတွေရေးရင် စာဖွဲ့လို့ မကုန်သလို လွမ်းမိပြီး မျက်ရည်ကျ မိမှာမို့ မေမေ့ကို ရင်ထဲကပဲ ဂါရ၀ပြု လိုက်ပါရစေ ။

အမေ့ကိုပဲ သတိရကြောင်း ပြောပြော နေရပေမဲ့ ကျွန်မ အဖေကိုလည်း ချစ်ရ တာပါပဲလေ။ ဟိုတုံးကလည်း အိမ်ထောင် တစ်ခုဟာ အဖေ တစ်ယောက်တည်း စီးပွားရှာရုံနဲ့ လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ တွေ.ဆုံကြတဲ့ အချိန်တွေက အများကြီး ရှိခဲ့တယ်လေ။ ကျွန်မအဖေ ကတော့ ငွေရှာရုံသက်သက် မဟုတ်ပဲ မိသားစု လုံခြုံမူ့၊ မိသားစု ရဲ့ရှေ့မှာ နောက်မှာ ဘေးမှာ မားမားမတ်မတ် ရပ်တည် ပေးခဲ့တဲ့သူပေါ့ ။ အမေကတော့ အိမ်ထောင့် တာဝန်တွေကို လုံခြုံအောင် ထိန်းသိမ်း တတ်တယ်။ စည်းကမ်း သိပ်ရှိတယ်။
ကျွန်မတို့ အရွယ်ရောက်တာနဲ့ နေထိုင်ပြောဆို ပုံတွေကို အမြဲတမ်း ဆုံးမ သင်ကြား ပေးခဲ့တယ်လေ။ မေမေကတော့ သမီးတွေနဲ့ အတူအိပ်၊ အတူစား အတူနေတာ များတာကိုး။ တိုင်ပင်စရာ ရှိလည်း တိုးတိုးဖော် ဆိုသလို အမေကိုပဲ ပြောပြ ခဲ့ရတာလေ။

ကျွန်မတို. ကြီးပြင်း ခဲ့ရတဲ့ ဘ၀က မိခင်နို့ရည်ကို လနဲ့ချီ သောက်သုံးခဲ့ရ လို့လား မပြောတတ်ပါဘူး မိခင်ကို ပိုတွယ်တာ မိကြတာ။ မိခင် နို.ရည်ကြောင့်လည်း မိခင်နဲ့ ကလေး ကြားမှာ ချစ်ခြင်းမေတ္တာ ပိုရစေတာ အမှန်ပဲ မဟုတ်လား။ ဆင်းရဲတာ ချမ်းသာတာ အသာထား၊ နွေးထွေးတဲ့ မေတ္တာကိုတော့ ရခဲ့ကြတယ်လေ။ ကျွန်မ အမေနဲ့ စခွဲတဲ့ နေကတော့ ကျွန်မကို ကျောင်းစထား တဲ့နေ့ပေါ့ (၄)နှစ်ခွဲလောက်မှ စပြီး ကျောင်းစ တက်ရတယ် ။ အဲဒီနေ.က ကျွန်မ အမေ့ထမီကို လက်နဲ့ ဆုတ်ထားပြီး မထားခဲ့ပါနဲ့ မေမေရယ်ဆိုပြီး ငိုလိုက်ရတာ ၊ အမေက ပစ်သွားပြီ ထားသွားပြီလို့ စိတ်ထဲမှာ ထင်နေတာကိုး။ ကျောင်းက ဆရာမကတော့ ချော့မော့ ရှာတယ်လေ။ သို့ပေမဲ့ ကျွန်မက အမေ့ထမီ ကို ဆွဲပြီး ကုတ်သတ် ထားတာ။ မလွတ်ဘူးလေ။ နောက်တော့ အမေက သမီး မေမေက ကျောင်းရှေ.က ခုံမှာ ထိုင်စောင့်နေမှာ ဒီမှာ ခဏလေး နေခဲ့ရမှာ လို့ချော့ပြောပြီး ကျောင်းက ဆရာမ လက်ထဲကို ထည့်လိုက်ပါတယ် ။ ကျွန်မ အမေ့ဘက်ကို ပြန်လှည့် ကြည့်တော့ အမေ့ကျောပြင်ကို ကြည့် ပြီး ၀မ်းနည်းပြီး ပိုငိုတာပေါ့။ အမေကလည်း လှည့်ကြည့် လှည့်ကြည့် နဲ့လေ။ အမေက တော်တော် နဲ့ လှည့်ထွက် မသွားသေးပဲ ကျောင်းရှေ့နားက တံခါးလေးက ခုံတန်းမှာ ၁နာရီလောက် ထိုင်ကြည့် နေတယ်။ နောက် တစ်ပတ်လောက် ကြာတော့မှ အကျင့်သား ရသွားတယ်လေ။ ဒီလိုခံစားချက်မျိုး ကျွန်မ တစ်ယောက် တည်း ခံစားရ တာတော့ မဖြစ်နိုင်ပါဘူး၊ နွေးထွေးမူ. ချစ်ခြင်း မေတ္တာ ဆိုတာ လူတိုင်း ရင်ထဲမှာ လိုအပ်နေတဲ့ အရာလေးပါ။

ခုခေတ်ကတော့ ရှိသမျှအိမ်သားတွေ အလုပ်လုပ်ရတဲ့ အပြင် နိုင်ငံရပ်ခြားမှာ တောင် အလုပ်သွားလုပ် နေရတဲ့ ခေတ်ကြီး ဖြစ်နေ ကြတယ်လေ။ မိုးလင်းက မိုးချုပ် အလုပ် သိပ်များလွန်းလို့ အချိန်မလောက်တော့ မိသားစု အတူနေချိန် တွေ့ဆုံချိန် တွေကလည်း နည်းလာတယ်။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာ မိခင်တွေဟာ ကိုယ်တိုင် ကလည်း စီးပွားရေးနဲ့ အလုပ်ကိုပဲ ဦးစား ပေးကြတာ များတယ်လေ။ လူနေမူ့ စရိတ်စက တွေက သိပ်ကြီးတာကိုး။ တစ်ချို.မိခင်တွေဆို ကလေး မွေးဖွားပြီး ၄၅ ရက်ပြည့်တာနဲ့ အလုပ် ပြန်တက်ကြတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို အချိန်ဆိုရင် မိဘ ဆွေမျိုး ရင်းခြာ တွေက ဘေးမှာ သိုင်းသိုင်း ၀ိုင်းဝိုင်း ရှိနေပေမဲ့ နိုင်ငံခြား မှာတော့ အကြောင်းကြောင်းတွေကြောင့် ရေရှည်နေလို့ မရကြတော့ နောက်ဆုံး လသားလေးပဲ ရှိတဲ့ ကလေးလေးကို Maid လို့ခေါ်တဲ့ အမျိုးသမီး တစ်ဦးကို ပြုစုစောင့်ရှေက်ဖို့ ထားရစ်ခဲ့ ပြီး အလုပ်ထွက်လုပ် ကြတယ်လေ။ အဲဒီ အမျိုးသမီး ကတော့ ကလေး တာဝန်တွေ အကုန် ယူရတာပေါ့။

မိခင်စိတ် မရှိလို.တော့ မဟုတ်ဘူးပေါ့ ၊ အစစ အရာရာ လူ့နေမူ့ စရိတ်တွေက ကြီးတာက တစ်ကြောင်း ၊ လက်ရှိုနေတဲ့ အလုပ်ကို လည်း မစွန့်လွတ်ချင်ဘူးပေါ့ ။ တစ်ချို.ကျတော့လည်း စီးပွားရေး ဆန်ဆန် တွက် ရင်တော့ ကိုယ်ရတဲ့ လစဉ် လစာ နဲ့ အခုလို ကလေး ထိန်းကို ပေးရတာနဲ့ တွက်ရင် တွက်ခြေကိုက်တယ် ဆိုပြီး အလုပ်ဇော တွေပဲ ရှိနေခဲ့တယ်။ ဒါပေမဲ့ ကလေးကိုတော့ မိခင်တို့ ရဲ့မေတ္တာ အတိုင်း ချစ်နေတာပါပဲ ။ သို့သော် ဒီကလေး လေးရဲ့ အင်မတန်နုနယ် နေတဲ့ အရွယ်ကို သူလည်း သူ့အရွယ်နဲ့ သူတော့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ ခံစားချက် ရှိမှာပဲလေ ။ သူမပြော နိုင်လို့သာပေါ့။ မျက်လုံးက ကြည့်တတ်တဲ့ အရွယ်ဆို သူ့မျက်လုံးလေး တွေက ရှာနေမှာပေါ့ ။ သူ့စိတ်ထဲမှာ တစ်ခုခု လိုနေသလို ခံစားရရှာ မှာပေါ့။ သူလိုချင်တဲ့ နွေးထွေးတဲ့ မေတ္တာ ကိုရမှ သူစိတ်က ယဉ်ကျေးသိမ်မွေ့ ပြီး ကြီးလာရင်လည်း စိတ်ထားနူးညံ သိမ်မွေ့ပြီး မေတ္တာထား နိုင်မှာပဲပေါ့။ တစ်ခဏတာ စီးပွားရေး အတွက် အချက်နဲ့တော့ ကလေးနဲ့ မိခင်ကြား မေတ္တာတွေ ဝေးမကွာ စေချင်ပါဘူး။ ကလေးဆိုတာ ဘာအပြစ်မှ မရှိဘူး သိပ်နုနယ်ပါတယ်။ ထိန်းကျောင်းရမှာက မိဘတွေရဲ့ တာဝန်ပဲလေ။ သားသမီးတွေက အသက်လေး နည်းနည်း ရလာလို့ စကားလည်း ပြောတတ်ပြီ သိနားလည် တာနဲ့ ကိုယ့် ကို စိမ်းစိမ်း ကားကား အပြုအမူတွေ၊ အပြောအဆို တွေ လုပ်လာ၊ ပြောလာတဲ့ အခါမှ မျက်ရည် ကျတဲ့မိဘတွေ တွေ့နေရတယ်။ သားသမီး မကောင်း မိဘခေါင်း ဆိုတဲ့ ဆိုရိုးစကား ရှိတယ်လေ။ သူတို့ကို အရင်နားလည် မူ့ပေးမှ သူတို့ကလည်း ကိုယ့်အပေါ် နားလည်မှာပေါ့။ အလုပ်မလုပ် ရဘူးလို့တော့ မဆိုလို ပါဘူးနော်။ မိသားစု ပျော်ရွှင် သာယာရေး အတွက် လုပ်ငန်းတာဝန် ၊ စီးပွားရေး တွေကို အခြေအနေရယ် အချိန်အခါရယ်ကို လိုက်ပြီး အရေးပါမူ့ ၊ မပါမူ့ ဆိုတာတွေကို အချိုးကျအောင် စီမံခန့်ခွဲ နိုင်တာကလည်း မိန်းမ တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

မိခင်ဆိုတာ ကလည်း အမျိုးသမီးတွေ ပဲ ဖြစ်ခွင့်ရတာလေ။ အမျိုးသမီးတွေ နဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ၀န်ဆောင်မူ့ တစ်ခု ကတော့ အမျိုးသမီး တစ်ဦးက သန္ဓေသားကို အငှားကိုယ်ဝန် ဆောင်ပေး သတဲ့။ ဒီလို ၀န်ဆောင် မူ့မျိုးကို သတ္တိနဲ့ ဆောင်ရွက် ပေးတဲ့ အမျိုးသမီးကိုတော့ ချီးမွမ်း ဂုဏ်ယူ မိသားနော်။ ၀န်ဆောင်ခ အခကြေးငွေ ရရှိမှာ မှန်ပေမဲ့ ကျွန်မတို့ မိန်းမတွေ ဘ၀ပြသနာ ဖြေရှင်းကြရပုံ အမျိုးမျိုး ရှိတဲ့အပြင် မလွယ်လှတဲ့ ဘ၀တိုက်ပွဲတွေ ပါလား လို့တောင် စဉ်းစားမိတယ်။

ကျွန်မ ကိုယ်တွေ. တစ်ခု ပြောပြရဦးမယ်။ ကျွန်မ အိမ်ဘေးက အသိတစ်ယောက် (အမျိုးသား တစ်ဦးက)က အိမ်ထောင် ကျပြီး သိပ်မကြာဘူး မိန်းမက နှလုံးရောဂါ ရှိလို့ ကလေးတစ်ယောက် မွေးပြီး ကွယ်လွန် သွားရှာတယ်။ သိပ်မကြာချင်ဘူး အဲဒီ မုဆိုးဖိုက နောက်အိမ်ထောင် ထပ်ပြုတယ်။ သူပြုတဲ့ မိန်းကလေးက သူ့အိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော် မိန်းကလေး၊ အဲဒီလူက သူ့မိဘ ဆီကရတဲ့ အတွင်း ပစ္စည်းလေး နည်းနည်း ပါးပါး ရှိပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် ဘာအလုပ်မှ မယ်မယ်ရရ စီးပွားမရှာ ခဲ့ဘူးလေ။ အလုပ်သာ မလုပ်တာ အဲဒီ အမျိုးသမီးလေးနဲ့ မွေးလိုက်တာ၊ ကလေးတွေက ဟောတစ်ယောက် ၊ ဟောတစ်ယောက်နဲ့။ သူကိုတောင် ရပ်ကွက်ထဲက လူတွေက ရှင်မွေးလွန်းဆို တောင် နာမည်ပြောင် ပေးထားကြတယ်။ သူတို့အတူ နှစ်ပေါင်း နှစ်ဆယ်လောက် ပေါင်းသင်း ခဲ့ကြပြီးတော့ ယောကျာ်း ဖြစ်သူ သေသွား တယ်လေ။ အဲဒီ ကာလ အတွင်း မှာ ကလေး (၁၄) ယောက်မွေး သတဲ့။ ဒါတောင် (၃) ယောက်က ငယ်ငယ်နဲ့ သေသွားလို့ တဲ့လေ။ သူသေတော့ အဲဒီအမျိုးသမီး မှာ ကလေး (၁၁) ယောက် ကျန်ရစ်ရှာတယ်။အဲဒီ ကလေး (၁၁) ယောက်ကို လူလားမြောက် အောင် ကျွေး မွေး သုတ်သင်တယ်။ ကျောင်းထားလို့ ရတဲ့ ကလေးကို ကျောင်းထားပြီး ပညာသင် ပေးတာ (ရ) ယောက်တောင် ဘွဲ့ရ ပညာတတ်တွေ ဖြစ်သွားသတဲ့။ အဲဒီ အမျိုးသမီးဟာ တစ်သက်လုံး ကိုယ်ဝန်ဆောင်ရ ၊မွေးရ၊ မွေးပြီး ကျွေးမွေး သုတ်သင် ရင်းနဲ့ သူ့ဘ၀မှာ အသက်ရူဖို့တောင် အချိန်ရ နိုင်စရာ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အံ့သြစရာ ကောင်းတာက အဲဒီ အမျိုးသမီးဟာ ကလေး(၁၁) ယောက်ကို ကျွေးမွေး သုတ်သင် နိုင်ရုံသာမက အားလုံးစားရ သောက်ရအောင် တစ်သက်လုံး မုန့်ဟင်းခါး ရောင်းလိုက်၊ အသုတ်စုံ ရောင်းလိုက်၊ ခေါက်ဆွဲကြော်သည် ဖြစ်လိုက် ၊ကျောင်းဈေးသည် လုပ်လိုက်နဲ့ သူတို့ လင်မယားရော ဒီကလေး (၁၁) ယောက်လုံး စားဖို့ သူပဲ နေ့တိုင်း ရှာဖွေတာပါ။

သူနာမည်က မညွန့်မေတဲ့။ ကျွန်မ အမေကလေ အဲဒီ မညွန့်မေ ဘ၀ကို ကြည့်ပြီး ၊ မညွန့်မေနဲ့ တွေ.တဲ့အခါဆို ချီးကျုး လိုက်တာ၊ မြန်မာမ ပီသပါပေတယ် ၊ ညည်းမို့လို့ ဒီလောက် စွမ်းဆောင် နိုင်တာပါ ။ ငါညည်းကို တကယ် တန်ဖိုးထား မိပါတယ်အေ လို့တောင် ကျွန်မ အမေ ကပြောဆိုမိ တတ်သေးတယ်။

သူသားသမီး (၁၁) ယောက်ကို ဦးပဲ့ထမ်းသူ မရှိဘဲနဲ့ သူတစ်ယောက်တည်း မညီးမညူ မွေးကျွေး သုတ်သင်ပြီး လူဖြစ်အောင် ဆောင်ကျဉ်းခဲ့ တယ်ဆိုတဲ့ သူ့ဘ၀ ၊ သူ့ဒုက္ခ၊ သူ့သတ္တိကို ဘယ်မိန်းမက မလေးစားပဲ နေပါ့မလဲ။

ကျွန်မ ပြောချင်တာကတော့ တို့မိန်းမတွေမို့ ဒီလိုစွမ်းနိုင်တာပေါ့ ။ တကယ်တော့ သူသာလားဆိုတော့ သူလိုမိန်း မတွေ အများကြီး မြန်မာပြည်မှာ ရှိနေပါတယ်။

ဒါကြောင့် မိန်းမဟာ မိခင်လောင်းပါ၊ မိခင်ရဲ့ အားမာန်ကို လူ့လောက ကတိုင်းတာလို့ မရစကောင်းပါဘူး။ ဖိနှိပ်ထား လို့လဲ မရနိုင် ပါဘူး။ လူ့လောက သာယာရေး အတွက် တို့မိန်းကလေး တွေရဲ့ စေတနာ မေတ္တာတွေက အများကြီး ဖန်တီးနိုင်ပါ တယ်လို့။ မိန်းမမှာ မိခင်စိတ်က ကြီးမားတော့ မကုန်ခမ်း နိုင်တဲ့ အားမန် တွေရှိတယ်။

တကယ်တော့  အမေဆိုတာ သားတို့ သမီးတို့ရဲ့ နှလုံးသားတွေကို နူးညံ့ စေခဲ့ပါတယ်၊ အမေရဲ့ နို့ချိုတွေက သားတို့ သမီးတို့ရဲ့ အသက်ကို ကြာရှည်အောင် အသက်ဆက် နိုင်ခဲ့တယ်၊ တကယ်တော့- အမေဟာ ဘယ်အရာနဲ့မှ အစားထိုး မရနိုင်တဲ့ သူပါ၊

မိဘတိုင်း ကိုယ့်သားသမီးများကို ကောင်းမွန်တဲ့ စိတ်ဓတ်နဲ့ အသိတရားတွေ ပြည့်ဝလာအောင် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ မျိုးဆက်သစ်လေး များဖြစ်အောင် ပြုစု ပျိုးထောင် နိုင်ပါစေ လို့လည်း ဆန္ဒပြုပါတယ်။
ရေးသားသူ - မေစိုး Shwe Mandalay.

ဆက်ဖတ်ရန်>>>

Thursday, May 6, 2010

လှချင်သော မြန်မာ အမျိုးသမီးလေး များသို့ ။


ကျွန်မတို့ မိန်းကလေး တွေဟာ လှလှပပဆို သိပ်ပြီး မြတ်နိုး နှစ်သက် ကြတာ သဘာဝပဲ မဟုတ်လား။ အဲဒီအတွက် အ၀တ်အစားကို လှအောင် ဖန်တီးတယ်။ နေအိမ်ကို လှအောင် ဖန်တီးတယ်။ အသုံးအဆောင် တွေကို လှအောင် ဖန်တီး ကြတယ်လေ။ ခုခေတ်ကလည်း လှသထက် လှအောင် နေကြတဲ့ ခေတ်ကြီး ဖြစ်နေတော့ လှစရာ၊ လှအောင်လုပ် စရာတွေ ကလည်း များလိုက်တာ အဲဒီအတွက် ကုန်လိုက်တဲ့ ပိုက်ဆံ ။

ကျွန်မတို့ မိန်းကလေး တွေက အရွယ်ရောက်လာလို့ အပျိုပေါက် ရောက်လာပြီဆို အရွယ်က စကားပြော လာပြီး လှချင် ပချင် လာကြတယ်လေ။ အဲဒါ ဓမ္မဒါပေါ့။ အဲလို လှချင်ပချင် လာတဲ့အခါ သူ့ခေတ်နဲ့ သူ့အခါ ခေတ်ရေစီးကြောင်း အတိုင်း ခေတ်မှီမှီ နဲ့ လှဘို့ ပဘို့ ကြိုးစား ကြတော့ တာပဲလေ။ ကျွန်မလည်း မိန်းကလေး တစ်ယောက်မို့ အရွယ်ရောက်တော့ လှချင် တာပဲလေ။ လှမယ်ဆိုရင် ဘာမဆို သိပ်လုပ် ချင်တာပေါ့။

ဒါကြောင့်လည်း ကျောင်းတွေမှာ ဂုဏ်တု ဂုဏ်ပြိုင်တွေ၊ ပကာသနတွေ မရှိအောင် အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊တူညီဝတ်စုံ အနေနဲ့ ငါးတန်းက စပြီးတော့ ရင်ဖုံး ရင်စိ အင်္ကျီအဖြူနဲ့ ကျောင်းစိမ်း ထဘီကို စ၀တ်ရပြီလေ။ ကျွန်မတို့ မြန်မာ အမျိုးသမီးလေး တွေရဲ့ အမျိုးသား ၀တ်စုံ ဆိုတာ အောက်အထစ်ဆုံး ထဘီတော့ ၀တ်စုံ အဖြစ် သတ်မှတ်ရဦး မှာပေါ့လေ။ ကုလားမတွေ ကို ကြည့်လိုက်ရင် ဆာရီက သူတို့ရဲ့ အမျိုးသား ၀တ်စုံပဲလေ။

အလှဆိုတဲ့ သတ်မှတ်ချက် မတည်ငြိမ် လိုက်ပုံများ အပြောင်းအလဲတွေ ကလည်း မြန်ဆန် လိုက်တာနော်။

ခုခေတ်မှာတော့ မိန်းကလေး တွေက ဟိုးအရင်က ၀တ်စားဆင်ယင်မူ့လို ထမီ လုံလုံခြုံခြုံ မဟုတ်ပေမဲ့ ထမီရောင် ဆောင်ထားတဲ့ ဒူးအောက်ရောက်တဲ့ စကတ်မျိုး တွေရယ်၊ တစ်ချို့က နောက်တဲ့တဲ့ ခွဲထားတဲ့ စကတ်တွေ ၀တ်လာ ခဲ့ကြတယ်လေ။ ဘေးခွဲ နောက်ခွဲ စတဲ့ စကပ်ရှည်ရှည်တွေ ကတော့ မြန်မာ အမျိုးသမီး တိုင်းလိုလို ၀တ်လာကြပါတယ်။ သို့ပေမဲ့ တစ်ချို့ မြန်မာ အမျိုးသမီးလေး တွေဝတ်တဲ့ စကတ်က ပေါင်လောက်ထိ တိုတဲ့ စကတ်မျိုးတွေ တောင် မြန်မာပြည်မှာ ၀တ်နေကြပြီ တဲ့လေ။

ကျွန်မ ကတော့ မြန်မာ မိန်းကလေး တွေအတွက် ထမီနဲ့ စကတ် ကွာခြားမူ့ လေး ကိုတော့ နည်းနည်း ပြောချင်ပါတယ်။
ထမီက ၀တ်ရင်း ထိုင်ရင်း ၊ တစ်ခုခု စွန်းပေသွားလို့ ရှိရင် အဲဒီအစွန်း အပေကို လွယ်လွယ် လှည့်လို့ရတယ်။ ဖုံးကွယ် လို့ရတာပေါ့။ စကတ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာ ပေပေ အဲဒီ အပေကို လှည့်လို့ မရဘူးလေ။ ဒါကြောင့် ဖုံးကွယ်လို့ မရဘူးပေါ့။

မြန်မာ မိန်းကလေးတွေ ဘောင်းဘီ ၀တ်တယ် ဆိုတာကလည်း ပေါ့ပေါ့ ပါးပါး သွက်သွက် လက်လက်နဲ့ သွားနိုင်အောင် ထိုင်ထ ကောင်းတဲ့ ဘောင်းဘီမျိုး လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ် ကာလ ဒေသနဲ့ အညီ ၀တ်စားထားတာ ကတော့ သဘောကျ ကြိုက်နှစ်သက် စရာပါ ။ သို့ပေမဲ့ တစ်ချို့ မြန်မာ မိန်းကလေးတွေ ၀တ်တဲ့ ဘောင်းဘီ မျိုးကိုတော့ အရမ်း အံသြမိတယ်။ ချက်ပေါ်အောင် ဘောင်းဘီကို
ဝတ်ထား ပြန်တယ်။ ပြီးတော့ အပေါ် အင်္ကျီက တိုနံ့ နံ့ နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွလိုက်ရင် အမျိုးသမီး အောက်ခံ ဘာအရောင် ၀တ် တယ်ဆို တာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော် တာတွေ တောင် တွေ့နေကြ ရတယ်လေ။ တစ်ချို့ ကျတော့လည်း အပေါ်ပိုင်း ကျပြန်တော့ ရင်ညွန့် အထက် ဘာမှမရှိဘူး။ ဟိုးတုံးက ကျွန်မ တို့ မြန်မာ အမျိုးသမီးလေး တွေက ရင်လျား ကြီးနဲ့ လူဘုံလည် မထွက်ရဲ ကြပါဘူး။ ခုတော့ ရင်လျား အတိုင်း အပေါ်ပိုင်း ဗလာနဲ့ လူမြင်ကွင်းမှာ သွားလာ နေကြတာတွေတောင် ရှိနေပြီတဲ့လေ။

ကျွန်မတို့ မြန်မာ့ဓလေ့ ထုံးစံက မိန်းကလေးတွေ ၀တ်တဲ့ အ၀တ်အစားက လျှပ်ပေါ်တယ်၊ လော်လီတယ် ဆိုတာမျိုး မဖြစ်စေ ရဘူးလေ။ အခုတော့ တမင်ပဲ လျှပ်ပေါ် လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေတဲ့ ခေတ်များဖြစ် နေပြီလားနော် ။ ကျွန်မတို့ မြန်မာ အမျိုး သမီးတွေမှာ ဖုံးကွယ်အပ်တဲ့ အရာဆိုတာ ရှိတယ်။ တစ်ချို့ မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တစ်ရာ ဖော်လှစ် ပြသ ချင်နေကြတယ်။ ဒါဟာ ခေတ်မှီတာလား ခေတ်ဆန် လာတာလား လို့တောင် မသိတော့ပါဘူး။ ကျွန်မတို့ မြန်မာ တွေရဲ့ ၀တ်စား ဆင်ယင်မှု. အနေနဲ့ လက်ခံထားတာ ကတော့ ချက်ဆိုတာ မိန်းမ တစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့ အရာ မဟုတ်ဘူးလေ ။ လုံလုံခြုံခြုံ ဖုံးကွယ်ထား ရမဲ့ အရာမျိုး မဟုတ်လား ။ အခုခေတ် တစ်ချို့ အမျိုးသမီးလေး တွေက ဒီချက် ကြီးကို ဖော်ရုံ လှစ်ရုံ သာမက ရွှေငွေ ရတနာ များ ဆင်ယင် လိုက်သေး သတဲ့လေ။ အဲဒီတော့ ကျွန်မရဲ့ အသက် အရွယ်ကိုပဲ အပြစ်တင် ရမလား။ ကျွန်မ ခေတ်မမှီ တာကို ဘဲ အပြစ်တင် ရမလား မပြော တတ်တော့ ပါဘူးလေ။

ခုခေတ်ကြီး ကလည်း မီဒီယာတွေက တိုးတက် ကောင်းမွန် လွန်းတော့ ကမ္ဘာကြီးဟာ ရှေးကလို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလှမ်းဝေး မနေတော့ပဲ အင်မတန် နီးစပ်မူ့ ရှိလာတယ်လေ။ Internet ခေတ်ကြီး ဖြစ်တဲ့ အပြင် အိပ်ဆောင် ကင်မရာတွေ ၊ လက်ကိုင် ဖုံးတွေ၊ MP4 အမ်ပီဖိုး တွေမှာ ကင်မရာတွေ အသုံးပြုလို့ ရနိုင်တဲ့ ခေတ်ကြီးလေ။ ကိုယ်က စတိုင် လုပ်လို့ပဲ ဖြစ်ဖြစ်၊ ပေါ်ပြူလာ ဖြစ်ချင်လို့ ပဲဖြစ်ဖြစ် မလုံတစ်လုံ ဟော့ဟော့ ရမ်းရမ်း ၀တ်စားလာပြီဆို ကင်မရာတွေ ထဲက တစ်လုံး မဟုတ် တစ်လုံးမှာ မှတ်တမ်းတင် ပုံရိပ် တွေ မှတ်တမ်း အဖြစ် ရိုက်ယူပြီး ကျန်ရစ်ခဲ့ နိုင်တယ်လေ ။ ပြီးတော့ အဲဒီပုံတွေသာ အီးမေလ် နဲ့ အင်တာနက်ထဲ ရောက်သွားလို့ ကတော့ နာရီပိုင်းနဲ့ ကမ္ဘာပတ်ပြီး နိုင်ငံ အနှံရောက် သွားတတ် တယ်လေ။ ဒါကြောင့် ကျွန်မက အမျိုးသမီးလေး တွေအတွက် စိတ်ပူမိလို့ပါ။

ကျွန်မတို့ အမျိုး သမီးတွေကတော့ လှသထက် လှအောင် နေ့တိုင်း နေ့တိုင်း အပြအသ တွေနဲ့ တစ်ဝက် တစ်ပျက်ဖော်၊ တစ်ဝက် တစ်ပျက် လှစ်ပြီးတော့ ကျားဆိုတဲ့ (အမျိုးသား) တွေကို ဆွဲဆောင်နိုင်ဘို့ အတွက် တစ်သက်လုံး ကြိုး ပမ်းအား ထုတ်နေရ တော့မှာလား။ မိန်းမဘ၀ရဲ့ အဆုံးစွန်သော အားထုတ် လုပ်ဆောင်ချက်က ယောကျာ်း တွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ အဖိုး တန်တဲ့ အလုပ် မလုပ် နိုင်တော့ဘူးလား လို့တောင် ကျွန်မ တွေးမိပါတယ်။

ကျွန်မတို.က မိန်းမဆိုတာ လူ.ဂုဏ်သိက္ခာ အပြည့်ရှိတဲ့ လူသား၊ လူ.လောကကို ယောကျာ်းတွေနဲ့ တန်းတူရည်တူ တည်ဆောက် နေရတဲ့ လူသား၊ လူ.လောကကို သာယာ ၀ပြောရေးအတွက် အားလုံးနဲ့ အတူတူ၊ တာဝန်ရှိတဲ့ လူသား ဖြစ်စေချင် တာပါ။ ဘယ်သူက ဘယ်သူထက် မှလည်းမနိမ်. ကျစေချင်ဘူး။

တကယ်တော့ မိန်းကလေး ဆိုတာ ခန္ဓာကိုယ် အပြင် ဦးနှောက်နဲ့ နှလုံးသား ရှိသေးတယ်လေ။ မိန်းကလေးပီပီ လှချင်၊ ပချင် ပေါ်လွင် ထင်ရှားချင် တာတော့ အမှန်ပါ။ သို့သော် မွေးရာပါ တာဝန်ကို မသိတတ် ရလောက်အောင် အလှရဲ့ ပေါ်လွင် ထင်ရှားမှု့နောက် ကောက်ကောက် ပါအောင် လိုက်ရင်း အရေပြားပေါ်က ထိုအလှ ဘယ်နှစ်နှစ် ခံနိုင်မည်နည်း။ ဘယ်နှစ်နှစ်စာ သေသေချာချာ အသုံးကျ မည်နည်း။

ကျမ အမေပြောသော လောကတွင် အရေးကြီးသော မိန်းကလေးတို.၏ အလှစစ်သည် ယနေ့တိုင် ခေတ်မီဆဲသော အတွေး အခေါ်ဟု လက်ခံမိ ပါတယ်။ ယင်းမှာ၊ စိတ်ကောင်းရှိဖို့က ပထမ၊ စည်းကမ်း ရှိဖို့ကဒုတိယ၊ ကျန်းမာ ဖို့က တတိယ၊ ပါပဲ။ မိန်းမတို့ရဲ့ အရည်အသွေး ဖြစ်တဲ့ ကြင်နာမူ့၊ သနားမူ့၊ အနစ်နာခံမူ့၊ သူတစ်ပါး တို့အတွက် အကျိုးဆောင်မူ့ စွန့်လွတ်မူ့ ဆိုတဲ့ စိတ်ထားလှလှ လေးတွေကို လုပ်ဆောင် ကြရမှာလေ။ ထိုစိတ်ထားအလှ၊ လုပ်ရပ် အလှနဲ့ သမိုင်းအလှ များဟာ အရေပြားပေါ်က၊ ခန္ဓာကိုယ် ပေါ်က အလှထက် ကြာရှည် ခံရုံ သာမက သေသည့် တိုင်အောင် သမိုင်း အလှက ထင်ကျန် နေမည်မဟုတ်ပါလား။

ထိုကြောင့် မြန်မာမိန်းကလေးတွေ အားလုံး ထက်မြက်ရဲရင့်ပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူရင်း ၊နိုင်ငံခြား (ရပ်ဝေးမှာ) မှာရှိတဲ့ မြန်မာ အမျိုးသမီးလေး တွေပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာ အမျိုးသမီးလေးတွေပဲ ဖြစ်ဖြစ် ၊ ဘယ်နိုင်ငံ မှာပဲနေနေ၊ ဘယ်အလုပ် မျိုးကိုပဲ လုပ်လုပ် ၊ မြန်မာဆိုတဲ့ အမျိုးဂုဏ်တင့်အောင် မြှင့်နိုင်တဲ့ မိန်းကလေးတွေ ဖြစ်အောင် ကြိုးစားကြ ပါ လို့  ချစ်ခင်စွာ တိုက်တွန်း လိုက်ပါတယ်။
လူ ဘုံ လည် မှာ မြန်မာ ပဲ လို. ရဲရဲ ခေါင်းဖော် နိုင်ပါစေ။
ရေးသားပြုစုသူ - မေစိုး
(Shwe Mandalay)

ဆက်ဖတ်ရန်>>>

တရားတော်နာ ဖိတ်ကြားလွှာ ။


ဓမ္မမိတ်ဆွေ အပေါင်းတို့……….
တရားနာ ခြင်းသည် ကြီးမြတ်သော မင်္ဂလာ ချမ်းသာ တစ်ပါး ဖြစ်ပါ သောကြောင့် အပတ်စဉ် တရားပွဲများ ဆင်ယင် ကျင်းပလေ့ ရှိသော ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ (Clementi Temple) ကျောင်းတော် မြတ်တွင် ယခု လာမည့် စနေနေ့ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဓမ္မသဘင် ဆင်ယင်ကျင်းပမည် ဖြစ်ပါ သောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင် ရင်းနှီးစွာ ဖိတ်ကြား အပ်ပါသည်။

ဓမ္မကထိကဆရာတော်


ရန်ကုန်မြို့အောင်မြေ ရတနာ ပရိယတ္တိ စာသင်တိုက်မှ


ဘဒ္ဒန္ဒ သိရိန္ဒ မထေရ်မြတ်(ဓမ္မစရိယ စာချ ဆရာတော်)


တရားတော်အမည်


ပုဂ္ဂလ သုတ္တန် ဒေသနာတော်

နေ့ရက်


(၈.၅.၂၀၁၀) စနေနေ့

အချိန်


ညနေ ၇နာရီ ၃၀ မှ ၉ ၀၀ နာရီထိ

နေရာ

ဇယ မင်္ဂလာ ဗုဒ္ဓ ၀ိဟာရ ကျောင်းတော် (Clementi Temple)
23A , Jalan Mas Puteh Along West Coast Road Singapore 128628,
Near Esso Station

(တရားပွဲ ဖြစ်မြောက်ရေး ကော်မတီ)
Ph; 6778 1678, 91220887
www.anantametta.org

မှတ်ချက်။ ။တရားတော်နာ ကြွရောက် လာသော ပါရမီရှင် များအား မြန်မာ့ရိုးရာ မုန့်တီဖြင့် ကျွေးမွေးပါမည်။

ဆက်ဖတ်ရန်>>>

Wednesday, May 5, 2010

ပူသည့်မျက်နှာ မှ အေးသည့် မျက်နှာသို့။(ရဝေနွယ် - အင်းမ)

မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။

တစ်ချို့ ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကို တောင် ပူချင်ပူ သွားတာပါ။

အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။
စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်း တွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့ မရပါဘူး။ အကုသိုလ် သိပ်များနေတဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ် သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသားဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓတ်က သိသာ ပေါ် လွင်နေတာပါ။

အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။
တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။

စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါ ပါသလဲ ?
စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ပါ။ ပူတဲ့ မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သပ်နဲ့ မတွေ့ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေ ဖြစ်တတ်လွန်းလို့ပါ။ အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့ ပဲဆက်ဆံဆက်ဆံ အစစ အရာရာ အဆင်ပြေ နေတတ်ပါတယ်။

အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။ တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှ အားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာ ရှိချင်တဲ့သူ ဖြစ်ဖို့ပဲလိုပါတယ်။

အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမဋ္ဌန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမဋ္ဌန်းဆို မလုပ်ဖြစ်မှာ ဆိုးလို့ပါ။

ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက် ရင်းလည်း ပွားလို့ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့လည်း ပွားလို့ရနေတာပါပဲ။
တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။

မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မူ့တွေ လျော့ သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓတ်တွေပါ လျော့လျော့သွားတာပါ။ ပွားရင်း၊ပွား ရင်းနဲ့ မျက်နှာမှာ အအေးဓတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေ နပ်နပ်နဲ့ တွေ့ရတော့မှာပါ။

ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့ အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့ ပွားနေဖို့ ပါပဲ။ အအေးဓတ် မျက်နှာ ရသွားပြီဆိုရင် နေရထိုင်ရတာကစ ပေါ့ပေါ့ ပါးပါးကို ရှိသွားတော့ တာပါ။

လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘော အရ ဆက်ဆံရဦးတော့ မဆက်ဆံချင်ကြပါဘူး။ ကိုယ်က ဒီ အကျိုးအပစ် လေးတွေကို အာရုံပြုပြီး အေးတဲ့ မျက်နှာ ဖြစ်အောင် အသိနဲ့ ပြုပြင်ယူရမှာပါ။ ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဘို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။ ကိုယ့် မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။

ကိုယ်က အေးတဲ့ မျက်နှာရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်း နင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။

ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမဋ္ဌန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံး ဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်က သိလိုက်ဖို့ပါပဲ။

အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့ သေရင် ကိုယ့်နောက် ပါမှကျနေတာပဲ။
မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥဏ်ဓတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥဏ် ပွင့်ပြီး နောက်ဘ၀ နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရ ဦးမှာပါ။

နောက်ဘ၀ နောက်ဘ၀ တွေမှာ တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။

နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့ အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။
ရဝေနွယ် ။ အင်းမ ။
မြင့်မြတ်သူ တို့ ရဲ့ အလုပ် ရဝေနွယ် (အင်းမ) ဓမ္မ အမြုတေ စာစဉ် ၁၀ စာအုပ်၊ စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ် နုတ် ကူးယူ ပူဇော်ပါသည်။


ဆက်ဖတ်ရန်>>>

Tuesday, May 4, 2010

ပိတောက်ရွှေဝါ အဖွဲ့ ၏ အမေနေ့ (Mothers’ Day Donation ) ဆွမ်းကပ် မင်္ဂလာ ဖိတ်ကြားလွှာ ။


ကျွန်တော် /ကျွန်မ တို့ “ ပိတောက်ရွှေဝါ " မိသားစု မှ ၀၉ - ၅ - ၂၀၁၀ (Mothers’ Day ) နေ့တွင် စင်္ကာပူနိုင်ငံ ၊ တိုပါးရိုး ၊ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် သံဃာတော် အရှင်မြတ် များအား နေ့ဆွမ်း နှင့်-န၀ကမ္မ ၀တ္ထုငွေ များ ဆက်ကပ် လှူဒါန်းပြီး၊ လှူဒါန်းမှု့ အစုစု တို့အတွက် ရေစက် သွန်းချ အမျှပေးဝေ မည်ဖြစ်ပါ၍ မိတ်ဆွေ သူငယ်ချင်း အလှူရှင်များ အားလုံးနှင့် ဧည့်ပရိတ်သတ် အပေါင်းအား အောက်ပါ အစီအစဉ် အတိုင်း ကြွရောက်ကြ ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည် ခင်ဗျား/ ရှင် ။

နေ့ရက် - ၀၉ - ၀၅ - ၂၀၁၀ (9 th May 2010 –Sunday)

နေ့ဆွမ်း - နံနက် (၁၀ နာရီခွဲ မှ ၁၁ နာရီ )

န၀ကမ္မ - နံနက် (၁၁ နာရီ )

နေ့လည်စာ ဧည့်ခံကျွေးမွေးမူ့ အစီအစဉ် - ၁၁ နာရီ ခွဲ မှ ၁နာရီခွဲ
ရေစက်ချ တရားနာ - နေ့လည် ၁နာရီခွဲ

နေရာ - တိုပါးရိုး၊ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်း ( Toa Payoh Burmese Buddhist Temple )

လိပ်စာ - Toa Payoh Burmese Buddhist Temple
14, Tai Gin Road Singapore 327873

MRT from Toa Payoh MRT
Bus 139 , 145 from Toa Payoh Bus Interchange.

ပိတောက်ရွှေဝါ မိသားစု

ဆက်ဖတ်ရန်>>>

Sunday, May 2, 2010

ကိုးကွယ်ခြင်းနှင့်ဘာသာတရား(၃)။ (Religion And Buddhism)


အပိုင်း(၃)
ဗုဒ္ဓဘာသာ ရူထောင့် အရဆိုရင်တော့ လူသားတွေရဲ့ လိုအပ်ချက်ကို ဘယ်အရာတွေနဲ့ ဖြည့်မှ ပြည့်နိုင်မလဲ ဆိုရင် ဓမ္မနဲ့ဖြည့်မှ ပြည့်နိုင် ပါလိမ့်မယ် ။ ဥစ္စာပစ္စည်းတွေနဲ့ ဖြည့်နေလို.ကတော့ အလိုပြည့်နိုင်ကြမှာ မဟုတ်ပါဘူး။ လောဘရဲ့ လိုအပ်ချက်ဟာ ဘယ်တော့မှ ပြည့်စုံတယ် မရှိနိုင်ပါဘူး။ အလိုမပြည့် သမျှကို ဒုက္ခလို. ပြောကြပါတယ်။ အဲဒီ “လိုတယ်၊” ဆိုတဲ့ စိတ်ဓတ်ကို ထုတ်ပစ်လိုက်မှပဲ အားလုံး အလို ပြည့်သွားမှာပါ။ လိုတယ်၊ ဆိုတာဟာ သမုဒယ ၊ လိုသလောက် မရချင်းသည် ဒုက္ခ ထိုနှစ်ပါးသည် သစ္စာနှစ်ပါး ဖြစ်ပေသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာ အစ သစ္စာက ၊ အမှန်ကို နားလည်ခြင်းပင် ဖြစ်ပေသည်၊ အမှန်ကို တကယ် သိမှ ပညာတတ် ဟု ခေါ်ပါတယ်။ အရာရာ အကြောင်း အကျိုး၊ အကောင်း အဆိုး မှန်သမျှကို ခွဲခြားဝေဖန် စီစစ်တဲ့ဥဏ် ရှိသူမှသာလျှင် ပညာတတ်လို. ခေါ်ဆိုနိုင်ပါတယ်။

မြတ်ဗုဒ္ဓ၏ ၀ါဒဟာ ၀ိဘဇ္ဇဝါဒ ဖြစ်ပါတယ်။ ဗုဒ္ဓ၏ ၀ါဒသည် ဝေဖန်ခွင့် ရှိပါတယ်။ စီစစ်ခွင့် ရှိပါတယ်။ ကိုးကွယ်မိပြီဆိုရင် အဲဒီ ကိုးကွယ်ခံတဲ့ ဘုရားကို ဖြစ်စေ၊ ရဟန်း ကိုပဲ ဖြစ်စေ ဘာမှ ဝေဖန်ခွင့် မရှိဘူးဆိုတဲ့ ဘာသာ တရားမျိုး မဟုတ်ပါဘူး။ အလွန်တစ်ရာ လွတ်လပ်ပါတယ်။
ထို.ကြောင့် နမော ဝိဘဇ္ဇ ဝါဒိနော အနန္တ ဇိနဿ။

အနန္တ ဇိနဿ ဆို သည့် စကားမှာ မြတ်ဗုဒ္ဓ ကိုယ်တိုင်က ကြွေးကြော် ခဲ့သော စကားကို သုံးထားခြင်းဖြစ်ပါတယ်။ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဘုရား အဖြစ်သို့ ရောက်တော်မူပြီးတဲ့အခါ အသင်္ချေ ပလ္လင်ဗွေ ကနေပြီး ဗောဓိပင် တစ်ပတ်လည်တွင် လေးဆယ့်ကိုးရက် သတင်းသုံးတော်မူ နေခဲ့ပြီးနောက်၊ ဗာရာဏသီ ဘက်ကို တစ်ပါးတည်း ခရီးရှည် ထွက်တော်မူခဲ့ပါတယ်။ ဘာအလို့ငှာ လဲဆိုရင် သစ္စာတရားတွေ ပြဘို.ရာ အတွက် ဖြစ်ပါတယ်။ အဲဒီလို ခရီးထွက်တဲ့ အခါမှာ ဗာရဏသီနဲ့ ဗုဒ္ဓဂါယာ ကြားက ဂယာသီသ လို.ခေါ်တဲ့ ဂယာတောအုပ်ကြီး ထဲမှာ အ၀တ်လုံးလုံး မ၀တ်တဲ့ တိတ္ထိ တက္ကတွန်းကြီး ဥပကနဲ့ မြတ်ဗုဒ္ဓတို့ တွေ.ဆုံ ခဲ့ကြပါတယ် ။
တက္ကတွန်းဆိုတာ အ၀တ်မ၀တ်ဘဲ၊ ရေမချိုးဘဲ တရားရှာ ၊ တရားကျင့်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ဥပက ဆိုသူကတော့ နိဂဏ္ဌဂိုဏ်းက နာဋပုတ္တ ဆရာကြီးရဲ့ တပည့် ပါ ။

ထိုခေတ်က ဟိရိ ၊ သြတ္တပ္ပဆိုတဲ့ ရှက်ခြင်း ကြောက်ခြင်းတွေ ထိန်းသိမ်းတဲ့ လောကကြီးက ကြည့်လိုက် လျှင် အ၀တ်လုံးလုံး
မ၀တ်တဲ့ ပုဂ္ဂိုလ်တွေ ကို ကျက်သရေ မရှိတဲ့ ပုဂ္ဂိုလ်တွေလို. ဒီလို ဆိုကြပါတယ်။ ဒါပေမဲ့ သူတို.က သူတို့ အယူနဲ့သူတို. ဘာပြောလဲ ဆိုတော့ အ၀တ်မ၀တ် တာကမှ ကျက်သရေ ရှိတယ်တဲ့။ အ၀တ်ကလေး တစ်ထည်ကို သံယောဇဉ် တွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ် ကိလေသာ တွေကို ဘယ်လို အောင်မြင် မလဲပေါ့လေ။ သူတို့လည်း သူတို. အကြောင်းနဲ. သူတို့ လာတာ။ ဒါကြောင့် အ၀တ်အထည်ကို တွယ်တာ မနေနဲ့တော. အကုန်စွန်. ဆိုပြီးတော့ သားစွန်.၊ မယားစွန်.၊ ဇနီးစွန်.၊ ထီးစွန်.၊ နန်းစွန်. ၊ အိုးစွန်. ၊ အိမ်စွန်. ၊ ဒီလောက်စွန်. ယုံနဲ. အားမရသေးနိုင်ပဲ ၊ သံယောဇဉ် အကြွင်းမဲ့ ဖြတ်တယ်ဆိုပြီး အ၀တ်ပါ အကုန် စွန်. ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓ မပွင့်ပေါ်မှီ ၊ ခေတ်မှာ ရှိခဲ့ကြပါတယ်။ သူတို.ကပြောတယ်၊ သူတို.ကိုယ်သူတို. အောင်မြင် သူတွေတဲ့။ ဘာအောင်တာ လဲဆိုတော့ ကိလေသာကို အောင်တာတဲ့။ အ၀တ်ကလေးမှာ စွဲနေတဲ့ အစွဲဆိုတဲ့ သံယောဇဉ် ကိလေသာ အောင်ပြီးတဲ့ အတွက်ကြောင့် သူတို.က သူတို့ကိုယ်သူတို့ အောင်မြင်သူ တွေလို့ ပြောပါတယ်။ အောင်မြင်သူ ဆိုတဲ့ စကားဟာ ဇိနပါပဲ။ အဲဒီ ဇိန ကို အိန္ဒိယက အသံ ထွက်တော့ ဂျိနလို. အသံထွက်ပါတယ်။ အဲဒီ ဂျိန ကနေ နောက်တော့ ဂျိန်း ဖြစ်လာခဲ့ပါတယ်။ ဂျိန်းဆိုတဲ့ စကားလုံး ဟာဇိန ၊ ဂျိန ကနေ နောက်ပိုင်းမှာ ဂျိန်းဖြစ်လာပါတယ် ။ မြန်မလို ဘာသာပြန်လျှင် အောင်မြင်တဲ့ လူတွေကို ဂျိန်းလို့ခေါ်တယ် ။ ဘာ အောင်မြင်လဲ ဆိုတော့ ကာမဂုဏ် ကို အောင်မြင်တဲ့ လူတွေလို့ ခေါ်ပါတယ်။ မြတ်စွာဘုရားထက် နှစ်သုံးဆယ် လောက်စော ပြီး ပေါ်ပေါက်ခဲ့ ပါတယ်။ ဂျိန်း ဂိုဏ်းကို ဦးဆောင်သူ ကတော့ ဝေသာလီသား နိဂဏ္ဌဂိုဏ်းက နာဋပုတ္တ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်ဟာ ဇနီး မယား သား သမီးတွေနဲ့ နေ နေတုံး စဉ်းစားခဲ့ပါတယ်။ ကမ္ဘာလောကကြီး တစ်ခုလုံး သောက ပရိဒေ၀နဲ. ဒုက္ခတွေ များလိုက်တာ။ ဒီဒုက္ခ တွေရဲ့ အကြောင်းရင်းက ဘာတွေ ဘာလိမ့်လို.။ အဲဒီ ဂျိန်းဝါဒဟာ ဗုဒ္ဓ၀ါဒနဲ့ ထပ်တူကျလို. ကောင်းတာတွေ အများကြီး ရှိတာ ကိုလည်း တွေ.ရပါတယ်။ ဒုက္ခ တွေရဲ့အကြောင်းဟာ ဘာလဲဆိုပြီး သူ ဖော်ထုတ်တာက သံယောဇဉ်ပါပဲ။ ဒါကြောင့် ဇနီမယား၊ သမီး သား သံယောဇဉ် တွေကိုဖြတ်ပြီး စွန်.ပစ် ခဲ့တယ်။ စီးပွား ဥစ္စာတွေ အကုန် လုံးစွန်.ပစ်ခဲ့တယ်။ ပိတ်ဖြူလေးဝတ်၊ ခေါင်းရိတ်ပြီးတော့ တောထွက် ခဲ့ပါတယ်။ နောက်ဆုံးတော့ တောထဲမှာ တရား နှလုံးကျင့် သုံးလို့နေပါတယ်။ အာနာပါန ပဲ ကျင့်တာပါပဲ။ အာနာပါန ကျင့်တော့ သမာဓိ တော်တော် လေးကောင်း လာပါတယ်။ စိတ်တွေကြည်၊ သမာဓိက ကောင်းနေတော့ နှာခေါင်းထဲကလေက အပြင်ထွက် သွားသောအခါ လေကပုံသဏန် ပေါ်ပြီးတော့ ထွက်သွားတယ်။ ထိုအရာကို လိုက်ကြည့်ရင်းနဲ့ လေထဲမှာ ပိုး ကောင်လေး တွေ တွေ.တယ်။ရူသွင်းလိုက်တဲ့အခါ လေထဲက ပိုးကောင်လေးတွေက အထဲ ၀င်သွားတယ်။ ရူထုတ်လိုက်တော့ ၀မ်းထဲ က ပိုးတွေက အပြင်ထွက် သွားတယ်။ အပြင်ပိုးက ၀မ်းထဲရောက်တော့ ပတ်ဝန်းကျင် မတူတော့ အထဲ ရောက်တော့သေတယ်။ အထဲကပိုး အပြင်ရောက်တော့ သေတယ်။ ထို.ကြောင့် သူစဉ်းစားတယ်။ ထွက်လေ ၊ ၀င်လေဆိုတဲ့ ကမ္မဋ္ဌာန်းက အကုသိုလ် အားကြီးတဲ့ ကမ္မဋ္ဌာန်း ၊ပိုးကောင်တွေကို သေစေတယ်။


ဒါကြောင့် ထွက်တဲ့လေလည်း မထွက်ရအောင် ၊ ၀င်တဲ့လေလည်း မ၀င်ရအောင် ဆိုပြီး ထွက်လေ ၀င်လေ ရပ်အောင် ကျင့်ရမယ် ဆိုပြီး ဖြစ်ပြန်တယ်။ ဒါပေမဲ့ ထွက်လေ၊ ၀င်လေကို ရပ်အောင် မလုပ်နိင်တော့ အပြင်ဘက်က ပိုးနဲ့ အတွင်းထဲကပိုး ၀င်ခွင့် ထွက်ခွင့် မရအောင် နှာခေါင်းအ၀တ် နဲ့ စည်းထား ပြန်တယ်။ ပိုးကောင်လေးတွေ သေတဲ့ဆိုတဲ့ ကိစ္စမှာ စေတနာနဲ့ သတ်မသတ် ဆိုတဲ့ ကိစ္စကို သူသည် ထည့်မစဉ်း စားခဲ့ခြင်းကြေင့် ထိုအတွေးသည် အစွန်းရောက် သွားစေခဲ့ပါသည်။

ထိုနောက် တရားကျင့် သောအခါတော့ ပိတ်ဖြူလေးဝတ်ပြီး ကျင့်သောကြောင့် ဖြူတဲ့အ၀တ်က ညစ်နွမ်း သွားတယ်ဆို ညစ်မှန်း သိပ်သိသာတယ်။ ထို.ကြောင့် လျော်ရ ပြန်ပါတယ်။လျော်ပြီးတော့ ပြန်ဝတ်နဲ့၊ လျော်ရင်း၊ လျော်ရင်းနဲ့ စဉ်းစားပြန်တယ်၊ လျော်ရတဲ့ ဒုက္ခ ဘာကြောင့်လဲဆို အဖြူရောင်ကို သံယောဇဉ် ဖြစ်လို. အဲဒီ အဖြူ လေးကို သံယောဇဉ် ဖြစ်တော့၊ အ၀တ်ဝတ်ရတာ ၊ဘာကြောင့်
ဒီအ၀တ် တွေ ဒီလောက် ၀တ်ကြသလဲ စဉ်းစားပြန်တယ်။ ပူတာမခံနိုင်ဘူး၊ အေးတာမခံနိုင်ဘူး၊ အ၀တ်နဲ့ ဖုံးထားတယ်။ မက်ကိုက်၊ ခြင်ကိုက်၊ ယင်ကိုက်၊ နေပူ၊ လေတိုက်၊ မခံနိုင်တာကြောင့် အ၀တ်နဲ့ ဖုံးထားတယ်။ ခန္ဓာကိုယ်ကို ၊မက်၊ခြင်၊ ယင်၊ လေ၊ နေထိတာ မခံနိုင်ဘူး ဆိုတာ ခန္ဓာကိုယ်ကို သံယောဇဉ် ဖြစ်လို.၊ ထိုသံယောဇဉ်ကို ဖြတ်တော့မယ် ဆိုပြီး အ၀တ်စ ချွတ်တော့တာပါပဲ။ ဟိရိ ၊ သြတ္တပ တရားဆိုတာ ကိုထည်.သွင်း မစဉ်းစားခဲ့ပါဘူး ။

နောက်တော့ ကိလေသာ ရာဂစိတ် မပေါ်ရန် အတွက် ခန္ဓာကိုယ်ကို ဆူးထဲမှာ အိပ်ပြီးနှိပ်စက်၊ တဆောင်းတွင်းလုံး ရေစိမ်ပြီးတော့ နှိပ်စက်၊ တနွေလုံးလုံး မီးလှုံပြီး နှိပ်စက် ပြန်ပါတယ်။ဒီခန္ဓာကိုယ်ကို နှိပ်စက်လွန်း အားကြီးတော့ ရာဂ တဏှာလေဘ မပေါ်နိုင်ဘူး၊ ငုတ်သွားတယ်၊ နှိပ်စက်ပါများရင် ပင်ပန်းလွန်း အားကြီးရင် ကိလေသာ စိတ်က ငုတ်သွားတယ်။ ထိုအရာကို ကိလေသာ ကာမဂုဏ်ကို အောင်ပြီ ဆိုပြီးတော့၊ ဇိန အမည်ခံတဲ့ ဂျိန်းဂိုဏ်း ဖြစ်လာပါတယ်။

ထိုပုဂ္ဂိုလ်ကြီး အဲဒီ ဂျိန အမည်ခံတဲ့ ပုဂ္ဂိုလ်ကြီး ဟောတဲ့ တရားတွေဟာ ဂျိန်းဘာသာ (Jainism) ဖြစ်လာပါတယ်။ အဲဒီ ဂျိန်းဆိုတဲ့ ဆရာကြီး ဂိုဏ်းထဲမှာ ၀င်နေတဲ့ ဥပက ဆရာကြီးနဲ့ ကျက်သရေရှိရှိ သင်္ကန်းကို သပ္ပယ်စွာ ၀တ်ရုံထားသော မြတ်ဗုဒ္ဓနှင့် လမ်းမှာ ဆုံကြပါတယ်။ ထိုအခါ ဥပက၊က မြတ်ဗုဒ္ဓ ကိုတွေ.လျှင်တွေ.ချင်း၊ မေးတဲ့ မေးခွန်းတွေ များစွာထဲက အကျဉ်းလေး ရေးသားလိုက်ပါတယ်။
အိုအရှင် ၊ အရှင်မျက်နှာ ကြည့်ရတာ က္ကနြေ္ဒ က နှစ်လိုကြည်ညိုဖွယ် ရှိလိုက်တာ၊ အရည်အဆင်းကလည်း ရွှေလိုဝင်းပြီး တော့ နေတယ်။ ဘယ်သူ.ကို ဆရာတင် ပြီးတော့ ရဟန်းပြု ခဲ့ပါသလဲ၊ အသင့်ဆရာ ဘယ်သူများပါလဲ။? ထိုအခါ မြတ်ဗုဒ္ဓက ဇိတာ မေ ပါပကော ဓမ္မာ ၊ အလုံးစုံသော အကုသိုလ်တရားကို ပယ်ရှား စွန့်ခွာ၍ ယုတ်မာသော အကုသိုလ် ကိလေသာ တရားအားလုံးကို အောင်နိုင်ပြီး ဖြစ်လို့ ငါ သည် ဇိန ဖြစ်တယ် လို့ ဥပကအား မိန့်ကြားပါတယ်။

အလုံးစုံသော အကုသိုလ်တရား တို.ကို အကြွင်းမရှိ အကုန်လုံး အောင်မြင်ပြီးခဲ့ တဲ့ အတွက်ကြောင့် မြတ်ဗုဒ္ဓသည် အနန္တ္ဒဇိန မည်ပါတယ်။

ထို.ကြောင့် အတွေးဆိုတဲ့ နေရာမှာ အကြောင်းနဲ့ ယုတ္တိနဲ့ စနစ်တကျ တွေးတတ်ဖို. သိပ်လိုပါတယ်။ ယုတ္တိရှိ ရှိနဲ့ တွေးနိုင်မှ တွေးရင်း တွေးရင်းနဲ့ ယုတ္တိ ကင်းမဲ့သွားရင် ထိုပုဂ္ဂိုလ်သည် ရူးသွပ်စရာ၊ အစွန်းရောက် စရာအကြောင်းတွေ ဖြစ်လာ တတ်ပါတယ်။ ထို.ကြောင့် ဝိဘဇ္ဇ ဝါဒိနော အရာရာ အကြောင်းအကျိုး၊ အကောင်း အဆိုး မှန်သမျှကို ခွဲခြား ဝေဖန်လေ. ရှိပေသော အနန္တ ဇိနဿ- ယုတ်မာတဲ့ တရားတွေ အကုန်လုံးကို အကြွင်း မရှိ အောင်မြင်တော်မူ ပြီးသော မြတ်ဗုဒ္ဓ အား နမော ကာယ၊ ၀စီ၊ မနော ချီလျက် လက်ဆုံမိုး၍ ရှိခိုးရခြင်းသည် ကောင်းစွာ မသွေ ဖြစ်ပါ စေတော့ သတည်း။
လူတိုင်း၊လူတိုင်း၊ကိုးကွယ်တဲ့ ဘာသာတရား ကိုတော့ ဘယ်ဘာသာ ကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင် ပါတယ်။
ရေးသားပြုစုသူ - မေစိုး(Shwe Mandalay)
ကျန်းကိုး -ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်



ဆက်ဖတ်ရန်>>>